facebook ကိုလုံခြုံအကျိုးရှိစွာ အသုံးပြုခြင်းနည်းလမ်းများ (၂)
မင်္ဂလာပါ
အရင်အပတ်မှာ စာဖတ်သူများကို Facebook မှာ Profile Lock လုပ်ပုံအဆင့်ဆင့်ကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဆိုတော့ ဒီတစ်ပတ်မှာ Facebook ကို လုံခြုံအောင် အသုံးပြုလို့ရမယ့် Settings များကိုဆက်လက်ဖော်ပြပေးသွားပါမယ်။
Facebook ကဲ့သို့ လူမှုမီဒီယာများကိုအသုံးပြုတဲ့အခါမှာ ကိုယ်ပိုင်အကောင့်တစ်ခုလိုအပ်ပါတယ်။ အကောင့်ကိုဖန်တီးပြီး ဝင်ရောက်အသုံးပြုတဲ့အခါမှာ အသုံးပြုသူရဲ့ အကောင့်ကို တခြားသူများ ဝင်ရောက်အသုံးမပြုနိုင်အောင် လုံခြုံရေးလျို့ဝှက်နံပါတ်( Password) အမြဲထားရရှိရပါတယ်။
အသုံးပြုသူက ၎င်းရဲ့ လူမှုမီဒီယာအကောင့်ကို တခြားသူများ ဝင်ရောက်အသုံးပြုနေတယ်လို့ သံသယရှိပါက လုံခြုံရေးလျို့ဝှက်နံပါတ်ကို ချက်ခြင်းပြောင်းရန်လိုအပ်ပါတယ်။
Facebook တွင်လျို့ဝှက်နံပါတ်ပြောင်းပုံအဆင့်ဆင့်ကို ပုံတွင်တကွအောက်တွင်ဖော်ပြထားပါတယ်။
ပုံ (၁) တွင်ပြထားသည့်အတိုင်း Settings & privacy အောက်တွင်ရှိသော Settings ကိုနှိပ်ပါ။

ပုံ (၂) တွင်ပြထားသည့်အတိုင်း Password and security ကိုနှိပ်ပါ။ Meta accounts center ထဲသို့ဝင်သွားပါလိမ့်မည်။ ထို့နောက် Password and security ကိုထပ်နှိပ်ပါ။

ပုံ (၃) တွင်ပြထားသည့်အတိုင်းရောက်ရှိသွားပါမည်။

ပုံ (၄) တွင်မြင်ရသည့်အတိုင်း လက်ရှိအသုံးပြုနေသာ password နှင့် ပြောင်းလို့သော password ကိုထည့်၍ Facebookအကောင့် ၏လျို့ဝှက်နံပါတ်ကို ပြောင်းလဲနိုင်သည်။

Facebook ရဲ့လျို့ဝှက်နံပါတ်ပြောင်းလဲပုံအဆင့်ဆင့်ကို သိသွားပြီဆိုရင်တော့ လျို့ဝှက်နံပါတ်ကို ဘယ်လိုထားသင့်လဲဆိုတာထပ်မံပြောပြပေးသွားပါမယ်။
လျို့ဝှက်နံပါတ်ဆိုတာ တခြားသူများမသိအောင်၊ မခန့်မှန်းနိုင်အောင် ထားရမယ့်အရာဖြစ်ပါတယ်။
တခြားသူတွေက မိမိရဲ့ လျို့ဝှက်နံပါတ်ကိုအလွယ်တကူ ခန့်မှန်းနိုင်နေမယ်ဆိုရင် လုံခြုံမှုရှိတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် လုံခြုံခိုင်မာတဲ့လျိုဝှက်နံပါတ်ကိုထားမယ်ဆိုရင်
- ကိုယ်ရေးကိုယ်တာအချက်အလက်များမပါဝင်ရ။
(ဥပမာ - မိမိနာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ လိုင်စင်နံပါတ် စသည်ဖြင့်)
- ကိုယ့်မိသားစုဝင်၊ မိတ်ဆွေ၊ ချစ်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပါဝင်ရ ။
- ကိုယ်ရဲရှေ့ လူသိများတဲ့ အမှတ်တရနေ့ရက်များ၊ နေ့စွဲများမပါဝင်ရ။
(ဥပမာ - ချစ်သူဖြစ်နေ့တဲ့၊ မင်္ဂလာဆောင်တဲ့နေ့)
- အစဉ်လိုက်အက္ခရာ များ ၊ ဂဏန်းများ မပါဝင်ရ ။
(1,2,3,4,5,6,7 , a,b,c,d,e,f,g, z,y,x,w,v)
- လျိုဝှက်နံပါတ်ပေးတဲ့အခါ နာမည်တွေဂဏန်းတွေညှပ်ပေးရင်ပိုကောင်းပါတယ်။ အထူးသဖြင့် Special Characters များထည့်ရင်ပိုကောင်းပါတယ်။
(ဥပမာ - !@#$%^&*()_+)
လျို့ဝှက်နံပါတ်ဘာတွေထားရမယ်ဆိုတာ သိသွားပြီဆိုတော့ စာဖတ်သူများနောက်ဆို Facebook မှာဘဲဖြစ်ဖြစ်၊ တခြားသော နေရာတွေမှာ လျို့ဝှက်နံပါတ်ထားမယ်ဆိုရင် အပေါ်ကအချက်လေးတွေကို မေ့မထားဖို့ မှာချင်ပါတယ်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung aung
လွန်ခဲ့သော ၃ နှစ် ကထိုင်းနှံကောက် စပါးမျိုးက gw11 န့ဲတူပါသလား gw11 လိုမိုးရာသီမှာ အပင်တန်း လန်းနဲ့ အစို့အေညှာင့်ထွက်ပါ သလားဗျာ
ဆက်စပ်မေးခွန်းများ
ပုဇွန်ကိုဘာနဲ့ချက်စားရင်ကောင်းလဲ. မဆလာနဲ့ကောင်းလားကြက်ဥနဲ့ကောင်းလား။
Thein Soe Min • ဖြေကြားချက် 4 ခု
ဒီနွားဘယ်မှာသွားပြီးဘာတွေစားခဲ့လဲဆိုတာဘယ်လိုပြန်ကြည့်လို့ရမလဲ။
Thein Soe Min • ဖြေကြားချက် 1 ခု
မလျှော်ဘဲနဲ့ဖြူတာရောမရှိဘူးလား။
Thein Soe Min • ဖြေကြားချက် 0 ခု
မျိုးေစ့ကုမ္ပဏီများထိုင်းနှံေကာက်မျိုးတတင်းဒါမှမဟုတ်သတင်းကွဲစျေးနှုန်းသည်လိုပါတယ်။
Thein Soe Min • ဖြေကြားချက် 0 ခု
ငါတွေကိုရေပြင်ထုတ်လိုက်လို့ရှိရင်အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်လဲ
Thein Soe Min • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from Okkar
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....