စွယ်စုံသုံး ရှာလကာရည်
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပိုးသတ်ဆေး မှိုသတ်ဆေးများ မြေသြဇာများမြောက်များစွာ အသုံးပြုပြီးစျေးကြီးမြင့်ခြင်း၊ ကျန်းမာရေးကို ထိခိုက်တတ်ခြင်းပြဿနာများ ရှိတတ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ဘေးထွက်ဆိုးကျိုးနည်းပါးသော ရှာလကာရည်ကို ယခုလို အကြောင်းအရာများမှာ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ရှာလကာရည် အဖြူရောင်ဟာ စျေးနှုန်း ချိုသာပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အပံ့ဖြစ်ပြီး ဥယျာဉ်ခြံများအတွက် ပိုးရောဂါကာကွယ်မှု ကိရိယာ အဖြစ် အသုံးတည့်လှပါတယ်။
ရှာလကာရည် နဲ့ ဆိုဒါ မြေချဉ်ငန်တိုင်းခြင်း
မိမိခြံထဲမှာ မြေတွင်းအာဟာရလိုအပ်နိုင်တာသိဖို့ မြေချဉ်တာလား ငန်နေတာလား အရင်သိရပါလိမ့်မယ်။ pH 7 အထက်ဆို ငန်တယ်၊ အောက်ဆို ချဉ်တယ်ဆိုတာ အားလုံးသိထားပြီးသားပါ။ မြေငန်တွေမှာဆို သစ်ဆွေးဓာတ်ပမာဏ နည်းပါးနေတတ် လို့ သစ်ဆွေးတွေ ဖြစ်မယ့်အရာတွေ များများလိုအပ်ပြီး မြေချဉ်နေပြီဆိုရင်တော့ ထုံးထည့်ပြီးပြင်မယ်ပေါ့ဗျာ။ မြေချဉ်တာ ငန်တာသိဖို့ ရှာလကာရည် နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်နှင့် ချိန်ခွက်တစ်ခုလိုအပ်ပြီး ဖန်ခွက် ၂ လုံးရှိရပါလိမ့်မယ်။ ရေသန့် တစ်ဗူး အပါအဝင်ပေါ့ဗျာ။ မြေကြီး ချိန်ခွက်တစ်ခွက်စာကို ဖန်ခွက်ထဲထည့် ရှာလကာရည် ချိန်ခွက်တစ်ဝက်နှင့်ရောပြီး ဇွန်းနဲ့မွှေရန်လိုအပ်ပါတယ်။ အမြုပ် တစ်စီစီထွက်လာရင် pH 7-8 ကြားရှိတယ်လို့ အဖြေရပါတယ်။ အမြုပ်မထွက်ဘူးဆိုလျှင် ဖန်ခွက်အလွတ်တစ်ခုထဲ မိမိယူလာတဲ့မြေကြီး ချိန်ခွက်တစ်ခွက်ကို ဆိုဒါ ချိန်ခွက်တစ်ဝက် နဲ့ ရေသန့်အနည်းငယ် ထည့်မွှေပေးလို့ အမြုပ်တစ်စီစီထွက်လာရင် pH 5-6 လို့ ယူဆတဲ့ အဖြေထွက်ပြီပေါ့ဗျာ။ မြေတစ်ခု စမ်းတိုင်းမှာဖန်ခွက် ၂ လုံး ဒါမှမဟုတ် တစ်လုံးက ရှာလကာရည်၊ တစ်ခွက်က မုန့်ဖုတ်ဆော်ဒါ ရေဖျော်ပြီး တစ်ပြိုင်တည်း ယှဉ်စမ်းခြင်းက သိသာထင်ရှားစေပါတယ်။ ချိန်ခွက်ဆိုတာက နို့ဆီခွက် စသဖြင့် ပမာဏတစ်ခု တိုင်းရန်အတွက်ဖြစ်ပါတယ်။ စမ်းသပ်မှု ၂ခုလုံးမှာ pH 7လို့ မြေအုပ်စုကတော့ ရခဲ့တာအလွန်ရှားပါလိမ့်မယ်။
မြေနမူနာယူမယ်ဆိုရင် ပေါက်ပြားနဲ့ ဂေါ်ပြား အိတ်တစ်လုံးလိုပါလိမ့်မယ်။ ပေါက်ပြားနဲ့ မြေနမူနာယူမယ့်နေရာ ရှင်းပြီး ဗွီ(V) ပုံ မြေကိုပေါက်ထုတ်ပြီး မြေအလယ်သားကို ဖယ်ရပါလိမ့်မယ်။ပြီးရင် ဂေါ်ပြားနဲ့ ဗွီ(V)ပုံ ကျင်းနောက်ကနေ ကိတ်မုန့်လှီးသလို လှီးချရပါမယ်။အဲဒီမြေမျက်နှာ(၂) ခုကမြေကို သမစွာမွှေပြီး အိတ်ထဲထည့်ရပါလိမ့်မယ်။ထိုနည်းအတွင်း နေရာပေါင်းစုံမှ မြေကို ထိုအိတ်ထဲမှ စုထည့်ပြီး မိုးကာပေါ် သို့မဟုတ် တလင်းပေါ်မှာ သမအောင် ကြိမ်ဖန်များစွာ မွှေပြီး မြေချဉ်ငန်ကိန်းကို တိုင်းနိုင်ပါတယ်။
ပန်းမန်နဲ့အားဆေး
အလှစိုက်အပင်များဖြစ်တဲ့ နှင်းဆီ၊ ဂန္ဓာမာ၊ စပယ် စတဲ့ အပင်တွေကို ရှာလကာရည် ၁၀၀ စီစီ (ဟင်းစားဇွန်း ၁၀ ဇွန်း) ကို ရေတစ်ဂါလံဖြင့် ဖျန်းပါက အပင်ကြီးထွားမှု မြန်စေပါတယ်။
လယ်ယာသုံးကိရိယာ သန့်ရှင်းရေး
ပေါက်ပြား ဂေါ်ပြာ လယ်ယာသုံးပစ္စည်းများ သံချေးခွာမယ်။ ပေါက်ပြား၊ ဂေါ်ပြာ လယ်ယာသုံးပစ္စည်းများကို ရှာလကာရည် စိမ်ပြီး မိနစ်အနည်းငယ်ထားပြီး ခွာပါက သံချေးများပြောင်စင်စေပါတယ်။
ပန်းများကြာရှည်ခံလိုပါက
ပန်းများအဝေးသယ်ရာတွင် ကြာရှည်ခံရန်၊ အလှပန်းအိုးများရှိပန်းများ ကြာရှည်ခံရန် ရှာလကာရည် ၂ ဇွန်း သကြား တစ်ဇွန်းရေ တစ်လီတာ ထည့်ဖျန်းပေးခြင်းက ကြာရှည်ခံသလို ပန်းအိုးများတွင် ထိုဖျော်ရည်သုံးပြီး တစ်ပတ်တစ်ခါ လဲပေးခြင်းက သာမန်ထက် ပန်းများကြာရှည်ခံပါလိမ့်မယ်။
ရှာလကာရည်နဲ့ မှိုသတ်မယ်
ရှာလကာရည်ဖျန်းပြီး အပင်တွင်ကျတတ်တဲ့ အမဲစက်များ စတဲ့ မှိုရောဂါတွေကို မှိုသတ်ဆေးအဖြစ် သုံးနိုင်ပါသေးတယ်။ နနွင်းမှုန့်စိမ်ရည် ၁ လီတာကို ရှာလကာရည် ၂ ဇွန်း နှင့် ရော၍ ဖျန်းခြင်းဖြင့် မှိုရောဂါကာကွယ်ပေးပါတယ်။
နှင်းဆီပင်တွေမှာ ကျရောက်တတ်တဲ့ အမဲစက်များ အချို့သောရောဂါများကို ရှာလကာရည် ၃ ဇွန်း၊ ရေ ၄ လီတာဖြင့် ကာကွယ်နိုင်ပါတယ်။ ပန်းသီးရှာလကာရည် apple cider vinegar ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။
သီးထိုးယင် ကာကွယ်ရေး
ရှာလကာရည်နဲ့ သီးထိုးယင်ကာကွယ် ဟန့်တားနိုင်ပါပြီ။ ရှာလကာရည် ၂၅၀ စီစီ နို့ဆီတစ်ဗူးခန့် သကာရည် သို့မဟုတ် ထန်းလျက်ရည် ၁ ဇွန်း ရေ ၂၅၀ စီစီ နို့ဆီတစ်ဗူးခန့်နဲ့ သကြား ၅ ဇွန်းကို ကြေညက်အောင်ဖျော်ပြီး ရေသန့်ဗူးထိပ်ကို ဖြတ်ပြောင်းပြန်လှန် ပြန်ထည့်ပြီးဖျော်ရည် နို့ဆီတစ်ဗူးခန့်ထည့်ပြီး သီးထိုးယင်ထောင်ဖမ်းနိုင်ပါတယ်။ အိမ်တွင်း ကျရောက်သော ယင်ကောင်များလည်း ဖမ်းစီးနိုင်ပါတယ်။ Apple cider vinegar ပန်းသီးရှာလကာရည် ပိုသုံးသင့်ပါတယ်။
ပုရွက်ဆိတ် တိုက်ဖျက်ရေး
အပင်တွေမှာ ပုရွက်ဆိတ်တွေ ဆိုးရွားစွာ ကျရောက်ဖျက်ဆီးလာပြီဆိုလျှင် ရှာလကာရည်ကို အပင်အပေါ် သို့မဟုတ် အပင်ခြေ ဖျန်းပေးပါက ပုရွက်ဆိတ် ကျရောက်မှုကို ကာကွယ်ပါတယ်။
ခရုသုတ်သင်ရေး
ခရုများပေါက်ဖွားမှုရပ်တန့်ဖို့နဲ့ ရှင်းလင်းဖို့ရာအတွက် ရှာလကာရည် သုံးလို့ရပါသေးတယ်။ ရှာလကာရည်ဟာ ခရုတွေ မကြိုက် နှစ်သက်ကြပါဘူး။ ခရုများကျရောက်လာပါက ရှာလကာရည် ၄ ဇွန်း ရေတလီတာဖြင့် ရောစပ်ဖျန်းပြီး ရှင်းလင်း ကာကွယ်နိုင်ပါလိမ့်မယ်။
မျိုးစေ့စိမ်ခြင်းနဲ့ ရှာလကာရည်
မျိုးစေ့များ အပင်ပေါက်ကောင်း၊ အပင်သန်မာပြီးညီညာမှုရှိရန် အပင်ပေါက်ခက်ခဲမှု dormant stageလျော့ချရန် အသုံးပြု နိုင်ပါတယ်။ နေကြာမျိုး၊ ကညွတ်၊ ရုံးပတီ အစရှိတဲ့ မျိုးစေ့တွေမှာ အသုံးပြုနိုင်ပါတယ်။ အချိုပါမျိုးစေ့တွေကို စွပ်ကျယ်စဖြင့် ထုပ်ကာရေနွေး ရေသန့်ဗူးဝတ်မှာ စိမ်ပြီး ရှာလကာရည် နို့ဆီဗူးတဝတ် အဝတ်လျော်ဆပ်ပြာရည်အနည်းငယ်ထည့်ပြီး တစ်ညစိမ် အညောင့်ဖောက်နိုင်ပါတယ်။
ခွေးကြောင် မစင် ကာကွယ်ရေး
ရှာလကာရည် အနံ့ပြင်းရှရှကို ကြွက်၊ ခွေး၊ ကြောင်၊ ယုန် စသဖြင့် အိမ်မွေးတိရိစ္ဆာန်များ မကြိုက်ကြပါဘူး။ မိမိဥယျာဉ်ခြံ ပတ်ဝန်းကျင်မှာ ရှာလကာရည်ကို သဲနဲ့ သမစွာမွှေပြီး ပက်ထားခြင်းဖြင့် ခြံဝန်းကျင်မှာ သဲများခင်းထည်းပြီး ရှာလကာရည် ဖျန်းပေးထားမယ်ဆိုရင် ကြောင်များ၊ ခွေးများ မိမိဥယျာဉ် နယ်နိမိတ်အတွင်း ရှာလကာရည်အနံ့ကြောင့် မစင်စွန့်ခြင်းမှ ကင်းဝေးစေပါတယ်။
'ဟင်းစားဇွန်း တဇွန်းလျှင် ၁၀စီစီ ပမာဏ'
Khant Zaw Htet
Ref.Amazing Vinegar Uses In The Garden
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khant Zaw Htet
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....