သိုလှောင်သီးနှံဖျက်ပိုးဒဏ်မှကင်းဝေးရန် သိုလှောင်ရုံပြင်ဆင်ခြင်း
သိုလှောင်ရုံတစ်ခုတွင် ရှိသင့်ရှိထိုက်သော အင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ပြီးသော သိုလှောင်ရုံတစ်ခုအတွင်း သီးနှံများထားသိုရာတွင်လည်း စနစ်တကိရှိရန် လိုအပ်ပါသည်။ သိုလှောင်ရုံတစ်ခုသည် မည်မျှပင် ခေတ်မီစွာ တည်ဆောက်ထားသော်လည်း သိုလှောင်မှုစနစ်မမှန်ပါက အပျက်အဆီးများနိုင်ပါသည်။
(က) သီးနှံပြင်ဆင်ခြင်း
၁) သီးနှံအစေ့အဆန်များကိုအမျိုးအစားအလိုက်သတ်မှတ်ချက်အတိုင်းကောင်းမွန်မွာခြောက်သွေ့စေရ မည်။
၂) ဖုံ၊ ခဲ၊ သဲ၊ ပေါင်းစေ့များကင်းစင်ပေးရမည်။
၃) ပိုးထိုးပိုးကိုက် အကျိုးအပဲ့များ ကင်းစင်စေရမည်။
၄) အရွယ်အစား၊ အရောင်အဆင်း၊ အဆင့်အတန်းခွဲခြားရမည်။
၅) အစေ့အဆန်များကို နေလှန်းပြီးအေးသွားမှသာ အိတ်သွတ်ရမည်။
၆) အိတ်သွတ်ရာတွင် အလေးချိန်သတ်မှတ်ချက်ရှိရမည်။
၇) ဆေးစီရင်မှုပြုလုပ်မည်ဆိုပါက အိတ်မသွတ်မီပြုလုပ်ရမည်။
၈) သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသော ဆေးမှတစ်ပါး မည်သည့် ဆေးမှမသုံးရ။
(ခ) သိုလှောင်ရုံပြင်ဆင်ခြင်း
၁) သိုလှောင်ရုံအတွင်းအပြင် သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရမည်။
၂) အမှိုက်သရိုက် ဖုံများသာမက ပင့်ကူအိမ်များပါ သန့်ရှင်းရမည်။
၃) တစ်ကြိမ်သိုလှောင်ပြီးတိုင်း အထူးသန့်ရှင်းရေး ပြုလုပ်ရမည်။
၄) အောက်ခံသစ်သားခုံများကိုလည်း သန့်ရှင်းရေးပြုလုပ်၍ နေလှန်းရမည်။
၅) ကြမ်းခင်းနံရံများတွင် အကွဲအအက်များရှိပါက ဖာထေးရမည်။
၆) အမိုး လုံ၊ မလုံစစ်ဆေး၍ ပြုပြင်ဖာထေးပေးရမည်။
၇) သန့်ရှင်းရေးလုပ်ရာတွင် လိုအပ်ပါက ပိုးသတ်ဆေးဖျန်းပေးရမည်။
သီးနှံသိုလှောင်ခြင်း
၁) သိုလှောင်ရုံကြမ်းပြင်တွင် ရေးဆွဲထားသော မျဉ်းဝါအတွင်း၌သာ သီးနှံများပုံရမည်။
၂) သီးနှံအပုံများအောက်တွင် ခုခံရန်သစ်သားခုံ (၅ ပေ x ၂ ပေ x ၄လက်မ) များလုံလောက်စွာ ပြုလုပ်ထားရှိရမည်။
၃) သစ်သားခုံများပေါ်တွင် သီးနှံအိတ်များကိုစီထပ်ရာတွင် အိတ်အစွန်းထွက်ခြင်း၊ ခုံအစွန်းထွက်ခြင်း များ မဖြစ်စေရ။
၄) ပိုသောသစ်သားခုံများကို သိုလှောင်ရုံအတွင်း၌ထားမည်ဆိုပါက ရေးဆွဲထားသောမျဉ်းအတွင်း၌သာ စုပုံထားရမည်။
၅) သီးနှံအစေ့အဆန်ထည့် ဂုန်နီအိတ်အထုပ်များကိုလည်း သစ်သားခုံများခံ၍ မျဉ်းအတွင်း၌သာ စုပုံရမည်။
၆) အစေ့အဆန်အိတ်များကို အိတ်အရည်အတွက် အပုံအရွယ်အစား အလေးချိန်သတ်မှတ်၍ အပုံပြု လုပ်ရမည်။
၇) အပုံ၏ အမြင့်သည် အနံထက်မပိုစေရ။
၈) အပုံမျက်နှာပြင်သည် အပေါ်လေဝင်ပေါက်၏ အောက်ဘောင်နှင့်တစ်တန်းတည်း သို့မဟုတ် ထုတ် နှင့် (၃ ပေ) ကွာထားသင့်သည်။
၉) အပုံတစ်ပုံနှင့်တစ်ပုံအကြား (၂ ၁/၂ - ၃) ပေ ကွာထားသင့်သည်။ အဓိကဝင်လမ်းကိုမူ အနည်းဆုံး (၅) ပေ ရှိသင့်သည်။
၁၀) အပုံများပုံပြီးသောအခါ ယိုဖိတ်နေသော အစေ့များကို ရှင်းလင်းပစ်ရမည်။
၁၁) အပုံများတွင် နံပါတ်ပြားများ တပ်ဆင်ပြီးအပုံ၏ မှတ်တမ်းများကို ရေးဆွဲချိတ်ဆွဲထားရမည်။
၁၂) သီးနှံအစေ့အဆန်များ ဇကာချခြင်း၊ အိတ်သွတ်ခြင်းကို ဂိုဒေါင်အတွင်းမပြုလုပ်သင့်ပါ။
၁၃) သိုလှောင်ရုံအတွင်း ပစ္စည်းပေါင်းစုံသိုလှောင်ခြင်း မပြုလုပ်သင့်ပါ။ အစေ့အဆန်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ထွန်ထယ်ကိရိယာစသည်များ ရောနှောမထားသိုသင့်ပါ။
၁၄) ပျက်စီးနေသော အစေ့အဆန်များကို သိုလှောင်ရုံမှ ချက်ခြင်းဖယ်ရှားရမည်။
Source - စိုက်ပျိုးရေးဦးစီးဌာန (သီးနှံကာကွယ်ရေးဌာနခွဲ)
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စိုက်ပျိုးရေးဦးစီးဌာန
See all
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020