မြေဩဇာလောင်ပြီဆိုရင်..
အပင်တွေဆိုတာ အာဟာရများများပေးနိုင်လေ ပိုကြီးထွားလေ.. ပိုသီးပွင့်လေဆိုပြီး ထင်မိလားရှင့်။
ကျွန်မကတော့ များများကျွေးလို့ ဒုက္ခမရောက်ဘူးထင်ခဲ့ဖူးပါတယ်။
ဒါနဲ့ပတ်သက်ပြီးဆောင်းပါးရေးမယ်ဆိုတော့ စာရေးသူ ကျွန်မကျောင်းသူဘဝတုန်းက အဲ့လိုတွေးမိလို့ ငရုတ်တစ်ခင်းလုံး ပြန်စိုက်ရတာကို အမှတ်ရမိပါသေးတယ်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စတုတ္ထနှစ်မှာ ၁၀ ယောက်တစ်ဖွဲဖွဲ့ပြီး ငရုတ်ကို လက်တွေ့စိုက်ခဲ့ရပါတယ်။ မြေပြင်ချိန်ကနေစပြီး နောက်ဆုံးရိတ်သိမ်းချိန်ထိ အဆင့်ဆင့်ပေါ့။ နေ့တိုင်းကွင်းထဲကို ရေလောင်းပေါင်းနှုတ်ဆိုတာလည်း သွားခဲ့ရပါတယ်။ ဒီလိုနဲ့ မြေဩဇာ ပုလဲ ကျွေးခဲ့ရတဲ့နေ့မှာ တခြားသူတွေတော့ မသိပါ။ ကျွန်မနဲ့ပေါင်းတဲ့ အနီးအနားက သူငယ်ချင်းတွေကိုတော့ များများကျွေး...များများသီး.. ဒါမှ တို့အမှတ်အများကြီးရမှာဆိုပြီး.. ပြောခဲ့တာပါ။ ပြောတဲ့အတိုင်းပဲ ငရုတ်ပင်ခြေပတ်ပတ်လည်မှာ ကျွေးခဲ့တယ်ဆိုပါတော့။ စိတ်ကူးထဲမှာတော့ ကျွန်မတို့ စိုက်ခင်းက ဘယ်လောက်ထွက်တယ် ဘယ်လောက်အသီးဖွံ့တယ်ဆိုပြီး ကြွားရမယ်ထင်ထားတာပါ..။ လက်တွေ့မှာတော့ တက်တက်စင်အောင် လွဲခဲ့တာပါပဲ။
ဆိုတော့ ဒီအမှတ်တရနဲ့ ဆက်စပ်ပြီး ဦးကြီးတို့ကို ပြောပြချင်တာက မြေဩဇာကျွေးတာများသွားရင် ဘယ်လိုလက္ခဏာတွေ ပြမလဲဆိုတာရယ်နဲ့ ဘယ်လောက်နှုန်းထားနဲ့ ဘယ်လိုကျွေးရမလဲဆိုတာရယ်ပါ။
တကယ်တော့ အပင်တွေမှာ သူတို့ဘယ်လောက်အတိုင်းအတာကို လက်ခံမယ်ဆိုတဲ့ ယူနစ်ရှိပြီးသားပါ။ တစ်ခါတစ်လေကျတော့လည်း ကျွေးလိုက်တဲ့ အာဟာရကို နှောင့်ယှက်တတ်တဲ့ လုံလောက်တဲ့ အစိုဓာတ်ပမာဏ မရှိတာကြောင့်လည်း ဖြစ်နိုင်သလို အပင်ခြေကို တအားကပ်ပြီး ကျွေးမိလို့အမြစ်လောင်သွားတာတို့ အရွက်ပေါ်ကျသွားတာတို့ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
ဆိုတော့ မြေဩဇာလောင်သွားပြီဆိုရင် အရွက်တွေက ခြောက်သွားမယ်၊ အဝါရောင် ဒါမှမဟုတ် အညိုရောင်တွေ ဖြစ်သွားပါတယ်။

ဒီလိုမျိုး အပင်တွေကို ဒုက္ခပေးရုံနဲ့မပြီးဘဲ မြေဆီလွှာကို ဆားတွေကျန်နေခဲ့ခြင်းဖြင့် ဒုက္ခပေးပါသေးတယ်။ ဆားတွေက မြေဆီလွှာမှာ လျှောက်သွားနိုင်တာမျိုးတော့မဟုတ်ပေမယ့် နောက်စိုက်တဲ့ အပင်ရဲ့ အမြစ်က သူ့အောက်မှာရှိတဲ့ အစာကို လှမ်းဆွဲယူပြီး စားတာမျိုးလုပ်မှာဆိုတော့ အပင်တွေကိုပဲ ဆက်တိုက်ဒုက္ခပေးသွားမှာ ဖြစ်ပါတယ်။
ဓာတ်မြေဩဇာလောင်တယ်လို့ ပြောတဲ့နေရာမှာ ဝယ်လာတဲ့ မြေဩဇာထုပ်တွေထဲမှာ ထဲကိုက နိုက်ထရိုဂျင်ဆားပါဝင်မှုများတာက အဓိကပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်လားဆိုတာ စမ်းကြည့်ဖို့တော့ နည်းနည်းတော့ ခက်တာပေါ့ရှင်။
နောက်တစ်ခုကတော့ အပင်တွေဟာ လုံလောက်တဲ့ အစိုဓာတ် (သို့) အာဟာရမရတဲ့အချိန်မျိုး နဲ့ သူတို့အတွက် ဆားတွေအများကြီးထိတွေ့နေရတဲ့ အနေအထားမျိုးမှာ အမြစ်တွေရှုံတွနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာလို့ဆို အမြစ်ဆိုတာက အာဟာရတွေလက်ခံရရှိတဲ့နေရာ အပင်တွေအတွက် ပထမဆုံးထိတွေ့လိုက်ရတဲ့ အပိုင်းဖြစ်နေလို့ပါ။ ဆိုတော့ ဦးကြီးတို့က မြေဩဇာလောင်နေပြီ ဒါမှမဟုတ် အပင်က ပုနေတယ်ခံစားရပြီဆို အမြစ်ကို ဆွဲနှုတ်ပြီး စစ်ဆေးကြည့်ကြပါနော်။
မြေဩဇာလောင်တာကို သီးနှံတွေမှာမပြသခင် တစ်ချို့လက္ခဏာတွေကို မြေကြီးပေါ်မှာ ပြသနေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ မြေကြီးက လုံလောက်တဲ့ အစိုဓာတ်အနည်းငယ်သာရှိမနေဘူးဆို ကျွေးလိုက်တဲ့ မြေဩဇာမှာပါဝင်နေတဲ့ ဆားတွေက ရေမှာပျော်ဝင်မသွားဘဲ မြေကြီးပေါ်မှာဘဲ ပုံကျန်နေခဲ့တာမျိုးပါ။

အကျိုးဆက်အနေနဲ့
(၁) အပွင့်/အသီးမတင်တော့တာမျိုး ဖြစ်နိုင်ခြင်း
အဲ့တာကတော့ အများအားဖြင့် ကြီးထွားတဲ့အဆင့်မှာ နိုက်ထရိုဂျင်ပမာဏများများ ကျွေးလိုက်မိတဲ့အတွက် ပင်စည်နဲ့ အရွက်ကြီးထွားမှုကို ဖြစ်သွားတာပါ။ အဲ့လိုမျိုး နိုက်ထရိုဂျင်ဓာတ်က ပင်ပိုင်းကြီးထွားမှုကို အားပေးလိုက်တဲ့အခါ မျိုးပွားတဲ့အဆင့်က ရောက်မလာတာ ဒါမှမဟုတ် နောက်ကျတာမျိုးဖြစ်သွားပြီး အပွင့်/အသီးမတင်တာတွေပါ ဖြစ်သွားပါတော့တယ်။
မြေဆီလွှာမှာ မြေဩဇာရဲ့ဆားဓာတ်တွေများနေပြီဆိုတာ ပြသတတ်တဲ့ နောက်လက္ခဏာ တစ်ခုကတော့ အရွက်တွေကြွေကျခြင်းပါ။ လုံလောက်တဲ့ အစိုဓာတ်မရှိတာ ပြီးတော့ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုကျွေးမိရင် အပင်တွေကညှိုးပြီး ကြွေကျသွားတာမျိုးဖြစ်ပါတယ်။ အစောဆုံးပြမယ့် လက္ခဏာတစ်ခုကတော့ အောက်ရွက်တွေ အရင်ဆုံးကြွေကျခြင်းပဲဖြစ်ပါတယ်။
(၂) ကြီးထွားမှုနှေးတာ ဒါမှမဟုတ် လုံးဝမကြီးတာမျိုးလည်းဖြစ်နိုင်ခြင်း
အပင်တွေမြေဩဇာများမှာဆိုးလို့စိုးပြီး အာဟာရမထည့်တာကြောင့်လည်း အပင်တွေကြီးထွားမှုနည်းနိုင်ပါတယ်။ ဒါဟာ တိုက်ရိုက်ပတ်သက်နေတာတော့ မဟုတ်ပေမဲ့ တစ်ခါတစ်လေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တာလေးပါ။ အပင်တွေဆိုတာကတော့လူတွေလိုပဲ အစာ/ရေ မကျွေးဘဲနဲ့ ကောင်းကောင်းရှင်သန်ကြီးထွားမှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် အကောင်းဆုံးကတော့ တတ်နိုင်ရင် ဒီမြေကြီးထဲ ဘယ်လောက်ထိ အာဟာရဓာတ်ရှိနေလည်း ဆိုတာသိဖို့ ဓာတ်ခွဲခန်းမှာ စစ်ပြီး အာဟာရပေးတာမျိုးတွေ လုပ်သင့်ပါတယ်။

ဘယ်လိုပြန်ကုစားမလဲ
စိုက်ခင်းထဲရေများများသွင်းတာ ဒါမှမဟုတ် အပင်ကို ရေများများ လောင်းလိုက်တာမျိုးနဲ့ ကုစားနိုင်ပါတယ်။ ဒါဆို ဓာတ်မြေဩဇာထဲမှာ ပါဝင်နေတဲ့ ဆားတွေက ပျော်ဝင်သွားပြီး အမြစ်ရဲ့ ဝေးရာကို တွန်းပို့လိုက်ပါတယ်။ ဒီလိုလုပ်မယ်ဆို ရေသွင်း ရေထုတ် ကောင်းကောင်းလုပ်နိုင်တဲ့ စိုက်ခင်းဖြစ်ဖို့လည်းလိုပါတယ်။ မဟုတ်ရင် ရေတွေက အိုင်နေနိုင်ပြီး ကိုယ့်ရှူးကိုယ်ပတ်သလိုပဲ ဖြစ်တတ်လို့ပါ။
နောက်တစ်ချက်က အပင်ပေါ်မှာရှိတဲ့ဝါနေ (ညိုနေ) တဲ့အရွက်တွေကို ခြွေချပြီး ရှင်းပစ်လို့ရပါတယ်။ ပြီးတော့ မြေဩဇာအပုံလိုက်ကြီး အပင်ခြေမှာရှိနေရင် လက်နဲ့ပဲ မြန်မြန်ဖြန့်လိုက်တာမျိုးတွေလည်း ကုစားနိုင်ပါတယ်။
ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ အစကတည်းက ပေ ၁၀၀ ပတ်လည်ကို မြေဩဇာ ၂ ပေါင် - ၃ ပေါင် (၉၀၇ - ၁၃၆၀ ဂရမ်) လောက်ထိပဲ ကျွေးသင့်ပါတယ်။
တတ်နိုင်တဲ့သူဆိုရင်လည်း ဒီမြေက ဘယ်လောက်ထိအာဟာရတွေ ပါဝင်နေပြီးသား/ရှိပြီးသားဆိုတာကို စမ်းစစ်ကြည့်ပြီး ရလာတဲ့အဖြေကို ကြည့်ပြီးတော့မှ ဘယ်လောက်ပမာဏသုံးသင့်ပါတယ်ဆိုပြီး ဆုံးဖြတ်ရပါတယ်။
မြေဩဇာလောင်တာကို တားမြစ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ နည်းနည်းနဲ့ ခဏခဏကျွေးတာပါ။ ပြီးတော့ သဘာဝမြေဩဇာနဲ့ ဓာတုမြေဩဇာ (ပုလဲ) ရောကျွေးတာမျိုးပါ။
ဘာလို့ဆို သဘာဝကရတဲ့ မြေဩဇာတွေဟာဆိုရင် မြေဆီလွှာ ကျန်းမာရေးအတွက်လည်း စိတ်ချရသလို ဆားပါဝင်မှုလည်းနည်းလို့ပါပဲ။
Ref: https://www.naturesafe.com/knowlegde-center/blog/signs-of-over-fertilizing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မြေဩဇာလောင်ခြင်း
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆုမြတ်နိုး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....