အွန်လိုင်းပေါ်မှ နည်းမျိုးစုံလိမ်လည်မှုများ (၂)
အွန်လိုင်းပေါ် တွင်အများဆုံးဖြစ်ပေါ်နေသော ငွေလိမ်လည်မှုများထဲမှ ချေးငွေလုပ်ငန်းအကြောင်းပြ လိမ်လည်မှုပုံစံအချို့ကို ယခင်အပတ်က ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအပိုင်းတွင်တော့ တခြားသော အွန်လိုင်းပေါ်မှလိမ်လည်မှုပုံစံများကို ထပ်မံဖော်ပြသွားပါမည်။
မြန်မာနိုင်ငံသည် တခြားသောလူမှုမီဒီယာ(Social media) များကို အသုံးနည်းပြီး Facebook ကိုသာ အသုံးအများဆုံးဖြစ်သောကြောင့် လိမ်လည်မှုများသည်လည်း တခြားသော လူမှုမီဒီယာများထက် Facebook တွင်သာ အဖြစ်များသည်။ ယနေ့ခေတ်အချိန်အခါတွင် Facebook သည် လူတဦးနှင့် တဦးဆက်သွယ်ရန်အတွက်သာမက စီးပွားရေးအတွက်ပါ အသုံးပြုနေကြသည်။ Covid - 19 ကာလအတွင်းတွင် အွန်လိုင်းပေါ်မှဈေးရောင်းခြင်းသည်လည်း အလွန်ခေတ်စားလာခဲ့သည်။
အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများမှစ၍ အိမ်၊ ခြံ၊ မြေ နှင့် စိန်၊ ရွှေ ရတနာများအထိ အွန်လိုင်းပေါ်မှ ရောင်းချကြသည်။ ပစ္စည်းများကို ပြ၍ တိုက်ရိုက်ထုတ်လွှင့်ရောင်းချခြင်း၊ ပစ္စည်းပုံများကို ဈေးနှင့်တွဲပြ၍ ရောင်းချခြင်းများသည် အလွန်ခေတ်စားသည်။ ထိုသို့ရောင်းချသည့် ဈေးဆိုင်များစွာရှိသည့်အနက် လူကြိုက်များသော၊ လူသိများထင်ရှားသော ဈေးဆိုင်များ၏ စာမျက်နှာ (Page) များကို လူများကြိုက်နှစ်သက်မှု အလွန်များသည်။
ထိုလူကြိုက်များသော ဈေးဆိုင်များ၏ Facebook စာမျက်နှာများကို လိမ်လည်ဖို့ကြိုးစားသူများသည် ပုံစံတူ စာမျက်နှာများပြုလုပ်ကြသည်။ ၎င်းတို့ပြုလုပ်ထားသော နာမည်ကြီးဈေးဆိုင်ပုံစံတူ Page များမှ တဆင့် ပစ္စည်းများရောင်းချဟန်ဆောင်ကာ ပိုက်ဆံများလိမ်လည်ရယူကြခြင်း၊ တခြားသော လိမ်လည်မှုများကို ပြုလုပ်ကြသည်။

အထက်ပါပုံတွင်ဖော်ပြထားသည်ကတော့ Facebook တွင် နာမည်ကြီးသော ရတနာအရောင်းဆိုင်၏ မူရင်း စာမျက်နှာဖြစ်သည်။

အောက်ပါပုံများတွင် ဖော်ပြထားသည်များကတော့ အဆိုပါနာမည်ကြီးရတနာဆိုင်၏ ပုံစံတူ စာမျက်နှာ များဖြစ်သည်။
ငွေကြေးလိမ်လည်သူများသည် မူရင်းစာမျက်နှာမှ ဓာတ်ပုံများ၊ ဗီဒီယိုများကို ၎င်းတို့၏ စာမျက်နှာအတု များတွင် ပြန်လည်ကူးယူ ဖော်ပြကြသည်။ ထို့နောက် ပစ္စည်းများကို ရောင်းချဟန်ဆောင်ကာ ငွေများကြိုတင်လွှဲခိုင်းခြင်း၊ ကိုယ်ရေးအချက်အလက်များကို တောင်းခြင်းများပြုလုပ်ကြခြင်းများ ဖြစ်သည်။
နောက်ထပ် ပုံစံတူလိမ်လည်မှုများကို ဆက်လက်လေ့လာကြည့်ကြပါစို့..။

အထက်ပါပုံတွင်ပြထားသည်မှာ မြန်မာနိုင်ငံတွင် အသေးစားစီးပွားရေးချေးငွေလုပ်ငန်း ၊ စိုက်ပျိုးရေး ချေးငွေ လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့၏ စာမျက်နှာဖြစ်သည်။
အောက်ပါများကတော့ အဆိုပါ နာမည်ရချေးငွေလုပ်ငန်းပုံစံတူ စာမျက်နှာအတုများဖြစ်ပါသည်။ ယင်းပုံစံများဖြင့် မသိနားမလည်သူများကို ချဉ်းကပ်လိမ်လည်ကြခြင်းဖြစ်သည်။


ထို့ပြင် ၎င်းတို့၏ စာမျက်နှာအတုများတွင် ၎င်းတို့လိမ်လည်တောင်းယူထားသည့် လိမ်လည်ခံရသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ အထူးသဖြင့် လူမှုမီဒီယာတွင် မျှဝေရန် မသင့်သော အချက်အလက်များကို ဖြန့်ဝေခြင်းများ ပြုလုပ်ကြပါတော့သည်။
အထက်တွင်ဖော်ပြခဲ့သော ဥပမာများသည် Facebook တွင်လိမ်လည်ရန်ကြိုးစားနေသော စာမျက်နှာ များစွာထဲမှ နှစ်ခုသာဖြစ်သည်။ ၎င်းပုံစံအတိုင်း နယ်ပယ်အသီးသီးရှိ နာမည်ကြီးသောဈေးဆိုင်များ၊ လူပုဂ္ဂိုလ်များ၏အယောင်ဆောင် စာမျက်နှာများစွာရှိနေပါသေးသည်။
ထို့ကြောင့် လူမှုမီဒီယာကို အသုံးပြုသူများအနေဖြင့် လိမ်လည်သူများ၏ ကျော့ကွင်းအတွင်းသို့ မဝင်ရောက်မိစေရန် အထူးသတိပြုရမည် ဖြစ်ပါသည်။
နောက်အပတ်များတွင်တော့ အဆိုပါလူမှုမီဒီယာများမှ လိမ်လည်မှုများကို ကာကွယ်နိုင်သည့်နည်းလမ်းများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Hein Myint Kyaw
3 years agoဒီလိုမျိုးကျွန်တော်တို့ပါတ်ဝန်းကျင်မှာလည်းဖြစ်တယ်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Okkar
See all