ပတ်ဝန်းကျင်ကိုထိန်းချုပ်စိုက်ပျိုးရေးတွင်ပါဝင်သည့် ထောင်လိုက်စိုက်ပျိုးရေး
ထောင်လိုက်စိုက်ပျိုးရေးဆိုသည်မှာ စိုက်ပျိုးရေးနည်းလမ်းအသစ်တစ်မျိုးဖြစ်ပြီး အပင်များကို အလွှာအလိုက် အမြင့်ပေါ်တက်စီစဉ်သော (Vertical Layers) အဆောက် အဦးများ၊ ဂိုဒေါင်များ သို့မဟုတ် ကုန်သေတ္တာ (Container) များအတွင်း ထိန်းချုပ် ထားသောပတ်ဝန်းကျင် (Controlled Environment) တွင် စိုက်ပျိုးသည့်စနစ်ဖြစ်သည်။
ဤနည်းလမ်းသည် ပတ်ဝန်းကျင်ကိုထိန်းချုပ်စိုက်ပျိုးရေး (Controlled Environment Agriculture - CEA) ဟုခေါ်သော စိုက်ပျိုးရေးနည်းပညာအမျိုးအစားတွင် ပါဝင်သည်။
ပုံ - ၁ ထောင်လိုက်စိုက်ပျိုးရေး နမူနာပုံ
ထောင်လိုက်စိုက်ပျိုးရေးတွင် အများအားဖြင့် အသုံးပြုသောနည်းပညာများမှာ -
-
အယ်လ်အီးဒီ မီးအလင်းစနစ် (LED- Light Emitting Diode)
-
မြေမဲ့စိုက်ပျိုးခြင်း (Hydroponics Aeroponics)
-
အပူချိန်နှင့် အစိုဓာတ် ထိန်းချုပ်စနစ်
-
အလိုအလျှောက် (Automation) နှင့် ဉာဏ်ရည်တု (AI – Artificial Intelligence) စနစ်များ စသည်တို့ဖြစ်ကြသည်။
ဤစနစ်ကို မြို့ပြဒေသများ၊ မြေဧရိယာနည်းပါးသောနေရာများတွင် အထူးသင့်လျော်စွာ အသုံးပြုနိုင်ပါသည်။
ပုံမှန် စိုက်ပျိုးရေးတွင် — အပင်များကို မြေပြင်ပေါ်တွင် အလျားလိုက် (Horizontal) စိုက်ပျိုးကြပါသည်။
Vertical Farming တွင်တော့ — အပင်များကို အလွှာအလိုက်၊ ထောင်လိုက် (Vertical Layers) တင်စိုက်ပါသည်။ နေရောင်ခြည်အစား အယ်လ်အီးဒီမီးလုံး (Artificial LED) မီး များကို အသုံး ပြုပြီး အပင်များက အလင်းရောင်အသုံးပြု နိုင်အောင်ဆောင်ရွက်ပါသည်။ အပူချိန်၊ အစိုဓာတ်၊ ကာဘွန်ဒိုင်အောက်ဆိုဒ် (CO₂) နှင့် အာဟာရဓာတ်များကို တိကျစွာ ထိန်းချုပ်ပါသည်၊ မြေဧရိယာအသုံးပြုမှု အလွန်နည်းပါသည်။
အလွှာလိုက်၊ ထောင်လိုက်စိုက်ပျိုးရေး တွင် အသုံးပြုသော နည်းပညာများ
(က) မြေမဲ့စိုက်ပျိုးရေး (Hydroponics)
Hydroponics ဆိုသည်မှာ မြေဆီလွှာမသုံးဘဲ အာဟာရဓာတ်ပါသော ရေဖြင့် အပင်စိုက်ပျိုးခြင်းနည်းလမ်း ဖြစ်သည်။
အထူးလက္ခဏာများ — အပင်အမြစ်များကို အာဟာရဓာတ်အရည် (Nutrient Solution) ထဲတွင် ထားလေ့ရှိပါသည်၊ အာဟာရဓာတ်များကို တိကျစွာထိန်းချုပ်နိုင်ပြီး လိုအပ်သ လောက်သာပေးပါသည်။ ရေသုံးစွဲမှု အလွန်သက်သာသည်။ ရေသုံးစွဲမှုကို ပုံမှန်စိုက်ပျိုးရေး ထက် ၉၀-၉၅ ရာခိုင်နှုန်း (90–95%) လျှော့ချနိုင်ပါသည်။
|
|
|
ပုံ - ၂ မြေမဲ့စိုက်ပျိုးရေး နမူနာပုံ
(ခ) လေထဲတွင်စိုက်ပျိုးရေး (Aeroponics)
Aeroponics တွင် အပင်အမြစ်များကို လေထဲတွင် ချိတ်ထားပြီး nutrient mist (အာဟာရဖျန်းရေ) ဖြင့် အစာကျွေးခြင်းဖြစ်ပါသည်။
ဤနည်းပညာကို Aeroponics ဟုခေါ်သည်။ အားသာချက်များ အမြစ်များသို့ အောက်ဆီဂျင်ပိုရသည်။ အပင်ကြီးထွားမှု မြန်သည်။ ရေသုံးစွဲမှု အလွန်နည်းပါသည်။ ဤနည်းလမ်းကို မူလတီထွင်ခဲ့သောအဖွဲ့အစည်းမှာ အမေ ရိကန်အဟာရအေဂျင်စီ (NASA) ဖြစ်ပြီး အာကာသစိုက်ပျိုးရေးစမ်းသပ်မှုများ အတွက် အသုံးပြုခဲ့ပါသည်။
|
|
|
ပုံ - ၃ လေထဲစိုက်ပျိုးရေး နမူနာပုံ
(ဂ) မီးရောင်များဖြင့်စိုက်ပျိုးရေး (Artificial LED Lighting)
Vertical farming တွင် အယ်လ်အီးဒီ (LED) မီးအလင်းများ အသုံးပြုပြီး အပင်များ၏ အလင်းဖွဲ့အစာချက်လုပ်မှု (Photosynthesis) လုပ်ငန်းစဉ်ကို ထောက်ပံ့ပေးသည်။
အလင်းရောင်အမျိုးအစားများ အပြာရောင် (Blue light) → အရွက်ကြီးထွားမှု နှင့် အနီရောင် (Red light) → ပန်းပွင့်ခြင်းနှင့် အသီးထွက်ခြင်း တို့ကိုအားပေးပါသည်။
ပုံ - ၄ LED မီးရောင်ဖြင့်စိုက်ပျိုးရေးနမူနာပုံ
စာရေးသူအတွေး
ဆစ်ဒနီတက္ကသိုလ် (University of Sydney)၊ ဘွဲ့ကြိုစိုက်ပျိုးရေးသင်တန်း ကိုစာရေးသူ လေ့လာသူ (Observer) အဖြစ် တက်ရောက်နေရာ သင်ကြားရေး၊ သင်ခန်းစာ များစွာ တို့သည် စာရေးသူတို့ ၁၉၈၇-ခုနှစ်လောက်က ကွင်းစလန်တက္ကသိုလ် (University of Queensland) တွင် သင်ကြား၊ သင်ယူမှုများ နှင့် မတူတော့ဘဲ လုံးဝ ပြောင်းလဲ သွားပါပြီ၊
ဥပမာ - လယ်ယာသီးနှံဘာသာရပ်တွင် နှံစားသီးနှံများ (Cereal Crops) စပါး၊ ပြောင်းဖူး၊ ဂျုံ ဆီထွက်သီးနှံများ (Oilseed Crops) မြေပဲ၊ နှမ်း၊ နေကြာ စသည်ဖြင့် စိုက်ပျိုးနည်းများ ကို လှေကြီးထိုးရိုးရိုး သင်ကြားခြင်းမပြုတော့ဘဲ အဆင့်မြင့်သီးနှံစိုက်ပျိုးထုတ်လုပ်ရေး စနစ် (AGRI-4001 Advanced Plant Production System) ခေါင်းစဉ်အောက်တွင် ယနေ့ ခေတ် ဩစတေလျနိုင်ငံတွင်အောင်မြင်နေသော တိကျသေချာသော စိုက်ပျိုးရေးစနစ် (တစ်နည်း) ခေတ်မှီစိုက်ပျိုးရေးစနစ် (Precision Agriculture or Smart Farming) အ ကြောင်းကိုဘဲ အလေးထားသင်ကြား၊ သုတေသနတွေ့ရှိချက်များ ကို သရုပ်ဖေါ် ဆွေးနွေး သွားပါသည်။
ကျောင်းသားနှင့် ဆရာထိတွေ့ဆက်ဆံမှုများတွင်လည်း သမားရိုးကြစာသင်ခန်းထဲတွင် သင်ကြားမှုစနစ် (Traditional Teaching System) တစ်ခုထဲမဟုတ်တော့ဘဲ နှစ်ခု ပေါင်းသင်ကြားမှု (Blended Learning) အွန်လိုင်း/အဝေးမှ Zoom Application ဖြင့် သင်ကြားနိုင်၍ အထူးသဖြင့် အလုပ်အကိုင်တစ်ဖက် အချိန်ပိုင်း (Part-time Students) ကျောင်းသား/ကျောင်းသူများ အတွက် ဘာသာရပ်ကို သင်ရိုးနှစ်ဝက်တစ်ခု (Semester) တစ်ဘာသာ၊ နှစ်ဘာသာ စသည်ဖြင့် သင်ယူရင်း ဘွဲ့ယူ ရရှိနိုင်ခြင်း စနစ် (Credit System) က ထူးခြားမှု တစ်ခုဖြစ်ပါသည်။
(ဘာသာရပ်ဆိုင်ပညာရှင်တစ်ယောက် မဟုတ်သော်လည်း စိုက်ပျိုးရေးစာရေးသူ တစ်ဦး အနေနှင့် တတ်သလောက် ပုံဖော်ပါသည်။)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Stafford, J.V. (2013) Precision Agriculture. Wageningen Academic Publishers. 770p.
Zaman, Q (2023) Precision Agriculture. Elsevier
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာမျိုးကြွယ်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....