ပိုးတွေ ပေါင်းတွေ ကို သေစေနိုင်တဲ့ ဘိုရွမ် အက်စစ် သို့မဟုတ် လက်ချား
Boric acid ဟာ ဓာတုကွန်ပေါင်းဖြစ်ပြီး ဘိုရွန် အဓိက အခြေခံ ဖွဲ့စည်းထားတဲ့ အရာပါ။ အဖြူရောင် အစိုင်အခဲပုံစံ အမှုန့်ပုံစံ နဲ့ စျေးကွက်အတွင်း တွေ့ရလေ့ရှိပါတယ်။ ဘိုရွန်ကို မြေကြီး၊ ရေ၊ အပင်၊ ကျောက်တုံးကျောက်ခဲ မှာတွေ့ရလေ့ရှိတဲ့ အရာဝတ္တုတစ်ခုပါ။ Boric acid ဟာ ဥယျာဉ်ခြံတွေနဲ့ စိုက်ခင်းတွေ မှာ ပိုးသတ်ဆေး အပင်အားဆေး ပေါင်းသတ်ဆေး ပြုလုပ်မှုတွေသာမက အိမ်တွင်း သန့်ရှင်းရေးပစ္စည်းအဖြစ် အသုံးတည်သော ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူနဲ့ အိမ်မွေးတိရိစ္ဆာန် တို့ကိုတော့ အဆိပ်အတောက် ရှိတတ်တဲ့အတွက် ကိုင်တွယ်ရာမှာ ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။ ခန္ဓာကိုယ် အရေပြားကနေတဆင့် စိမ့်ဝင်တတ်လို့ လက်အိတ်များဖြင့်သာ အကိုင်အတွယ်ပြုရမှာပါ။
၁။ ပိုးသတ်ဆေး
boric acid ဟင်းစားဇွန်း ၂ဇွန်း(၂၀ဂရမ်)၊ သကြား ၂ခွက် (၅၀ဝဂရမ်) ၃၀သား၊ ရေ ၁ ခွက် ၂၅၀ဂရမ၊် ကဒ်ထူအဝါ အပြာ၊ ပိုးအလိုက်အသုံးပြုရနိ ပေါင်းစပ်ကြိုကာ ကဒ်ပြားပေါ်တွင် သုတ်လိမ်းပြီး ပျ ယင်ဖြူ ပုရွက်ဆိတ် ပိုးဟတ် တို့ကို သကြားအချိုက မျှားပြီး စားသုံးသောအခါ boric acid ကြောင့် သေကြေ ပျက်စီးစေပါတယ်။ ပိုးသတ်ဆေးအဖြစ် ဆေးကျိုပြီးသားအရည် ၁၀ဝ စီစီ၊ ရေ ၄ဂါလံ နှုန်းဖြင့် ရာသီပေါ်ပင် နှစ်ရှည် ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်အပင်များမှာ အသုံးတည့်ပါတယ်။ ဆေးဖျော်စဉ် ထုတ်လုပ်နေစဉ်မှာ မိမိခန္ဓာကိုယ် အရေးပြားနဲ့ မထိတွေ့ရန် အထူးဂရုပြု ဆောင်ရွက် ရပါလိမ့်မယ်။
၂။ ပေါင်းသတ်ဆေးနဲ့ boric acid
Boric acid ၁၀အောင်စ=၂၈၃ဂရမ်၊ ရေ ၁၅၀ စီစီ ဝ.၅ခွက် ရေကို ရေနွေးဖြစ်အောင်ကျိုပြီး boric acid ဂရမ် ထည့်ပြီး ပျော်ဝင်အောင် ပြုလုပ်ပါ။ရေ ၂ဂါလံနဲ့ ရောစပ်ပြီး ပေါင်းမြက်များပေါ်သို့ ဖျန်းကာ ပေါင်းသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
၃။ အိမ်တွင်း သန့်ရှင်းရေး
မိမိအိမ်တွင်း သန့်ရှင်းရေးအဖြစ် boric acid ၂၅၀ဂရမ၊် ရေတစ်ဂါလံမှာ ပျော်ဝင်အောင်ဖျော်ပြီး မှန်များ ကြွေဇလုံ မျက်နှာသစ်ခွက် အိမ်သာအိုး စသည်တို့မှာ ကပ်ငြိနေတတ်တဲ့ မမြင်ရသော မှိုများ ဘက်တီးရီးယားများ ဖုတ်မှုန့်များကို တိုက်ချွတ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။ လက်အိတ်များဖြင့် ကိုင်တွယ်ဖို့တော့ မမေ့သငိ့ပါဘူး။
၃။ အကြံပြုချက်
boric acid ဟာ ရေမှာ သာမန်အားဖြင့် မပျော်ဝင်တတ်ပါဘူး။ ရေပမာဏ တစ်ခုနဲ့အတူ boric acid ကို ကျိုပေးပါက အရည်ပျော်ဝင်နိုင်ပါတယ်။ ဖျော်ထားသော boric acid ဖျော်ရည်ကို ချက်ချင်း အသုံးပြုရပါမည်။ boric acid ကို အင်းဆက်ပိုးများ စားခြင်းဖြင့် အစာအိမ်နဲ့ဦးနှောက်ကို ပျက်စီး ထိခိုက်ကာ သေကြေပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် မှိုပေါက်ဖွားမှုကို ထိန်းချုပ်နိုင်တာကြောင့် မှိုကြောင့်ဖြစ်တတ်တဲ့ ရောဂါများကို အကာကွယ်ပေးတတ်သလို အကျိုးပြု မှိုများ ဖြစ်ထွန်းမှုကို အနှောင့်ယှက်ပေးတတ်တာကိုပါ သတိပြုရန်လိုပါလိမ့်မယ်။
Relation (ဆက်နွယ်မှု)
ဟင်းစားဇွန်း ၁ဇွန်း=၁၀ဂရမ်=၁၀စီစီ
၁ခွက်=၂၅၀စီစီ=၂၅၀ဂရမ်
၁အောင်စ=၂၈.၃ဂရမ် ၁ကီလို=၆၀ကျပ်သား
Reference-Wikipedia
Khant Zaw Htet
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khant Zaw Htet
See all