အပင်နှင့် ဆေးလောင်ခြင်း
တစ်ခါတစ်ရံမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပြီး ပိုးကြောင့် ရောဂါကြောင့် မဟုတ်ပဲ ဆေးလောင် ပျက်စီးတတ်ပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး မှားယွင်းမှုတွေကြောင့် ဆေးလောင်တာဆိုတာ မကြာမကြာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြေရှင်းရာမှာလည်း ခက်ခဲပါတယ်။ ဆေးလောင်လာရင် အပင်တွေ ပြန်စိမ်းလာအောင် အပင်တွေ ပြန်လန်းဆန်းလာအောင် အားဆေးဖျန်းမှာလား အမြစ်ထွပ်ဆေးဖျန်းမှာလား စသဖြင့် လုပ်ကိုင်ကြပေမယ့် ထိထိရောက်ရောက် ဖြစ်လာတာ နည်းတတ်ပါတယ်။ အထူးသဖြင့် ပေါင်းသတ်ဆေး လက်ကျန်ကို တစ်ခြားဆေးနဲ့ မှားဖျန်းမိတာမျိုးတွေ ပေါင်းသတ်ဆေးဖျန်းထားတဲ့ ဆေးပုံးတွေကို ရေပြောင်အောင် မဆေးမိတဲ့ အခြေနေတွေမှာ ပြဿနာ အဖြစ်များဆုံးပါ။
ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာ ဆေးကြောင့်လောင်သွားတဲ့ အရွက်တွေ ကိုင်းတွေ ဖြတ်ချ ရှင်းလင်းပြီး ရေအဝ တိုက်ပေးတာမျိုး အပင်ကို ရေဆေးချတာမျိုးတွေ လုပ်ကိုင်မယ်ဆို သက်သာတတ်ပါတယ်။ ကျယ်ပြန့်တဲ့ စပါးခင်း ပဲခင်းလို စိုက်ခင်းတွေမှာတော့ အထက်ပါဖော်ပြနည်းဟာ မဖြစ်နိုင်ပါဘူး။ ဖြေဆေးသဘောမျိုး ဆေးတစ်ခုခုဖျန်းပေးမှသာ အပင်လောင်ကျွမ်းမှုကို သက်သာနိုင်ပါတယ်။
အခြေခံအချက်အနေနဲ့ မိမိ မှားယွင်းသုံးမိတဲ့ဆေးဟာ အယ်ကာလီ ဆားဂုဏ်သိတ္တိရှိမယ့်ဆေးအုပ်စုလား အက်ဆစ်ဂုဏ်သိတ္တိရှိတဲ့ ဆေးအုပ်စုလားဆိုတာ ခွဲခြားသိဖို့ လိုပါတယ်။ ပုံမှန် ယေဘူယျအားဖြင့် နွားသေးဟာ အပင်လောင်ခြင်းအတွက် အပင်ဖြေဆေး တစ်ခုဖြစ်ပါတယ်။ လူသိလည်း နည်းနိုင်ပါတယ်။ နွားသေးမှာ ဆိုဒီယမ် ကလိုရိုဒ် ပါဝင်ပြီး အက်စစ် ဂုဏ်သတ္တိရှိတဲ့ ဆေးလောင်ကျွမ်းမှုကို သက်သာစေပါတယ်။ ၁၀၀ စီစီကနေ ၂၅၀ စီစီ ရေ ၄ ဂါလံ အထိ အပင်ထိခိုက်မှုအလိုက် အတိုးအလျော့ ချိန်ဆအသုံးပြုနိုင်ပါတယ်။
acid ကို base ခေါ် အယ်လ်ကာလီနဲ့ အယ်လ်ကာလီကို အက်ဆစ်နဲ့ ဖြေလျော့လို့ ရတယ်ဆိုတဲ့ အခြေခံ အချက်ကို သိထားရပါမယ်။ အပင်ပေါ် တင်ကျန်နေတဲ့ အက်စစ်ဓာတ်ကို ဆားဓာတ်နဲ့ ခြေဖျက်တဲ့ သဘောတရားပါ။ ဆားပျော်ရည်ကို အသုံးပြုခြင်းနဲ့ နွားသေး အသုံးပြုကွာဟမှု ရှိပါတယ်။ NaCl ပါဝင်ပေမယ့် ဆားပျော်ရည်လို ပြင်းအား မများပါဘူး။ နောက်တစ်ချက်က alkali အုပ်စုက ဆေးလောင်ရင်တော့ ရှာလကာရည် သံပုရာရည်က ဓာတ်လျော့ပြီး ဖြေလျော့နိုင်ပါတယ်။ ရှာလကာရည်က ပိုအဆင်ပြေပါတယ်။ အိမ်သုံးရှာလကာရည်တွေဟာ ၃%ခန့် ပြင်းအားရှိတာ များပါတယ်။ ရေသန့်ဗူးဝတ်ကနေ တစ်ဗူးအထိ ရေ ၄ ဂါလံ ရောဖျန်းပြီး လောင်ကျွမ်းမှုကို ဖြေလျော့ပေးနိုင်ပါလိမ့်မယ်။
အများဆုံးဆေးလောင်တဲ့ ပြဿနာဟာ ပေါင်းသတ်ဆေးမှာ ဖြစ်တတ်လို့ ကျနော် သိသလောက် ပေါင်းသတ်ဆေး အုပ်စုကို acid နဲ့ alkali ခွဲပေးထားပါတယ်။ အယ်လ်ကာလီ အာနိသင် အုပ်စုတွေက ဂလိုင်ဖိုဆိတ်၊ 2-4D Sodium salt၊ Anilofos၊ TRIFLURALIN 48% EC ဖြစ်ပြီး အက်စစ်အာနိသင် အုပ်စုများကတော့ 2-4D၊ Artrazine၊ Acetochlor၊ Butachlor.
Khant Zaw Htet
Ye Win Naing
2 years agoကျေးဇူးပါဆရာ
ညီညီ
5 years agoထိုအမှားမျိုးက မဖြစ်သင့်တဲ့အမှားပါ။ စိုက်ပျိုးရေးရဲ့အားနည်းချက်ဆိုတာ ပြန်လည်ပြင်ဆင်လို့ အဆင်မပြေနိုင်တဲ့ အရာတွေအများကြီးရှိပါတယ်။မြေဩဇာအချိုးမှားယွင်းစွာသုံးစွဲခြင်းနှင့် အပင်နှင့် မသင့်လျော်သော မြေဩဇာသုံးစွဲခြင်း၊ စိုက်ပျိုးနည်းစနစ်မှားယွင်းခြင်း၊ မျိုးစေ့မှားယွင်းစိုက်ပျိုးခြင်း၊ဆေးဝါးအသုံးပြုပုံ ပေါ့လျှော့မှားယွင်းခြင်း စတဲ့အချက်တွေပါဝင်ပါတယ်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khant Zaw Htet
See all