အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၂၃) အခန်း(၁၀) မျိုးစေ့သိပ္ပံနှင့်နည်းပညာ (အဆက်) စပါးမျိုးသန့်ထုတ်နေသူတစ်ဦး၏ အတွေ့အကြုံများ
Chapter (10) Seed Science and Technology (Continued)
အိန္ဒိယနိုင်ငံ တမီးနာဒူစိုက်ပျိုးရေးတက္ကသိုလ် (Tamil Nadu Agricultural University) တွင် ၁၉၇၂ ၌ မျိုးစေ့သိပ္ပံနှင့်နည်းပညာဌာန (The Department of Seed Science and Technology) ကို စတင်တည်ထောင်ခဲ့ရာ အိန္ဒိယနိုင်ငံတက္ကသိုလ်များတွင် ပထမဆုံးတည်ထောင်သည့် မျိုးစေ့နည်းပညာ ဌာန ဖြစ်ပါသည်။ မျိုးစေ့ သိပ္ပံနှင့်နည်းပညာ ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်း စတင်ဖွင့်လှစ်သည်မှ ၂၀၁၅ ခုနှစ်အထိ မဟာသိပ္ပံ (မျိုးစေ့ပညာ) ဘွဲ့ရ ၃၈၇ ဦး၊ ပါရဂူ (မျိုးစေ့ပညာ) ၉၂ ဦး မွေးထုတ်ပေးပြီးပါ ပြီ။ ဘွဲ့ကြိုတန်းအတွက် အဓိကသင်ကြားပေးသော သင်ခန်းစာများမှာ -
၁။ မျိုးစေ့ထုတ်လုပ်မှု သဘောတရားနှင့် နည်းလမ်းများ
(Principles and Practices of Seed Production)
၂။ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းနည်းဥပဒေများနှင့် မျိုးစေ့များ သိုလှောင်ခြင်း
(Seed Quality Regulation and Storage) စသည်တို့ ဖြစ်ပါသည်။
အိန္ဒိယမျိုးစေ့လုပ်ငန်း (India Seed Industry) သည် ကမ္ဘာ့မျိုးစေ့ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းတွင် အမှတ်စဉ်-၅ နေရာရှိပါသည်။ အများဆုံးနိုင်ငံများမှာ အမေရိက၊ တရုတ်၊ ပြင်သစ်နှင့် ဘရာဇီးလ်နိုင်ငံတို့ ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ သုတေသနတွေ့ရှိချက်များအရ တစ်နိုင်ငံလုံး မျိုးစေ့လိုအပ်ချက်၏ ၄၄% သာ မျိုးစေ့ကုမ္ပဏီများမှ ပေးစွမ်းနိုင်သဖြင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ပင် မျိုးစေ့ထုတ်လုပ်ရေးကို ပြုလုပ်ရန် လိုအပ်ပါဦးမည်။
တမီးနာဒူစိုက်ပျိုးရေးတက္ကသိုလ်ရှိမျိုးစေ့ပညာဘွဲ့လွန်သင်တန်း (ဘွဲ့လွန်ဒီပလိုမာနှင့် မဟာသိပ္ပံ) များတွင် -
(က) မျိုးစေ့ကြီးထွားမှုဇီဝဗေဒ
(Seed Development Biology)
(ခ) မျိုးစေ့ထုတ်လုပ်ရေး၏ အခြေခံသဘောတရားများ
(Principles of Seed Production)
(ဂ) မျိုးစေ့အရည်အသွေး တိုးမြှင့်နိုင်ရေး လက်တွေ့လုပ်ငန်းများ
(Seed Quality Enhancement Techniques)
(ဃ) အပင်ဇီဝကမ္မဗေဒ အခြေခံသဘောတရားများ
(Principles of Plant Physiology)
(င) အပင်ဇီဝဓာတုဗေဒ
(Plant Biochemistry)
(စ) စာရင်းအင်းဆိုင်ရာတွက်ချက်နည်းလမ်းများ
(Statistical Methods)
(ဆ) ဓာတ်ခွဲခန်းအသုံးပြုခြင်း အခြေခံသဘောတရားများ
(Basic Concepts in Laboratory Techniques)
(ဇ) စိုက်ပျိုးရေးသုတေသနနှင့် သုတေသန ကျင့်ဝတ်များ
(Agricultural Research and Research Ethics)
(ဈ) လယ်ယာသီးနှံများမျိုးစေ့ထုတ်လုပ်ခြင်း
(Seed Production in Field Crops)
(ည) မျိုးစေ့စစ်ဆေးနည်းများ
(Seed Testing)
(ဋ) မျိုးစေ့ငုတ်ခြင်းနှင့် အညှောက်ပေါက်ခြင်း
(Seed Dormancy and Germination)
(ဍ) သုတေသနပြုလုပ်သည့် ဒီဇိုင်းပုံစံများ
(Design of Experiments)
(ဌ) နည်းပညာဆိုင်ရာရေးသားနည်းနှင့် ဆက်သွယ်ရေးနည်းစနစ်များ
(Technical Writing and Communication Skills)
(ဎ) သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုနည်းလမ်းများ
(Disaster Management)
(ဏ) ဟင်းသီးဟင်းရွက်များမျိုးစေ့ထုတ်လုပ်ခြင်း
(Seed Productions in Vegetable Crops) စသည်တို့ကို စနစ်တကျ သင်ယူ လေ့လာနိုင်ပါသည်။
မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေး (Quality Seed Production) နှင့် မျိုးစေ့သိပ္ပံ၊ နည်းပညာ (Seed Science and Technology) သည် ကျွန်တော်တို့နိုင်ငံတော်စိုက်ပျိုးရေးကဏ္ဍအတွက် အလွန် အရေးကြီးသော ဘာသာရပ်များထဲမှ တစ်ဘာသာဖြစ်ပါသည်။ ပညာရှင်များစွာ မွေးထုတ်ပြီး သင်ကြားရေး (Education)၊ သုတေသနပြုရေး (Research)၊ ပညာပေးရေး (Extension) များစွာ ပြုလုပ်ရပါဦးမည်။
ဆက်လက်ပြီး ၁၉၉၃ - ခုနှစ် စိုက်ပျိုးရေးပညာဘွဲ့ရ မကွေးတိုင်း၊ ပွင့်ဖြူမြို့၊ မုံးသီတာ မျိုးစေ့ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဉီးဌေးရှိန်နှင့်ကျွန်တော် (ဆရာတပည့်နှစ်ယောက်) အင်တာဗျူးကိုတင်ပြပါမည်။

မေး။ ဦးဌေးရှိန် ဒီမျိုးစေ့ကို ဘာကြောင့် စိတ်ဝင်စားလိုက်တာလဲ။ စိတ်ဝင်စားခြင်း အကြောင်းရင်းက ဒီမျိုးစေ့ခြံမှာ လုပ်လိုက်လို့လား။
ဖြေ။ ကျွန်တော်စိတ်ဝင်စားတာက မျိုးစေ့ခြံမှာ လုပ်နေတာလည်းပါတယ်။ နောက်တစ်ခုကကျတော့ ၂၀၀၈ လောက်ကလို့ ထင်တယ်။ အဲဒီတုန်းက နိုင်ငံတော်ကအတွင်းရေးမှူးနဲ့တူတယ်၊ သူက ခြံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ခေါ်ပါတယ်။ အဲဒီတုန်းက အစ္စရေးက ပြန်လာပြီးပြီ၊ လွိုင်ကော်ခြံမှာရောက်နေပြီ။ သူက ခြံလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မျိုးစေ့လုပ်ငန်း မရှိမဖြစ် လိုအပ်တယ်။ ဒီဌာနမှာ ဌာနဆိုင်ရာ ခြံတွေနဲ့တင်မလုံလောက်ဘူး၊ ပုဂ္ဂလိကတွေကလည်း ပါဝင်သင့်တယ်လို့ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့က မျိုးစေ့ ခြံမန်နေဂျာတွေကို ဖိတ်တာပေါ့။ အဲဒီမှာ ဒေါက်တာရဲတင့်ထွန်းကလည်း စာတမ်းဖတ်တာပေါ့။ အဲဒီမှာပဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေလည်း ပါလာတာပေါ့။ အဲဒီမှာ ကျွန်တော်လည်း ပုဂ္ဂလိကလုပ်ငန်းကို စိတ်ဝင်စားတယ်။ လမ်းစလေး ပေါ်လာတဲ့အခါကျတော့ ပုဂ္ဂလိကလုပ်ငန်းကို လုပ်မယ်ဆိုပြီးတော့ အလုပ်ကို ထွက်လိုက်တော့တယ်။ အဲဒီအချိန်မှာ ဘာလဲဆိုတော့ လုပ်ငန်းရှင် တစ်ယောက်ရှိတယ်လေ။ ဦးကြည်စိန်နဲ့ တွေ့ပြီး လုပ်ငန်းတွေလုပ်ကြမယ်။ ကျွန်တော်က နည်းပညာပိုင်းတွေလုပ်မယ်ဆိုပြီး အဲဒီမှာ အလုပ်စဖြစ်တာပဲ။
မေး။ ဘာကြောင့်ပွင့်ဖြူကိုရွေးတာလဲ။
ဖြေ။ ဘာကြောင့်ပွင့်ဖြူကို ရွေးတာလဲဆိုတော့ ပွင့်ဖြူက ဆည်ရေသောက်သေချာတယ်။ ရာသီဥတုအရ မျိုးအတွက် မိုးများလို့၊ မိုးနည်းသွားတာတို့၊ ရေစိုတာ၊ ပျက်စီးတာ၊ ရေကြီး နစ်မြုပ်တာတွေမရှိနိုင်ဘူးပေါ့။ ဆည်ရေသောက်သေချာတာရယ်၊ ပျက်စီးဆုံးရှုံးမှု စွန့်စားမှု (risk) ယူရတာနည်းတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ရွေးလိုက်တာ။
မေး။ အဲဒီကနေပြီးတော့ ၂၀၀၈ မှာ အစိုးရအလုပ်ထွက်လိုက်ပြီဟုတ်လား။
ဖြေ။ ၂၀၁၂ ကျမှ ထွက်လိုက်တာပါ။ အစိုးရအလုပ်နဲ့တွဲလုပ်ပြီး ဦးကြည်စိန်ကို အကြံပြုနေတာပေါ့။ အဲဒီအချိန်မှာ အတွေ့အကြုံတွေက ရနေပြီ။
မေး။ လွိုင်ကော်ကနေ ပွင့်ဖြူကို ဘယ်လိုပုံစံမျိုးနဲ့ရောက်တာလဲ။
ဖြေ။ ခဏနေတော့ကျ လွိုင်ကော်ကနေ ပွင့်ဖြူပြောင်းတာပဲ၊ အဲဒီအစည်းအဝေးတက်ပြီးတဲ့နောက်ပိုင်း မှာ ပွင့်ဖြူပြောင်းတာ ၂၀၀၇ ထဲမှာ ပြောင်းတာ။
မေး။ ဘာကြောင့် တို့နိုင်ငံမှာ ပုဂ္ဂလိက မျိုးစေ့ထုတ်ကဏ္ဍ တကယ်အရေးကြီးတာလဲ။ ခင်ဗျားရဲ့ အတွေးအခေါ် (Idea) ကိုပြောပြပါဦး။ အစိုးရကလည်းမျိုးထုတ်ပေးနေတာပဲ၊ ဒါပေမဲ့ ဘာကြောင့် အရေးကြီးတယ် ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ အစိုးရက ပညာပေးနေပေမဲ့၊ အစိုးရက ထုတ်လုပ်နိုင်မှုက အဲဒီတုန်းက ကျွန်တော်တို့မှာ မျိုးစေ့ခြံ (၃၂) ခြံ ပဲရှိတယ်။ တင်းပေါင်း တစ်သိန်းဆိုတာ အများဆုံးဘဲ။ လိုအပ်ချက်ကအများကြီး၊ အဲဒီတော့ ဘာတွေလိုအပ်တယ်ဆိုပြီးတော့ ကျွန်တော်က ဒီကဏ္ဍက တစ်ကယ်လိုကိုလိုတယ်၊ ဉီးကြည်စိန်ကလည်း ဒီဥစ္စာကိုလုပ်ချင်နေတယ်ဆိုတော့ ဒီကဏ္ဍကို ကျွန်တော်တို့ ဖြည့်ဆည်းပေးကြမယ်ဆိုပြီးတော့ ကျွန်တော် လည်း အလုပ်ထွက်ခဲ့တယ်။ သူလည်းအဲဒီမှာ စက်ရုံတွေဘာတွေဆောက်ပြီးတော့ စတာပေါ့။
မေး။ စလုပ်လိုက်တဲ့အချိန်မှာ စိန်ခေါ်မှုတွေကတော့အများကြီးပဲ၊ သို့သော် အများကြီးထဲကမှ အရေးကြီးဆုံး (၃) ခုလောက် ပေးမယ်ဆို ဘာတွေပေးမလဲ။
ဖြေ။ နံပါတ် (၁) ကိုတော့ ရင်းနှီးမြှုပ်နှံမှု (Investment)၊ ကျွန်တော်တို့က အဲဒီဟာကို လုပ်ချင်လွန်းလို့သာ ကျွန်တော်တို့က လုပ်တာ၊ ကျွန်တော့်လက်ထဲမှာ ဆုပ်ကိုင်မိမှ ကျွန်တော်ထွက်တာမဟုတ်ဘူးလေ။ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ ဉီးကြည်စိန့်ရဲ့ စက်ရုံကြီးကကြီးလွန်းနေတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေက မလိုက်နိုင်သေးဘူး။ မလုပ်နိုင်တဲ့အခါကျတော့ စက်ရုံကလည်း ဒီအပေါ်မှာ အမြတ်ရဖို့မလွယ်ဘူး။ အဲဒါနဲ့ ဉီးကြည်စိန် ခင်ဗျားစက်ရုံကြီးကကြီးတယ် တောင်သူတွေက မလိုက်လာနိုင်သေးတဲ့အတွက်ကြောင့် တောင်သူတွေလိုက်တဲ့အချိန် ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ကျွန်တော်လုပ်မယ်၊ ကြီးလာပြီဆိုရင် ခင်ဗျားစက်ရုံကြီး ကျွန်တော်တို့သုံးမယ်၊ အဲဒီမှာတင် ကိုယ့်ဘာသာ ကိုယ်လုပ်ဖို့ အကြောင်းဖန်လာတာပဲ။
မေး။ အဲဒီကနေပဲ ဆက်ပြောပါဉီး။
ဖြေ။ ကျွန်တော်ခုနက ပြောသလိုပဲလေ။ စက်ရုံကြီးကလည်း ကြီးလွန်းနေတယ် တောင်သူလယ်သမားတွေကလည်း မလိုက်လာနိုင်သေးဘူး။ မျိုးစေ့စက်ရုံကလည်း ထုတ်လောက်အောင် သူ့စွမ်းအား (Capacity) ကလည်း များတာကို၊ တစ်နေ့ကို တန် (၂၀၀)၊ ဒါပေမဲ့ ဝယ်လိုအား (demand) ကမရှိဘူး၊ အဲဒီလိုမျိုး ဖြစ်နေတဲ့အခါကျတော့ လက်ငင်းလည်းပဲ ရှုံးနေတဲ့အခါကျတော့၊ ပိုက်ဆံကလည်း ပေးနေရတဲ့အခါကျတော့ ကျွန်တော်လည်း ငုတ်တုတ်ထိုင်မနေချင်ဘူးလေ။ ဒီရှုံးနေတဲ့ စက်ရုံကို ဆက်မလုပ်ချင်တော့ဘူး။ အဲဒီမှာ ကိုယ်ဘာသာ လုပ်ဖို့ စတော့တာ၊ မြေနေရာရှာတော့တာ၊ မြေရှာတော့ဘာဖြစ်လဲဆိုတော့ စက်မှု(၁) ဝန်ကြီးဌာနကို ကျွန်တော်ရောက်သွားတယ်။ ၂၀၁၃ ထဲမှာပဲ။ အဲဒီမှာ သူက သူတို့မြေလေး ၁၈၀ ဧကကို ငှားဖို့ပြောတယ်။
မေး။ ၂၀၁၅ မှာ အဲလိုလုပ်လိုက်တဲ့အချိန်ကနေပြီးတော့ ၂၀၂၀ ထဲပေါ့ ရောက်တဲ့အထိ။ အဲဒီအပေါ်မှာ ကြုံတွေ့ခဲ့ ရတဲ့ အတွေ့အကြုံလေးတွေ၊ မျိုးစေ့ထုတ်လိုက်တဲ့၊ ရောင်းချတဲ့ စျေးကွက်မဟာဗျူဟာ (Marketing၊ Strategy) တွေကို နည်းနည်း ပြောလို့ရမလား။
ဖြေ။ ရတယ်ဆရာ။ အဲဒီတော့ စောစောကပြောတဲ့ ကျွန်တော်တို့ နံပါတ် (၁) စိန်ခေါ်မှု (challenge) က အရင်းအနှီး၊ အဲဒါကို ဘယ်လိုဖြေရှင်းလဲဆိုတာ ရှိသေးတယ်။ အဲဒါကို ဘယ်လိုဖြေရှင်းလဲဆိုတော့ ကျွန်တော်က ဟို လက်ထဲမှာ မရှိတဲ့အခါကျတော့ ကျွန်တော့်အိမ်၊ ကျွန်တော့်မှာ နှစ်ထပ်တိုက်ကလေးနဲ့ အိမ်ရှိတယ်။ မိဘ ဘိုးဘွားပိုင်ဖြစ်နေတယ်၊ အဲတာပေါင်လိုက်တာ။ ပုဂ္ဂလိကဘဏ်ပဲ။ ကံကောင်းတာက အဲဒီဘဏ်မန်နေဂျာက အရင်ကျွန်တော့်လုပ်ငန်းတွေဆီကိုဖိတ်တော့ သူကလာကြည့်တော့ သူက လုံးဝအားပေးတယ်ဗျာ။ ပထမဆုံး စိန်ခေါ်မှုက အိုကေသွားပြီ။
မေး။ နောက် စိန်ခေါ်မှုက။
ဖြေ။ လယ်ယာသုံးစက်ကိရိယာတွေဝယ်ဖို့၊ အဲဒီမှာ ဘယ်လိုဝယ်မလဲဆိုတာဖြစ်လာပြီ။ အဲဒါကလည်း အရစ်ကျစနစ် (installment) နဲ့ဝယ်လို့ရတော့ အိုကေသွားတယ်။
မေး။ အဲဒီအချိန်မှာ ငွေချေးပြီးတော့ စပြီးတော့ မြေငှားတယ်၊ နောက်တစ်ခါ အဆောက်အဦကတော့ ကိုယ့်ဘာသာကိုယ်ဆောက်တယ်ပေါ့။
ဖြေ။ အဆောက်အဦကတော့ ၂၀၁၆ ထဲမှာ ဆောက်တာ။
မေး။ အင်းပြောပါဦး၊ မြေငှားပြီးတော့ အဲဒီမြေ ၁၈၀ ဧကလုံးကို အခုထက်ထိငှားနေတုန်းပေါ့။
ဖြေ။ ဟုတ်ကဲ့ အခုထိငှားထားတုန်း၊ စပါးလည်းစိုက်၊ နှမ်းလည်းစိုက်၊ စိုက်ကွင်းမန်နေဂျာ (Farm manager) သဘောမျိုး ဖြစ်သွားတာပေါ့။
မေး။ နောက်ဝန်ထမ်းပြဿနာကကော။
ဖြေ။ ဝန်ထမ်းကတော့ ကျွန်တော်ကံကောင်းတယ်လို့ ပြောရမှာပေါ့။ စိတ်တူကိုယ်တူလေးတွေ၊ တကယ့် စိတ်ဝင်စားတဲ့ စိုက်ပျိုးရေးဘွဲ့ရလေးတွေရှိတယ်။ စျေးကွက် (Marketing) ကတော့ ကျွန်တော်တို့ အခုထက်ထိရင်ဆိုင်နေရတဲ့ ပြဿနာပေါ့။ သေချာပေါက်ဈေးကွက်မရှိဘဲ ထုတ်ရတဲ့အခါကျတော့ စွန့်စားရတယ်။ တစ်ခါတစ်လေမှာ ဈေးကွက်အပြောင်းအလဲကြောင့်မို့လို့ မဝယ်တော့ဘူး။ ၂၀၁၆ က စတွေ့တာ။
မေး။ နောက် အကြွေးပေးလား။ အကြွေးရော ပြဿနာတက်နိုင်လား။
ဖြေ။ အကြွေးလည်း နည်းနည်းတော့ပေးတယ်။ တောင်သူကို ပေးတာတော့မဟုတ်ဘူး။ ကြားထဲက ဝယ်တဲ့သူ ကိုပေးတာ အဲဒါလေးတွေတော့ နည်းနည်းပြဿနာရှိတယ်။ ရက်ကြာတာလေးတွေရှိတယ်။ ၉၇% လောက် ပြန်ရပါတယ်။
ကျွန်တော်က ရွှေဘိုကို ၂၀၁၂ လောက်မှာ သွားလည်လိုက်တော့ အဲဒီမှာ ရွေဘိုပေါ်ဆန်းကလည်း ဈေးကွက်မှာ ထိပ်ကိုရောက်နေပြီ။ ဒါပေမဲ့ ရွှေဘိုကို သွားလည်းလည်လိုက်ရော၊ လယ်ကွင်းတွေ သွားကြည့်တယ်၊ တောင်သူအိမ်တွေကို သွားကြည့်တယ်၊ သူတို့ မျိုးသန့်ထုတ်တယ်ဆိုတဲ့ တလုံးဆိုတဲ့ ရွာပေါ့၊ အဲဒီမှာ စိုက်ပျိုးရေးဘွဲ့ရ ရှိတယ်။
မေး။ လက်ရှိအနေအထားအရ စာရင်းဇယား (Data) လေးမေးကြည့်တာပါ။ မျိုးစေ့ပေါ့ ကုမ္ပဏီကနေ ဧကဘယ်လောက် ဖြန့်နိုင်လဲ။
ဖြေ။ ဧကသုံးရာကို ဆရာရယ် တင်းသုံးသောင်း၊ သုံးသောင်းခွဲ မျိုးသန့်မျိုးစေ့ (Registered Seed RS) ပေါ့၊ တောင်သူမျိုးစေ့ပြန်ထုတ်နိုင်တဲ့ဟာပေါ့။ တစ်ဧကတစ်တင်းနှုန်းနဲ့ သုံးသောင်းခွဲကနေ ငါးသောင်းကြားရှိတယ်။ ဆက်မတက်လို့မရဖြစ်တာ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်ကိုခန့်မှန်းရ (focus) ခက်တာ။ ၂၀၁၅ မှာ ရောင်းအကောင်းဆုံးပဲ။ ၂၀၁၆ ကျတော့ ပမာဏကတော့ ရောင်းနေရတယ်၊ ဒါပေမဲ့ ကျွန်တော်ထုတ်တာက ပိုပိုထုတ်လာတာကြောင့်ဈေးကွက်ကို မလွှမ်းခြုံနိုင်တာ၊ ရောင်းအားကတော့တက်တယ်။ မြတ်လည်း မြတ်ပါတယ်။ အကြွေးလည်း နည်းနည်းပဲ ဆပ်စရာကျန်တော့တယ်။ စက်ရုံရသွားပြီ၊ တစ်နေ့ကို ၂၄ တန်ကျတယ်။ ကိုစိုးလင်းထွန်း (၂၀၀၁ စိုက်ပျိုးရေးဘွဲ့ရ) ရဲ့ ကုမ္ပဏီ နယူးဧရာက ကျွန်တော့်ထက်ပိုထုတ်နိုင်တယ်။ မုံးသီတာရှိတယ်၊ နယူးဧရာရှိတယ်၊ မြန်မာ့ဩဘာက အာဗန်တီးနဲ့လုပ်တယ်၊ ဒါပေမဲ့ သူတို့လုပ်တာတွေက ကျွန်တော်တို့လို မျိုးစေ့ အခြောက်ခံစက် (seed dryer) တွေ၊ မျိုးစေ့ပြုပြင်မွန်းမံခြင်း (seed processing) တွေ မရှိပါဘူး။ မန္တလေးမှာ ဒေါ်နေခြည်ထွေးဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်လုပ်နေတယ်။ စစ်ကိုင်းက အမျိုးသမီးလေးကျတော့ ယာသီးနှံတွေထုတ်တယ်။
ဆန်စက်ဘယ်လောက်ကောင်းကောင်း တောင်သူကမျိုးမသန့်သမျှ ဆန်စက်ပိုင်က ဘယ်လိုမှ ကောင်း အောင် ကြိတ်လို့မရဘူး။ စပါးမကောင်းရင်ဆန်မကောင်းဘူး၊ ဆန်စက်တွေ ဘယ်လောက်ကောင်းကောင်း။ ဆန်မကောင်းတော့ နိုင်ငံခြားတင်ပို့ (export) ရာမှာ ဒုက္ခရောက်ပြီးတော့ အဲဒီပြဿနာတွေက လယ်သမားဆီ ပြန်ရောက်တာပဲ။
ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြားပို့သူတွေ (exporter) တွေက အများစု ၉၈ ရာခိုင်နှုန်းမကဘူး။ ၉၉ လောက်ပြောလို့ရတယ်။ သူတို့ စျေးကွက် (market) ကိုပဲလေ့လာတယ်။ စျေးကွက်ကိုပဲ စိတ်ဝင်စားတယ်။ ဈေးကွက်ထဲမှာရှိတဲ့ စပါးကိုပဲ၊ ဆန်ကိုပဲ၊ တစ်ချို့ဆို စပါးကိုမစဉ်းစားတော့ဘူး၊ ဈေးကွက်ထဲမှာရှိတဲ့ ဆန်ကိုပဲကြည့်တယ်။ ဈေးကွက်ထဲ ရှိတာကိုပဲဝယ်လိုက်တယ်။ အဲဒီဟာသည် ဒေါ်လာနှစ်ရာတန်တယ်ဆို နှစ်ရာပဲရောင်းတယ်၊ ဒါကို ပူးပေါင်းပြီးတော့ လုပ်ဖို့ဟာမပါဘူး။
ဆိုလိုတာက ဆရာရယ် exporter က သူက လိုချင်တယ် အရည်အသွေးကောင်းဆန် (good quality rice) ကို လိုချင်တယ်ဆိုရင် သူက ဘယ်မျိုးတွေကောင်းတယ်၊ မျိုးစေ့ကုမ္ပဏီတွေနဲ့ ချိတ်ရမယ်၊ ချိတ်ပြီးလို့ရှိရင် မျိုးလိုအပ်ချက် (demand) တွေ တွက်တတ်ရမယ်၊ ကျွန်တော်တို့က ထုတ်လုပ်ပေးရမယ်၊ သူတို့က မျိုးစေ့ကိုဝယ်ပြီးတော့ တောင်သူတွေကို ဒီမျိုးကို စိုက်ပေးဆိုပြီးတော့ မျိုးပေးရမယ်၊ ဓါတ်မြေဩဇာပေးရမယ်၊ နည်းပညာပေးရမယ်၊ စိုက်ပျိုးရေးက ကူညီပြီးရင် ထွက်လာတဲ့ဟာကိုဝယ်။ ဝယ်ပြီးလို့ ကြိတ်ရောင်းရင် ဒီကောင် အရည်အသွေး (quality) ကောင်းပြီလေ။ ဈေးကွက်ကောင်းပြီလေ။
ကုန်သည်ကြီးတွေက လယ်သမားကို ရော့ငါးသောင်းဆိုပြီး ပေးလိုက်ပြီး မျိုးကြိုက်တာဝယ်ကွာ လုပ်တာ။
အဲဒါက အဓိကပြဿနာပဲ။
ဗီယက်နမ်က ကျွန်တော်တို့ကို စိတ်ဝင်စားတယ်။ ဗီယက်နမ်နဲ့ ကျွန်တော်တို့စကားပြောဖူးတယ်။ သူတို့ မျိုးသွင်းမယ်။ စိုက်ပြီးလို့ အဆင်ပြေလာပြီဆိုရင် ကျွန်တော်တို့နဲ့ပေါင်းပြီး ဒီမှာထုတ်မယ်။ အခု အဲဒါ ပူးပေါင်းမှုကို စအကောင်အထည်ဖေါ်ဖို့ လုပ်နေပြီ။
(အလွန်စိတ်ဝင်စားဖို့ကောင်းသော အင်တာဗျူးပါ။ သူလိုလူမျိုး ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုစီတွင် အနည်းဆုံး တစ်ဦးစီရှိပါက သီးနှံ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေး အောင်မြင်ပါပြီ)
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မျိုးစပါး
ဒေါက်တာမျိုးကြွယ်
3 years agoဖုံးနံပါတ်နဲ့လိပ်စာလေးပေးပို့ပါလား၊ စာအုပ်လက်ဆောင်ပေးခြင်လို့ပါ စနေနေ့ည ၈-နာရီတိုင်း ရွေရောင်လွင်ပြင် Golden Plains livelihood development services Facebook page မှ စိုက်ပျိုးရေးဆိုင်ရာဗဟုသုတများဆွေးနွေးလျှက်ရှိပါတယ်၊ မှတ်ပုံတင် registration ပြုလုပ်ပြီး zoom နဲ့ပါဝင်မေးမြန်းဆွေးနွေးနိုင်ပါတယ်၊
thanzaw lin
4 years agoစာအုပ် ရရင် သိပ်ကောင်းမှာဘဲဗျို့
ဦးခင်ရှိန်
4 years agoဆရာဦးဌေးရှိန်ကို မျိုးစေ့ထုတ်ခြံကို မြင်တွေ့သဘောကျပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာမျိုးကြွယ်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....