မြေလှပ်ခြင်းဖြင့် မြေရဲ့အခြေအနေကို ပြောင်းလဲကောင်းမွန်စေတဲ့အချက်များ
အပိုင်း (၂)
ဒါဆိုရင် မြေလှပ်ထားခြင်းဖြင့် မြေရဲ့ အခြေအနေတွေ ဘယ်လိုပြောင်းလဲနိုင်လဲ 🌳🌳
၁. Soil organic Matter (မြေဆွေးဓာတ်)
မြေဆွေးဓာတ်ကတော့ မြေရဲ့အရည်အသွေးကို တိုင်းတာရာမှာ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ သူက မြေတွင်း အဏုဇီဝ (microbe) တွေရဲ့ လုပ်ဆောင်မှု၊ အာဟာရဓာတ်ရရှိမှုနဲ့ မြေသားဖွဲ့စည်းမှုတို့အပေါ်မှာ အများဆုံးမူတည်နေတာပဲဖြစ်ပါတယ်။
မြေလှပ်ထားခြင်းဖြင့် သီးနှံအကြွင်းအကျန်ထုတ်လုပ်နိုင်မှုလျော့ကျခြင်းနဲ့ ပေါင်းမြက်ရှင်းရန် ထယ်ထိုးခြင်းများကြောင့် မြေဆွေးဓာတ်ကို အနည်းငယ်လျော့ကျစေပါတယ်။ ထယ်ထိုးခြင်းဖြင့် မြေဆွေးဓာတ် ၃၇% လျော့ကျစေတာကိုတွေ့ရပါတယ်။
တစ်ရာသီစိုက်ပြီး နောက်ရာသီ မြေလှပ်ထားခြင်းကတော့ သီးနှံအကြွင်းအကျန် ပိုဆွေးမြေ့စေတာဖြစ်လို့ မြေဆွေးဓာတ်လျော့ကျမှုကို လျော့ချပေးပါတယ်။ ဒါ့အပြင် မြေအနက် ၁-၅ စင်တီမီတာ အတွင်း ကာဗွန်နဲ့ နိုက်ထရိုဂျင်ကို တိုးစေပါတယ်။ ထယ်လုံးဝမထိုးခြင်းဖြင့် အပေါ်ယံမြေအနက် တစ်လက်မအတွင်း ကာဗွန် ၉ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင်ဓာတ် ၁၉ ရာခိုင်နှုန်း တိုးလာစေတယ်လို့ပြောပါတယ်။
၂. မြေသားဖွဲ့စည်းတည်ဆောက်မှု
မြေသားရဲ့ လေရှူပေါက်လေးတွေတိုးစေပြီး မြေရဲ့ရေထိန်နိုင်စွမ်းနဲ့ မြေမှုန့်လေးတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုအားကောင်းပြီး မြေဆီလွှာတိုက်စားမှုကို လျော့ကျစေပါတယ်။ ဒါပေမဲ့ ထယ်ထိုးပြီး မြေလှပ်ထားမယ်ဆိုရင်တော့ ပေါင်းမြက်များရဲ့ အမြစ်ကြီးထွားမှု နဲ့ ဖွံဖြိုးမှုကို ဟန့်တားပေးနိုင်ပေမဲ့ မြေဆီလွှာတိုက်စားမှုကို ပိုဖြစ်ပွားစေမှာပဲဖြစ်ပါတယ်။
၃. မြေရဲ့ ရေထိန်းနိုင်စွမ်းအား
သီးနှံအကြွင်းအကျန်များ မြေပေါ်ဖုံးပြီး မြေလှပ်ထားခြင်းဖြင့် မြေရဲ့အာဟာရဓာတ်များ ရေနဲ့အတူ ပါသွားခြင်း၊ ရေငွေ့ပျံနိုင်ခြင်းတို့ကို လျော့ကျစေပြီး မြေရဲ့ ရေထိန်းနိုင်စွမ်းအားကို တိုးစေပါတယ်။ သို့ပေမဲ့ ထယ်ထိုးပြီး မြေလှပ်ထားခြင်းက ထယ်မထိုးတာထက် မြေဆီလွှာတိုက်စားမှု ၂၂-၃၅% ထိရှိတယ်လို့ အထောက်အထားတစ်ချို့အရ သိရှိရရန်ပြန်ပါတယ်။
၄. အာဟာရဓာတ်ရရှိမှု
မြေလှပ်ထားခြင်းဟာ အော်ဂဲနစ် နိုက်ထရိုဂျင်ဓာတ်မှ နိုက်ထရိုတ် (nitrate) (အပင်က စုပ်ယူသော နိုက်ထရိုဂျင်ပုံစံ)သို့ ပြောင်းလဲနိုင်မှုကို တိုးစေပေမဲ့ အမြဲတမ်း လုံလောက်အောင် အစာထည့်ထားမှသာဖြစ်ပါတယ်။ ထယ်မထိုးပဲမြေလှပ်ထားပါက နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖော့ရပ်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ကို ပိုပြီး ရလွယ်စေပါတယ်။ နောက်ထပ် ဖော့စဖောရပ်ရရှိမှုကို ၆၀ရာခိုင်နှုန်းထိ တိုးစေတဲ့အပြင် ဇင့်ဓာတ်၊ မဂ္ဂနီးဓာတ်၊ အိုင်းရင်း ဓာတ်တို့ကိုပါ ညီမျှစေပါတယ်။ ထယ်ထိုးမယ်ဆိုရင်တော့ နိုက်ထရိုဂျင်ဓာတ်များ ရေနဲ့အတူပါသွားနိုင်ပြီး အာဟာရဓာတ်ဆုံးရှုံးမှုကို ပိူဖြစ်စေပါလိမ့်မယ်။
၅. မြေတွင်းရှိ အဏုဇီဝသက်ရှိများအပေါ် သက်ရောက်မှု
သီးနှံအကြွင်းအကျန်မဖုံးထားပဲ မြေလှပ်ထားတာက ဘာကြောင့် မြေဆွေးဓာတ်လျော့စေလဲဆိုရင် မြေထဲရှိသက်ရှိလေးများဟာ ၎င်းတို့မှရတဲ့ အာဟာဓာတ်များကို စားသုံးလိုက်ပြီး သူတို့ရဲ့ အကျိုးရှိတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။
ထိုကာလအတွင်း ထယ်မထိုးပါက မြေရဲ့အဏုဇီဝသက်ရှိများပွားများလာပြီး mycorrhiza မှိုများ၊ denitrifying ဘက်တီရီးယားများပါ တိုးလာတဲ့အတွက် သီးနှံစိုက်တဲ့အချိန်ရောက်ပါက အာဟာရဓာတ် များကို ပိုတိုးရရှိစေတဲ့အပြင် မြေရဲ့ဖွဲ့စည်းတည်ဆောက်မှုတိုးစေပြီး နိုက်ထရိုဂျင်အငွေ့အဖြစ်ပြောင်းလဲဆုံးရှုံးမှုကို လျော့ကျစေပါတယ်။
ထိုသို့မဟုတ်ပဲ ထယ်ထိုးပါက မြေပေါ်အကာအကွယ်မဲ့ခြင်းကြောင့် အဏုဇီဝသက်ရှိများကို အလွယ်တကူသေစေနိုင်ပါတယ်။
၆. မြေဆီလွှာတိုက်စားခြင်း လျော့ချပေးနိုင်တာကတော့ သူရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မြေလှပ်တဲ့အလေ့အကျင့်ကို နေရာတိုင်းမှာပြုလုပ်သင့်ပါတယ်။ ကိုယ်က မြေကို ရာသီအလိုက် အလွတ်မထားနိုင်လျှင်တောင်မှ သီးနှံကို ဘောင်များနဲ့ စိုက်တဲ့အခါ လမ်းနေရာတစ်လှည့် စိုက်၊ ဘောင်နေရာတစ်လှည့်စိုက်ခြင်းများ ပြုလုပ်၍ မြေလှပ်နိုင်ပါသေးတယ်။ မလိုအပ်ပဲ ထယ်ထိုးထွှန်မွှေခြင်းများ မပြုလုပ်ဖို့လဲ တိုက်တွန်းလိုက်ပါရစေ။
Reference --
Fallow effects on Soil (2011) Journal
University of Nebraska - Lincoln
Authors - Dacid C.Nielsen & Francisco J. Calderón
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြေလှပ်ခြင်းရဲ့အကြောင်းတရား အပိုင်း(၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်
သီးနှံတစ်ရာသီနှင့် တစ်ရာသီကြား မြေလှပ်ပေးရတဲ့အကြောင်းတရားများ
မောင်သက်ဇင်ဖြိုး
1 year agoဆိုးကျိုးများ
ဦးဇော်ထွေး
4 years agoကောက်ရိုးပြတ်နဲ.နွေထည်ရေးထွန်ပြီးမိုးကြမှပြန်စိုက်ရင်ကော
yan naing win
4 years agoဆားပေါက်တဲ့ မြေကြီး ဘယ်လိုပြုပြင်ရမလဲဗျ
U Than Htet Oo
4 years agoThanks
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မြတ်စုဝေ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....