တောင်သူဖြစ်ဖို့ဆွဲဆောင်တဲ့ တရုတ်နိုင်ငံရဲ့ အမတော်ကြေးစနစ်..
တောင်သူလယ်သမားတွေဆိုတာ နိုင်ငံစားနပ်ရိက္ခာဖူလုံဖို့အတွက် အပင်ပန်း အဆင်းရဲခံရဆုံး လူတန်းစားတွေပါ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဟာ အခြားလုပ်ငန်းအချို့နဲ့ နှိုင်းယှဉ်ရင် ပင်ပန်းသလောက် အကျိုးအမြတ် နည်းတဲ့ လုပ်ငန်းလည်း ဖြစ်ပြန်ပါတယ်။
ဥတုရာသီကို မှီခိုရတာမို့ လုပ်ငန်းရဲ့ ဝင်ငွေစီးဆင်းမှု (cash flow) လည်း အားနည်းပါတယ်။ ဒါကြောင့် အစိုးရတွေက တောင်သူလယ်သမားတွေအတွက် အမတော်ကြေးတွေ ထောက်ပံ့ပြီး ကျားကန်ပေးဖို့ တာဝန်ရှိပါတယ်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းကာလတွေမှာ စာရေးသူဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်ပြီး အဲဒီနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ကျေးလက်ဒေဖွံ့ဖြိုးရေး ဆောင်ရွက်ပုံတွေကို ကျေးရွာတွေအထိ ဆင်းပြီး လေ့လာခွင့် ရရှိခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း လေ့လာခဲ့မိတဲ့ တရုတ်နိုင်ငံရဲ့ အမတော်ကြေး ထောက်ပံ့ပုံစနစ်များ အကြောင်း ဝေမျှလိုပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲကို ဝင်လိုက်တာမို့ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာရပါတယ်။ ဈေးကွက်ထဲမှာ အစိုးရက လက်ဝါးကြီးအုပ်ထားတာမျိုး မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ကောက်ပဲသီးနှံတွေကိုလည်း အစိုးရက ဝယ်ပြီး ပြည်သူလူထု စျေးသက်သက်သာသာနဲ့ ဝယ်စားနိုင်အောင် စိုက်ထုတ်သုံးစွဲတာမျိုး လုပ်လို့မရတော့ပါဘူး။ ကောက်ပဲသီးနှံတွေကို စျေးကွက်ပေါက်စျေးနဲ့ အရောင်းအဝယ်ပြုခွင့် ပေးရပါတော့တယ်။
တစ်ဖက်မှာလည်း မြေယာလွတ်လပ်ခွင့် ပြုလိုက်တာမို့ စိုက်ပျိုးမွေးမြူရေးသမားတွေက အမြတ်နည်းတဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးရေးတွေကို ရပ်တန့်ပြီး အမြတ်များတဲ့ သီးနှံ (cash crop) တွေကို ပြောင်းပြီးစိုက်လာပါတယ်။ အဲဒါကြောင့် ကောက်ပဲသီးနှံ အထွက်ကျလာပါတော့တယ်။ ၂၀၀၁ ခုနှစ်မှာ ကောက်ပဲသီးနှံအထွက်က မက်ထရစ်တန်ချိန် ၅၀၈.၄ သန်း ရှိခဲ့ရာက ၂၀၀၃ ခုနှစ်အရောက်မှာ ၄၃၀.၇ သန်းပဲ ထွက်ရှိပါတော့တယ်။ ဒီတော့ စျေးနှုန်းတွေလည်း တက်လာတော့တာပါပဲ။ ဒီတော့ နိုင်ငံခြားက တင်သွင်းရမယ် ဆိုတာမျိုး ဖြစ်လာပါတယ်။
အဲဒီအတွက် တရုတ်ပြည်ထဲမှာ အစိုးရက အမိန့်မထုတ်ဘဲ လူတွေ ကောက်ပဲသီးနှံတွေ ပြန်စိုက်လာအောင် လုပ်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် တရုတ်အစိုးရက ၂၀၀၄ ခုနှစ်မှာ ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှု (Grain Reform) ကို လုပ်ရပါတော့တယ်။ အဲဒီ ပြုပြင်ပြောင်းလဲမှုအရ ကောက်ပဲသီးနှံ စိုက်ပျိုးသူတွေကို အစိုးရက ထောက်ပံပေး (subsidize) တာတွေ လုပ်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ စိုက်ပျိုးမွေးမြူရေးအားလုံးအတွက် အခွန်ကင်းလွတ်ခွင့် စတင်ပေးခဲ့ပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်တဲ့သူ တစ်ယောက်ဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘယ်လိုအခွန်မှ ပေးစရာ မလိုပါဘူး။
အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် ၂၀၁၅ ခုနှစ်မှာ ကောက်ပဲသီးနှံအထွက်နှုန်းဟာ ၆၂၁.၄ မက်ထရစ်တန်ကို ပြန်ရောက်လာပါတယ်။
တရုတ်အစိုးရက ကောက်ပဲသီးနှံစိုက်ပျိုးသူတွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုတဲ့အပြင် နည်းပညာ၊ သွင်းအားစု၊ နဲ့ မူဝါဒအကူအညီ ဆိုတဲ့ ထောက်ပံ့မှု ၃ ခု ကို ပေးခဲ့ပါတယ်။ အဲဒီလိုပေးနိုင်ဖို့ ဘတ်ဂျက်ခေါင်းစဉ် သတ်မှတ်သုံးစွဲရပါတယ်။ အမတော်ကြေးအဖြစ် ထောက်ပံ့ရပါတယ်။
အစောပိုင်းကာလတွေမှာ အမတော်ကြေး ၃ မျိုးကို အဓိက ထောက်ပံ့ပါတယ်။
Grain Direct Subsidy (GDS)
ပထမတစ်ခုက Grain Direct Subsidy (GDS) ဖြစ်ပါတယ်။ ကောက်ပဲသီးနှံထဲက ပြောင်းစိုက်စိုက်၊ ပဲစိုက်စိုက်၊ စပါးစိုက်စိုက်၊ ကြိုက်တဲ့ သီးနှံသာစိုက်၊ GDS အမတော်ကြေး ထောက်ပံ့ပေးပါတယ်။
Seed subsidy (SS)
ဒုတိယတစ်ခုက Seed subsidy (SS) ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့် ဝယ်မယ်ဆိုရင် အစိုးရက အမတော်ကြေး ထောက်ပံ့ပေးပါတယ်။
Agri-input subsidy (AIS)
တတိယတစ်ခုကတော့ Agri-input subsidy (AIS) ဖြစ်ပါတယ်။ ကောက်ပဲသီးနှံ စိုက်ပျိုးရေးအတွက် သွင်းအားစုတွေ ဝယ်ရင် အစိုးရက အမတော်ကြေး ထောက်ပံ့ပေးပါတယ်။
Agriculture Support and Protection Subsidy (ASP)
၂၀၁၆ ခုနှစ်ကစပြီး အဲဒီ အမတော်ကြေး ၃ ခုလုံးကိုပေါင်းပြီး Agriculture Support and Protection Subsidy (ASP) အဖြစ် ပြောင်းလဲပြီး အမတော်ကြေး ထုတ်ပေးနေပါတယ်။ စိုက်ပျိုးစရိတ် ထုတ်ချေးတာ မဟုတ်ပါ။ အပြီး ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောက်ပဲသီးနှံသာမကပဲ စိုက်ပျိုးရေး၊ မွေးမြူရေး အားလုံးအတွက် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။
အဲဒီ အမတော်ကြေးတွေ ပေးရာမှာ ဒေသတစ်ခုနဲ့ တစ်ခုတော့ ပမာဏ မတူပါဘူး။ ဒေသရဲ့ စိုက်ပျိုးရေးအခြေအနေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေအပေါ် မူတည်ပြီး အမတော်ကြေးပမာဏကို သတ်မှတ်ပေးပါတယ်။ အချို့ဒေသတွေမှာ မရပါဘူး။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်ကစပြီး တရုတ်တစ်ပြည်လုံးမှာ အဲဒီ အမတော်ကြေးတွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။
နောက်ထပ်ထူးခြားတာ တစ်ခုရှိပါသေးတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်တဲ့ ASP စနစ်အရ အမတော်ကြေး ရယူလိုသူတွေဟာ ကိစ္စ ၂ ခုကို ဆောင်ရွက်ဖို့ လိုပါတယ်။
ပထမတစ်ခုက စိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်ရပါမယ်။ ဒါကြောင့် မြေငှားပြီး စိုက်ဧကကို ချဲ့လာနိုင်လေလေ အမတော်ကြေး ပိုရလေလေပါပဲ။ တရုတ်က စီးပွားရေးဖွံ့ဖြိုးလာတာနဲ့အမျှ မြို့ပြတွေ ထွန်းကားလာပြီး မြို့ကို ရွှေ့ပြောင်းသွားသူတွေ များလာပါတယ်။ ဒါကြောင့် စိုက်ပျိုးမြေတွေ ပြန်အပ်တာမျိုး မဖြစ်ရအောင်၊ မြို့တက်သွားသူတွေမြေကို အသုံးချတဲ့သူတွေ ပေါ်လာအောင် ဆွဲဆောင်နည်း တစ်မျိုးဖြစ်ပါတယ်။
ဒုတိယတစ်ခုက မြေဆီလွှာထိန်းသိမ်းရေး လုပ်ဆောင်တဲ့သူ ဖြစ်ရပါမယ်။ စိုက်ရရင်ပြီးရော၊ သီးနှံအထွက်ကောင်းရင် ပြီးရောလုပ်ရင် ကြာလာတဲ့အခါ မြေဆီလွှာ ပျက်စီးမှုကို ကြုံရပါလိမ့်မယ်။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ရင်း မြေဆီလွှာ ထိန်းသိမ်းရေးပါ တစ်ပါတည်း လုပ်သွားဖို့ လိုအပ်ပါတယ်။ ဥပမာ ဓာတ်မြေသြဇာ သုံးတာလျော့ချပြီး သဘာဝမြေဆွေး ဖြည့်သွင်းပေးတာမျိုးပါ။ ဒါမှ အမတော်ကြေး ရပါတယ်။
အဲဒီအချက် ၂ ချက် မလုပ်တာနဲ့ တပြိုင်နက် အမတော်ကြေး ပေးတာကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။
အဓိက အမတော်ကြေး ၃ ခုကို ပေါင်းပြီး ASP အဖြစ် ပေးပြီးတဲ့အပြင် နောက်ထပ် အမတော်ကြေး စနစ်တွေ ရှိပါသေးတယ်။
Machinery Subsidy (MS)
စတုတ္ထတစ်ခုက Machinery Subsidy (MS) ဖြစ်ပါတယ်။ အစိုးရက လယ်ယာသုံးစက်ပစ္စည်းစာရင်း ပြုစုထုတ်ပြန်ပေးပါတယ်။ အဲဒီစာရင်းထဲက ပစ္စည်းတစ်ခုခု ဝယ်ရင် အစိုးရက ရာခိုင်နှုန်းတစ်ခုအထိ ငွေထောက်ပံ့ပေးပါတယ်။ အစောပိုင်းတုန်းက စက်ဝယ်တဲ့ ပြေစာပြပြီး အစိုးရဆီမှာ အမတော်ကြေး ပြန်ထုတ်ခွင့်ပေးပါတယ်။
ဒီနည်းလမ်းက သိပ်အဆင်မပြေပါဘူး။ အစိုးရက ပေးမယ့် အမတော်ကြေးက စက်ဝယ်ပြီးမှ ပြန်ရမှာမို့ စိုက်ပျိုးမွေးမြူရေးသမားအနေနဲ့ အဲဒီစက်ကို မဝယ်ခင်မှာ ပိုက်ဆံကြိုရှာရတဲ့ ပြဿနာ ရှိပါတယ်။
အဲဒီတော့ အစိုးရက စိုက်ပျိုးမွေးမြူရေးသမား အဆင်ပြေမယ့် နည်းကို ရှာပေးရပါတယ်။ ဘယ်လိုလဲ ဆိုတော့ အစိုးရက စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် MS အမတော်ကြေးလက်မှတ်တွေ ထုတ်ပေးထားပါတယ်။
စိုက်ပျိုးမွေးမြူရေးသမားက အဲဒီလက်မှတ်ကိုပြပြီး စက်ဝယ်ရင် ကုမ္ပဏီက ၃၀% လျော့စျေးနဲ့ ရောင်းချပေးပြီး လက်မှတ်ကို သိမ်းထားလိုက်ပါတယ်။ ပြီးတဲ့အခါ အဲဒီလက်မှတ်နဲ့ သူလျှော့ပေးလိုက်တဲ့ ၃၀% ကို အစိုးရဆီမှာ ပိုက်ဆံပြန်ထုတ်ရပါတယ်။
Reserve Subsidy (RS)
ပဉ္စမတစ်ခုကတော့ Reserve Subsidy (RS) ဖြစ်ပါတယ်။ ထုတ်ကုန်တွေကို သိုလှောင်ထားရတဲ့အတွက် ပေးတဲ့ အမတော်ကြေးဖြစ်ပါတယ်။
Consumption Subsidy (CS)
နောက်ဆုံးတစ်ခုကတော့ Consumption Subsidy (CS) ပါ။ ကျေးလက်က စိုက်ပျိုးမွေးမြူရေးသမားတွေ လူနေမှုအဆင့်အတန်း မြင့်မားလာဖို့ ပေးတဲ့ အမတော်ကြေး ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးသမားတစ်ယောက်ဟာ တယ်လီဖုန်း၊ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စတဲ့ လူနေမှုအဆင့်အတန်းမြှင့်တင်ဖို့ လိုအပ်တဲ့ ဘယ်ပစ္စည်းကို ဝယ်ဝယ် အစိုးရက ရာခိုင်နှုန်းတစ်ခုအထိ ထောက်ပံ့ပေးပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ ဝယ်သလိုပဲ၊ အစိုးရက ထုတ်ပေးထားတဲ့ CS လက်မှတ်ကို ပြပြီး ဝယ်ရင် ကုမ္ပဏီက စျေးလျှော့ပေးပါတယ်။ လျှော့ပေးတဲ့ ပိုက်ဆံကို အစိုးရက ကုမ္ပဏီထံ ပြန်ထုတ်ပေးပါတယ်။
ဒါက တရုတ်ပြည်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် ထောက်ပံ့မှုတွေ အကြောင်းပါ။ မြန်မာနိုင်ငံမှာလည်း တောင်သူလယ်သမားတွေအတွက် လက်တွေ့အကျိုးရှိပြီး ထိရောက်တဲ့ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
ဦးထင်ကျော်ဝင်း
3 years agoရွှေပြည်တော်ကိုတော့ မျှော်ရပေဦးမပေါ့
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....