Green Way
ဇီဝနည်းဖြင့် ပိုးမွားရောဂါများကာကွယ်ခြင်း

ဇီဝနည်းဖြင့် ပိုးမွားရောဂါများကာကွယ်ခြင်း

ဒီတစ်ခါတော့ ဇီဝပိုးသတ်ဆေးများဖြင့် ပိုးမွားရောဂါများကို ကာကွယ်နှိမ်နှင်းခြင်း၊ ဇီဝ ပိုးသတ်ဆေးများအကြောင်းကို ဆက်လက်ဆွေးနွေးပါမည်။ ဇီဝပိုးသတ်ဆေးအပြင် ဇီဝနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်းစနစ်များ (Biological Control Systems) ကသီးသန့်ရှိပါသည်။

ဇီဝနည်းဖြင့်ထိန်းချုပ်မှု၊ ကာကွယ်နှိမ်နှင်းခြင်း (Biological Control) ဆိုသည်မှာ သီးနှံ များကို ထိခိုက်စေတဲ့ ပိုးမွှားများ၊ အပင်ရောဂါများ၊ ပေါင်းမြက်များကို သဘာဝအတိုင်း ရှိနေတဲ့ သက်ရှိအကူအညီများ သို့မဟုတ် သဘာဝမှရရှိတဲ့ နည်းလမ်းများနဲ့ ထိန်းချုပ်၊ ကာကွယ်သောနည်းလမ်းများ ဖြစ်ပါသည်။ ဤစနစ်သည် ပေါင်းစည်း၊ စုပေါင်း ပိုးမွှား စီမံခန့်ခွဲမှု (Integrated Pest Management - IPM) ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဓာတုပိုးသတ်ဆေး၊ ရောဂါသတ်ဆေး၊ ပေါင်းသတ်ဆေးများကို လျှော့သုံး နိုင်စေကာ သီးနှံထုတ်လုပ်မှုနဲ့ ပတ်ဝန်းကျင်ကိုပါ ကာကွယ်ပေးနိုင်သော နည်းလမ်းများ ဖြစ်ပါသည်။

ဤဇီဝထိန်းချုပ်မှုမှာ ပိုးမွှား၊ ရောဂါများဖြစ်ပွားမှုတွေကို လျှော့ချပေးသည့် သဘာဝ ရန်သူ တွေဖြစ်သော သားရဲကောင်များ (Predators)၊ ကပ်ပါးပိုးများ (Parasitoids) နဲ့ ရောဂါ ဖြစ်စေသော အဏုဇီဝများ (Pathogens) ကို အသုံးပြုပါသည်။ ကွင်းအတွင်း သီးနှံ စိုက် ပျိုးစနစ်တွေမှာတော့ ပျ (Aphid) များကိုစားတဲ့ လိပ်ခုံးကျိုင်း (Lady Bird Beetle) လို အကျိုးရှိပိုးများ၊ ဖျက်ပိုး (Insect Pests) တွေကို ကပ်ပါးဖြစ်စေတဲ့ နဂျီ (Wasp) များ၊ ဘက်တီးရီး ယား၊ ဗိုင်းရပ်စ်၊ မှို အခြေပြု ဇီဝပစ္စည်းများကိုလည်း အသုံးပြုနိုင်ပါသည်။

Predatory insects for Pest Control

ပုံ - ၁ ဒါးခုတ်ကောင်နှင့်လိပ်ခုံးကျိုင်းများဖျက်ပိုးများကိုစားသောက်နေပုံ (Predators)

တကယ်တော့ ဤနည်းပညာများ၏ အဓိကဘာသာကြီးများ၊ ပညာရပ်ကြီးများ ဖြစ်သော  (က) ကိမိလဗေဒပညာ (Entomology)

(ခ) အပင်ရောဂါဗေဒပညာ (Plant Pathology) နှင့်

(ဂ) စိုက်ပျိုးရေးဆိုင်ရာအနုဇီဝပညာ (Agricultural Microbiology) တို့ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ်-၃၆၊ ၃၇၊ ၄၃ တွင် မိတ်ဆက်အနေနှင့် ရေးသားဆွေးနွေးခဲ့ပါသည်၊

အဓိကနည်းလမ်းများ

ဇီဝထိန်းချုပ်မှုမှာ အများအားဖြင့် နည်းလမ်း ၃ မျိုး ရှိပါတယ်။

  • Conservation biological control — လက်ရှိ လယ်၊ ယာ၊ ကွင်းပြင်မှာ ရှိပြီးသား အကျိုးရှိသက်ရှိ (Beneficial insects and microbes) တွေကို ကာကွယ်ပြီး များလာအောင် အခြေအနေကောင်းများ ဖန်တီးပေးခြင်း။

  • Augmentation biological control — လိုအပ်သည့်အခါ အကျိုးရှိသက်ရှိများကို ထပ်မံလွှတ်ပေးခြင်း။

  • Classical biological control — ပိုးမွှားရဲ့ မူရင်းဒေသမှ သဘာဝရန်သူများ (Natural enemies) ကို ယူဆောင်ပြီး ရေရှည်ထိန်းချုပ်နိုင်အောင် လုပ်ခြင်း။

ဒီနည်းလမ်းတွေကို သီးနှံအလှည့်ကျစိုက်ပျိုးခြင်း၊ စိုက်ချိန်ရွေးချယ်ခြင်း၊ အပင်ရောနှော စိုက်ပျိုးခြင်း၊ ပိုးဒဏ်ခံမျိုးစေ့သုံးခြင်း စတာတွေနဲ့ ပေါင်းစပ်အသုံးပြုရင် ပိုထိရောက်ပါ သည်။

အကျိုးကျေးဇူးများ

ဇီဝထိန်းချုပ်မှု/ကာကွယ်နှိမ်နှင်းမှု၏ အဓိကအကျိုးကျေးဇူးက ပိုးသတ်ဆေးတွေ သုံးစွဲ ချင်းထက် ပိုမိုရွေးချယ်ထိန်းချုပ် ကာကွယ်နိုင်ခြင်းပါ။ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်း စေပြီး ပိုးမွှားတွေ ပိုးသတ်ဆေးယဉ်ပါးလာတာကိုလည်း လျှော့ချပေးနိုင်ပါသည်။ တချို့ ကိစ္စတွေမှာတော့ စတင်အသုံးပြုပြီးနောက် ရေရှည် တည်တံ့ခိုင်မြဲမှု (Sustainability)၊ ထိန်းချုပ်မှုကို ကိုယ်တိုင် ဆက်လက်လုပ်ဆောင်နိုင်တဲ့ သဘောရှိပါသည်။

ကန့်သတ်ချက်များနှင့် အန္တရာယ်များ

ဒါပေမဲ့ ဇီဝထိန်းချုပ်မှုက အခြေအနေတိုင်းအတွက် ပြည့်စုံတဲ့ အစားထိုးနည်းလမ်းတော့ မဟုတ်ပါ။ ပိုးမျိုးကို မှန်မှန်ကန်ကန် ခွဲခြားသိရှိမှု၊ အသုံးချချိန်မှန်ကန်မှု၊ ရာသီဥတု၊ လယ် ယာကွင်းအခြေအနေ၊ အခြားစိုက်ပျိုးရေးလုပ်ငန်းစဉ်များနဲ့ ကိုက်ညီမှုတို့ပေါ် မူတည်ပါ သည်။ အချို့ဇီဝထိန်းချုပ်ရေးပစ္စည်းတွေက ဓာတုပိုးသတ်ဆေးလို ချက်ချင်း မထိရောက် နိုင်တာကြောင့် သည်းခံစောင့်ကြည့်မှုလည်း လိုအပ်ပါသည်။ ဓာတုဆေး လျှော့သုံးပြီး နည်းလမ်းပေါင်းစုံ စုပေါင်းနှိမ်နှင်း ဆောင်ရွက်သည့်စနစ် (IPM – Integrated Pest Management) ကို ဆောင်ရွက်ရန်လည်း အကြံပြုပေးလိုပါသည်။ 

ဇီဝကာကွယ်နှိမ်နှင်းမှု (Bio-protection) တွင် ပါဝင်သော နည်းလမ်းအမျိုးအစားများ

(က) Biological Control Agents (အသက်ရှိကာကွယ်ရေးစနစ်များ)

သီးနှံကို ကာကွယ်ရန် အသုံးပြုသော အသက်ရှင်သက်ရှိများ ဖြစ်သည်။

ဥပမာများ - တြိုဂိုဒါးမား (Trichoderma) မြေဆီလွှာတွင် ရောဂါပိုးများကို ထိန်းချုပ် နိုင်သောမှို၊ ဘက်စီလပ် (Bacillus thuringiensis) ဖျက်ပိုးလောင်းများကို သတ်နိုင်သော ဘက်တီးရီးယား၊ ဆူဒိုမိုးနပ် (Pseudomonas fluorescens) ရောဂါကို တားဆီးပြီး အပင်ကြီးထွားမှုကို ကူညီသော ဘက်တီးရီးယား

အခြားအမျိုးအစားများ - Predators (ဖျက်ပိုးများကိုစားသော သတ္တဝါများ)၊ Parasitoids (ဖျက်ပိုးထဲတွင် ဥချသော သတ္တဝါများ)၊ Pathogens (ပိုးကို ရောဂါဖြစ်စေသော အနုဇီဝပိုးများ)

Parasitoid | Predators, Insects, Hosts | Britannica

Insect Parasitoids: Important Natural Enemies of Pests | Entomology

ပုံ - ၂ ပါရာဆီတွိုတ် (Parasitoids) အမျိုးမျိုး

(ခ) Biopesticides (သဘာဝပိုးသတ်ဆေးများ)

သဘာဝမှ ထုတ်လုပ်ထားသော ပိုးသတ်ဆေးများ ဖြစ်သည်။

အမျိုးအစားများ Microbial pesticides (အနုဇီဝပိုးများပါဝင်သောပိုးသတ်ဆေး)၊ Botanical pesticides (အပင်မှ ထုတ်ယူသော ပိုးသတ်ဆေး)၊ Biochemical pesticides ဇီဝဓာတုပိုးသတ်ဆေး (Pheromone စသည်) 

ဥပမာ - တမာပင်အဆီ (Neem oil - Azadirachta indica မှထုတ်)၊ ဘက်စီလတ် ဖျန်းဆေး (Bacillus-based sprays)

ပုံ - ၃ အပင်မှထုတ်ယူသောပိုးသတ်ဆေးအမျိုးမျိုး

(ဂ) Breeding for Plant Resistance (ပိုးမွားရောဂါဒါဏ်ခံနိုင်ရှိသောအပင်များမွေးမြူ ထုတ်လုပ်ခြင်း)

ပိုးမွားရောဂါခံနိုင်ရည်ရှိသော အပင်မျိုးစိတ်များ အသုံးပြုခြင်း၊ အပင်၏ ကိုယ်ခံအား စနစ်ကို လှုံ့ဆော်၍ ခံနိုင်ရည်ရှိစေခြင်း

ဥပမာ - ခံနိုင်ရည်ရှိစနစ်ထိုးသွင်း၍မျိုးထုတ်ခြင်း  (Induced Systemic Resistance - ISR)

စာရေးသူအတွေး

ဓာတုဓာတ်မြေဩဇာ၊ ဓာတုပိုးသတ်ဆေးများ တွင်ကျယ်စွာ အသုံးပြုနေသော စာရေးသူ တို့ကမ္ဘာကြီးနိုင်ငံအများစုထဲမှ ကျန်းမာရေးနှင့်ညီညွတ်၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက် ပျိုးရေးလည်းဖြစ် ဓာတုပစ္စည်းလည်း သုံးစွဲမှု လျှော့ချ နိုင် ဤနည်းပညာများကို အမျိုး သား အဆင့် ပညာရှင်အဖွဲ့များစွာ (ဥပမာ - မြန်မာလယ်ယာသီးနှံစိုက်ပျိုးရေး ပညာရှင် များအဖွဲ့ (Agronomy Society of Myanmar)၊ မြန်မာဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး ပညာ ရှင်များအဖွဲ့ (Horticulture Society of Myanmar)၊ အမျိုးသားအဆင့်မြေဆီလွှာသိပ္ပံ ပညာရှင် များအဖွဲ့ (National Soil Science Society)၊ မြန်မာအပင်ကာကွယ်ရေး ပညာရှင်များအဖွဲ့ (Plant Protection Society of Myanmar)၊ စသည်တို့ ဖွဲ့စည်း၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (R&D – Research and Development) များစွာ ဆောင်ရွက် သင့်ပါပြီဟူ၍ အကြံပြုပါရစေ။ 

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Birch, N. (2020) Biopesticides for Sustainable Agriculture. Burleigh Doggs Science Pub. 618p.

 

CABI (2007) Ecologically Based Integrated Pest Management. CABI. 462p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....