ကမ္ဘာ့နောက်ဆုံးနေ့အတွက် ရိက္ခာဂိုဒေါင်..
နော်ဝေနိုင်ငံနဲ့ မြောက်ဝင်ရိုးစွန်းရဲ့ကြား အာတိတ်စက်ဝိုင်းရဲ့အထက် ကျွန်းလေးတစ်ကျွန်းပေါ်က ရေခဲတောင် တစ်ခုရဲ့ ရင်ခွင်ထဲမှာ လူသားတွေအနာဂတ်အတွက် အသက်တမျှအရေးပါတဲ့ အရင်းအမြစ်တစ်ခုကို ပွေ့ပိုက် ထားပါတယ်။
အဲ့တာတွေက ကျောက်မီးသွေးလည်းမဟုတ်၊ လောင်စာဆီလည်းမဟုတ်သလို တန်ဖိုးကြီးတွင်းထွက်တွေလည်း မဟုတ်ပါဘူး။ ဘာလဲဆိုတော့ မျိုးစေ့တွေပါ။ ဟုတ်ပါတယ်... မျိုးစေ့တွေပါ။
နော်ဝေနိုင်ငံ Svalbard ကျွန်းစုတွေထဲက အကြီးဆုံးကျွန်းဖြစ်တဲ့ Spitsbergen ကျွန်းပေါ်က ဒီ Global Seed Vault လို့ခေါ်တဲ့ မျိုးစေ့ဘဏ်ထဲမှာ သီးနှံမျိုးစေ့မျိုးကွဲပေါင်း 930,000 ကျော်ရဲ့ အစေ့အမှုန်အမွှားလေးတွေ သန်းပေါင်းများစွာ သိမ်းထားတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ စိုက်ပျိုးရေးဇီဝမျိုးစုံမျိုးကွဲတွေကို စုစည်းပေးထားရာ အလွန့်အလွန်အရေးပါတဲ့ ကမ္ဘာ့အကြီးဆုံး လုံခြုံရေးသေတ္တာကြီးလို့ ခေါ်မယ်ဆိုရင်လည်း မမှားပါဘူး။
“သီးနှံမျိုးစေ့မျိုးကွဲပေါင်း 930,000 ကျော်ကစပြီး အညိုရောင်ရှိတဲ့ အမှုန်အမွှားမျိုးစေ့တွေ သန်းချီပြီး ဒီအထဲမှာရှိတယ်။ ဒါဟာလူသား တွေအနာဂတ်မှာ အစားအစာဖူလုံဖို့အတွက် ကမ္ဘာ့အကြီးဆုံး သီးနှံ မျိုးစေ့မျိုးကွဲတွေကို သိမ်းထားတဲ့ ဘေးကင်းလုံခြုံတဲ့ သေတ္တာတစ်ခုပဲ ဖြစ်ပါတယ်။
“ ဒီအဆောက်အအုံရဲ့ အတွင်းပိုင်းဟာ နှစ်ပေါင်း ၁၃၀၀၀ ရှိတဲ့ စိုက်ပျိုးရေးသမိုင်းကြီးပဲ ဖြစ်တယ်” လို့ Svalbard Global Seed Vault မျိုးစေ့ဘဏ်ကို စီမံရတဲ့ Crop Trust ရဲ့ ဦးဆောင်မိတ်ဖက် ညှိနှိုင်းရေးမှူးတစ်ဦး ဖြစ်သူ Brian Lainoff က ဘဏ်အဆောက်အအုံရဲ့ ကြီးမားတဲ့ စတီးတံခါးတွေကို ဆွဲဖွင့်ရင်း ပြောပြပါတယ်။
ဒီနေရာဟာ ကမ္ဘာ့အကြီးဆုံးနဲ့ လုံခြုံစိတ်ချရမှုအရှိဆုံး မျိုးစေ့သိုလှောင်ရုံဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ နော်ဝေ အစိုးရက ဖွင့်လှစ်ခဲ့တာပါ။
မျိုးစေ့ဘဏ်ဆိုတာကတော့ မျိုးစေ့တွေ ထိန်းသိမ်းသိုလှောင်ထားတဲ့နေရာပါ။ မျိုးဗီဇ (Gene) ဘဏ်လို့လည်း ခေါ်ကြသေးတဲ့ ဒီမျိုးစေ့ဘဏ်တွေဟာ နိုင်ငံရဲ့ဒေသတွင်းမျိုးတွေကို ထိန်းသိမ်းပေးတဲ့ နေရာတစ်ခုဖြစ်ပြီး နိုင်ငံ တစ်ခုချင်းစီအလိုက် မျိုးတွေထိန်းကြသလို နိုင်ငံတွေစုပေါင်းပြီးလည်း ထိန်းသိမ်းကြပါတယ်။ မျိုးစေ့ဘဏ်ကို ထားရတဲ့အဓိကရည်ရွယ်ချက်ကတော့ သီးနှံတွေရဲ့အဆင့်ဆင့်ပြောင်းလဲနေတဲ့ မျိုးဗီဇတွေကြား မူရင်းမျိုးဗီဇတွေ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။
တခြားနိုင်ငံတွေမှာ ထိန်းရတာကတော့ မိမိနိုင်ငံတွင်း သဘာဝဘေး ဒါမှမဟုတ် လူကြောင့်ဖြစ်တဲ့ ဆုံးရှုံးတာကို ကြုံတွေ့ရတဲ့အခါ ပြန်ပြီးတော့ ရယူနိုင်ဖို့အတွက်ပါ။ အဓိကကတော့ ကိုယ့်ဒေသမျိုးရင်းတွေကို ထိန်းသိမ်း ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။ မြန်မာနိုင်ငံမှာလည်း မျိုးစေ့ ဘဏ်ရှိပါတယ်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ထဲက ရေဆင်းရွာမှာပါ။
အဲ့လိုမျိုး မျိုးစေ့ဘဏ်တွေ ကမ္ဘာအနှံ့မှာ ၁၇၀၀ လောက်ရှိတဲ့အထဲကမှ အကြီးဆုံးမျိုးစေ့ဘဏ်ဟာဆိုရင် နော်ဝေ နိုင်ငံမှာရှိတဲ့ ဒီ Svalbard Global Seed Vault ဆိုတဲ့ ဘဏ်ပဲဖြစ်ပါတယ်။
ဒီမျိုးစေ့ဘဏ်ကို ရှာဖွေသွားရောက်ဖို့ဆိုရင်တော့ ခက်ခဲပါလိမ့်မယ်။ ဘာလို့ဆို မျိုးစေ့ဘဏ်နားမှာ ရှိတဲ့ Longyearbyen ဆိုတဲ့ မြို့ကလွဲပြီး ကျန်တဲ့နေရာတွေက အဖြူရောင်အတိနှင်းတွေ ဖုံးလွှမ်းနေ လို့ပဲ ဖြစ်ပါတယ်။ အခပေးလေယာဉ်လိုင်းတွေ ကမ္ဘာ့မြောက်ခြမ်းကို အဝေးဆုံးပျံသန်းနိုင်တဲ့ ဂိတ်ဆုံးနေ ရာလည်းဖြစ်နေတာပါ။
ကမ္ဘာ့တည်နေရာနဲ့ ပြောမယ်ဆိုရင်တော့ ကမ္ဘာကြီးရဲ့ မြောက်ဖက်အတက် အာတိတ်စက်ဝိုင်းကို ကီလို မီတာ ၁၃၀၀ ကျော်ပြီး ရေခဲကျောက်သားတွေထဲမှာတည်ရှိတာပဲ ဖြစ်ပါတယ်။
ဒီကမ္ဘာ့မျိုးစေ့ဘဏ်ကြီးကို ‘ကမ္ဘာနောက်ဆုံးနေ့အတွက် ရိက္ခာဂိုဒေါင်’ လို့လည်း သမုတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးရဲ့အဆုံးသတ်နေ့ကိုများကြုံလာခဲ့ရရင် ဒါမှမဟုတ် ကမ္ဘာ့ကပ်ဘေးကြီးတစ်ခုခုများကြုံလာခဲ့ရရင် ပြန်လည်ကုစားပေးမယ့်မျိုးစေ့တွေအဖြစ် အသုံးချနိုင်ဖို့ ရည်ရွယ်ထားတာမို့လို့ပါ။ ဒီဇိုင်းပိုင်းကိုလည်း ကမ္ဘာပေါ် က တခြားမျိုးစေ့ ဘဏ်တွေနဲ့ယှဉ်ရင် ဖျက်လိုဖျက်ဆီးအန္တရာယ်တွေ အရမ်းနည်းအောင် ကာကွယ်နိုင်တဲ့ ဒီဇိုင်းမျိုးနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။
“ ဒီနေရာက စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ လက်လှမ်းမီဖို့မလွယ်တဲ့ ဝေးလံသီခေါင်တစ်နေရာမှာ ရှိနေတာ။ ဆိုတော့ တခြား နေရာတွေလိုမျိုး ပူပန်နေစရာမလိုဘူး။ လုံခြုံစိတ်ချရတဲ့ နေရာလေးတစ်ခုပေါ့” လို့ မျိုးစေ့ဘဏ်ရဲ့ ပိုင်ဆိုင်ပစ္စည်းပိုင်းဆိုင်ရာမန်နေဂျာ Bente Naeverdal က ရှင်းပြပါတယ်။
ဒီထဲမှာဆိုရင် အိန္ဒိယ၊ ပါကစ္စတန်နဲ့ မက္ကဆီကိုနိုင်ငံတွေက မျိုးစေ့နမူနာတွေ သိမ်းဆည်းထားသလို ကပ်ဘေး မျိုးစုံရင်ဆိုင်နေရတဲ့နိုင်ငံသားတွေနေထိုင်ရာ ဆီးရီးယားနိုင်ငံက မျိုးစေ့တွေလည်းသိုလှောင်ထားပါတယ်။

မျိုးစေ့ဘဏ်ဟာဆိုရင် ၁၅၀ မီတာခန့် (ပေ ၄၈၀ ခန့်) လောက်ထိရှည်လျားပြီး တောင်ထဲကိုဖြတ်ပြီး တည်ဆောက်ထားတာပါ။ ရှည်လျားတဲ့လမ်းတစ်လျှောက်ဖြတ်သွားပြီး နောက်ဆုံးအတွင်းပိုင်းမှာတော့ မျိုးစေ့တွေကို သိုလှောင်ထားရာ အခန်းသုံးခန်းရှိပါတယ်။ လက်ရှိမှာတော့ အဲ့ဒီထဲက အလယ်ခန်းတစ်ခန်းထဲမှာပဲ မျိုးစေ့တွေ ထိန်းသိမ်းသိုလှောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ မျိုးစေ့တွေကိုသိမ်းတဲ့ အခန်းတံခါးတွေဟာဆိုရင်လည်း ရေခဲအထူသားတွေနဲ့ပဲ ကာထားတာဖြစ်ပြီး အပူချိန်ကို သုညဒီဂရီ(ရေခဲမှတ်) အောက်မှာပဲ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
မျိုးစေ့ဘဏ်မှာ မျိုးတွေကို ဘာလို့ထိန်းသိမ်းဖို့လိုလာလဲဆိုတော့ ကမ္ဘာတစ်ဝန်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကစပြီး စိုက်ပျိုးရေးအလေ့အကျင့်တွေက သိသိသာသာကို ပြောင်းလဲလာခဲ့လို့ပါ။ နည်းပညာတွေက အထွက်နှုန်း မြင့်မားစွာရရှိရေးဆိုတာတစ်ခုတည်းအပေါ် ဦးတည်လာခဲ့ပါတယ်။
ဒီအတွက် သီးနှံတွေအထွက်တိုးလာတာမှန်ပေမဲ့ ဒေသမျိုးရင်း ဇီဝမျိုးကွဲတွေကတော့ လျော့ကျကုန်ပါတယ်။ ဘယ်လောက်ထိလဲဆို အခုဆိုရင် လူသားတွေရဲ့ အစာလိုအပ်ချက် ၉၅% လောက်ကို ထောက်ပံ့ပေးထားနိုင်တာက သီးနှံအမျိုးပေါင်း ၃၀ လောက်သာ ကျန်တော့တဲ့အထိပါပဲ။
ဥပမာ တရုတ်နိုင်ငံမှာဆိုရင် ၁၉၅၀ ခုနှစ်တွေတုန်းက အသုံးပြုခဲ့တဲ့ စပါးမျိုးတွေရဲ့ ၁၀% လောက်သာ အခုချိန်မှာ အသုံးပြုပါတော့တယ်။ အမေရိကန်နိုင်ငံဆိုရင်လည်း ၁၉၀၀ ခုနှစ်ဝန်းကျင်လောက်တုန်းက ရှိခဲ့တဲ့ သူတို့ရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးကွဲတွေထဲက ၉၀ ရာခိုင်နှုန်းကျော်လောက်က အခုအချိန်မှာ ကုန်ဆုံးပျောက်ပျက်သွားပြီပဲ ဖြစ်ပါတယ်။
ဆိုတော့ ဒီလိုအင်အားကြီးနိုင်ငံတွေတောင် မျိုးစေ့တွေ ကုန်ဆုံးပျောက်ကွယ်နေကြတယ်ဆိုရင် ဒို့လိုနိုင်ငံမျိုး ဆိုရင်ရော…?
ဒေသမျိုးတွေကို အသုံးပြုပြီး စပ်မျိုးထုတ်ဖို့ လိုက်ရှာဖူးသူတိုင်း ဒီအခက်အခဲကို သိကြလိမ့်မယ်ထင်ပါတယ်။
Ref: https://time.com/doomsday-vault/
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆုမြတ်နိုး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....