စပါး ရိတ်သိမ်းချိန်လွန် နည်းပညာ
ရိတ်သိမ်းချိန်လွန် နည်းပညာဆိုတာ ဘာလဲ?
ရိတ်သိမ်းချိန်လွန်ဆိုသော ဖြစ်စဥ်သည် သီးနှံတစ်ခုကို စတင်ရိတ်သိမ်းချိန်မှ စ၍ နောက်ဆုံး စားသုံးသူ၏ လက်ဝယ်သို့ရောက်ရှိသည် အထိ အကျုံးဝင်ပါသည်။ ရိတ်သိမ်းချိန်လွန်ဖြစ်စဥ်၏ အဆင့်များတွင် သီးနှံကို ရိတ်သိမ်းခြင်း၊ ကိုင်တွယ်ခြင်း၊ ခြွေလှေ့ခြင်း၊ သန့်စင်ခြင်း၊ အဆင့်ခွဲခြားခြင်း၊ နေလှန်း အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပိုး ရောဂါ ကာကွယ်ခြင်း၊ အရည်အသွေး ထိန်းချုပ်ခြင်း၊ စံသတ်မှတ်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်ပိုးခြင်း၊ ရောင်းချခြင်း စသည်ဖြင့် အဆင့်များစွာ ပါဝင်ပါသည်။ ရိတ်သိမ်းချိန်လွန်နည်းပညာဆိုသည်မှာ အထက်တွင် ဖော်ပြခဲ့သော အဆင့်များတွင် သီးနှံ၏ အရည်အသွေးနှင့်အရေအတွက် (ပမာဏ) ဆုံးရှုံးမှုများကို လျော့နည်းအောင် စီမံ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရိတ်သိမ်းချိန်လွန်ကာလ ဆုံးရှုံးမှု
မြန်မာနိုင်ငံကဲ့သို့ ဖွံဖြိုးဆဲနိုင်ငံများတွင် စိုက်ပျိုးရေးကဏ္ဍ၏ ရိတ်သိမ်းချိန်နောက်ပိုင်း၌ ဆုံးရှုံးမှုများမှာ သစ်သီးများ အနေဖြင့် ၂၅ %၊ ဟင်းသီး ဟင်းရွက် များအနေဖြင့် ၄၀ %၊ ဆန်စပါး အနေဖြင့် ၁၅ မှ ၂၀ % ဆုံးရှုံးလျက်ရှိကြပါသည်။
ရိတ်သိမ်းခြင်း
စပါးရိတ်သိမ်းရန် အသင့်တော်ဆုံး အခြေအနေမှာ ၁ နှံပါ စပါးစေ့ ၈၀ - ၈၅ % ရင့်မှည့်ချိန် (သို့မဟုတ်) မောင်းညိုချိန်တွင် ရိတ်သိမ်း ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပန်းပွင့်ပြီး (သို့မဟုတ်) အနှံထွက်ပြီး ရက် ၃၀ အကြာ၊ စပါးစေ့များ နို့ရည်ခဲချိန်၊ စပါးစေ့ အားလုံး ကောက်ရိုးရောင် ပြောင်းချိန် စသည့်အချိန်များတွင် ရိတ်သိမ်းနိုင်ပါသည်။ စပါး ရိတ်သိမ်းမည့်အချိန်တွင် စိုက်ခင်း ခြောက်သွေ့နေစေရန် လိုအပ်ပြီး မရိတ်သိမ်းခင် ၇ ရက်မှ ၁၀ ရက်အလိုတွင် ကြိုတင်ပြီး ရေထုတ်ထားရန် လိုအပ်ပါသည်။ ရိတ်သိမ်းချိန် နောက်ကျပါက စပါးစေ့များ ကြွေကျခြင်း၊ အပင်ယိုင်လဲခြင်း၊ ကြိတ်ခွဲရာတွင် အကျိုးအကြေများခြင်း၊ ကြွက် ငှက်များ ဖျက်ဆီးနိုင်ခြင်း စသည်တို့ ကြုံတွေ့နိုင်ပါသည်။ ရိတ်သိမ်းချိန် စောပါက အစေ့အဆန် မအောင်ဘဲ အဖျင်းများခြင်း၊ ကြိတ်ခွဲရာတွင် ဆန်ကွဲနှင့် အကျိုးအကြေများခြင်း၊ သိုလှောင်ရာတွင် ပိုးရောဂါများ ကျရောက်နိုင်ခြင်း စသည်တို့ ကြုံတွေ့နိုင်ပါသည်။ ရိတ်သိမ်းပြီးနောက်ပိုင်း စပါးနှံများကို ကွင်းထဲတွင် အချိန်ကြာမြင့်စွာ စုပုံထားပါက စပါးစေ့၏ အစိုဓာတ်များ မြင့်လာပြီး အပူထုတ်လွှတ်ကာ အချဥ်ပေါက်ပြီး အနံ့ဆိုးများ ထွက်လာနိုင်ပါသည်။
သယ်ယူပို့ဆောင်ခြင်း
ရိတ်သိမ်းပြီး နောက်ပိုင်း သယ်ယူပို့ဆောင်ရာတွင် စပါးစေ့များ ကြွေကျမှုကို နည်းအောင် စီမံဆောင်ရွက်ရမည် ဖြစ်ပါသည်။ ရိတ်သိမ်းပြီးသည်နှင့် ခြွေမည့်နေရာကို အမြန်ဆုံး သယ်ယူရမည် ဖြစ်ပါသည်။ သယ်ယူပြီး နောက်ပိုင်းတွင် စပါးနှံများ ပုံမည့်နေရာ၌ သန့်ရှင်းရေး ပြုလုပ်ရမည်ဖြစ်သလို ပုံသော နေရာသည် အစိုဓာတ် မရှိစေရန် လိုအပ်ပါသည်။
ခြွေလှေ့ခြင်း၊ သန့်စင်ခြင်း
စပါးရိတ်သိမ်းပြီးနောက်ပိုင်း အမြန်ဆုံးခြွေလှေ့နိုင်ပါက လေလွင့် ဆုံးရှုံးမှုနည်းမည် ဖြစ်ပါသည်။ တိရိစ္ဆာန်များဖြင့် ခြွေလှေ့ခြင်း၊ ရှေးမိရိုးဖလာနည်းဖြင့် ခြွေလှေ့ခြင်းတို့မှာ ဆုံးရှုံးလေလွင့်မှုများ ပါသည်။ ယနေ့ခေတ်တွင် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုနေကြပြီ ဖြစ်သောကြောင့်လေလွင့်ဆုံးရှုံးမှုများ လျော့ချလာနိုင်ပါသည်။ ခြွေလှေ့ရာတွင် စပါးစေ့များ လွင့်စင်ခြင်း မရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခြွေလှေ့ သန့်စင်ရာတွင် ကောက်ရိုး၊ စပါးခွံ၊ ဖုံ၊ သဲ၊ ခဲများ မပါအောင်ပြုလုပ်ရမည် ဖြစ်ပါသည်။
နေလှန်း အခြောက်ခံခြင်း
ခြွေလှေ့ပြီးသော စပါးများကို နေလှန်းအခြောက်ခံရာတွင် လေဝင်လေထွက် ကောင်းစေရန် အတွက် စပါးပုံ၏ အမြင့်ကို အများဆုံး ၂ လက်မခန့် အထူသာ ထားပြီး ဖြန့်ထားရမည်ဖြစ်ပါသည်။ စပါးပုံအား နာရီဝက်တစ်ခါ အထက် အောက် လှန်ပေးရမည်ဖြစ်သလို ညပိုင်းတွင် မိုးကာစများဖြင့် အုပ်ပေးထားရန် လိုအပ်ပါသည်။ စပါးတွင် အစိုဓာတ်များပါက မှိုများပေါက်ပွားနိုင်ပြီး အရည်အသွေးကျနိုင်ပါသည်။ စပါးကို အပူချိန် မြင့်မားလွန်းသော နေရာတွင် အချိန်ကြာမြင့်စွာ နေလှန်းပါက စပါးစေ့များ အက်ကွဲပြီး ကြိတ်ခွဲရာတွင် ကျိုးကြေနိုင်ပါသည်။
မျိုးစေ့အတွင်း အစိုဓာတ်ပါဝင်မှုအရ ဖြစ်နိုင်မှုများ
- အစိုဓာတ် ၄၅ - ၆၅ % > အပင်ပေါက်နိုင်
- အစိုဓာတ် ၁၈ - ၂၀ % > အပူဓာတ်များ ထွက်ပြီး ပျက်စီးနိုင်
- အစိုဓာတ် ၁၂ - ၁၄ % > မျိုးအဖြစ်သိုလှောင်နိုင်၊ မှိုများ ပေါက်ဖွားနိုင်
- အစိုဓာတ် ၈ - ၉ % > ကြာရှည်စွာ သိုလှောင်နိုင်
- အစိုဓာတ် ၄ - ၈ % > လေလုံ စနစ်ဖြင့် သိုလှောင်နိုင်
သိုလှောင်ခြင်း
စပါးသိုလှောင်ရာ တွင် အစိုဓာတ် မှန်ကန်မှု ရှိရမည်ဖြစ်ပါသည်။ သိုလှောင်မည့် အဆောက်အအုံသည် လေဝင်လေထွက် ကောင်းရမည်ဖြစ်ပြီး သိုလှောင်မည့် သီးနှံများအား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိစေရန်အတွက် ကြိုတင် ဆောင်ရွက်ထားရမည် ဖြစ်ပါသည်။ သိုလှောင်ရာတွင် ကြွက်၊ ငှက်နှင့် သိုလှောင်သီးနှံ အဖျက်ပိုးများ မကျရောက်အောင် ဂရုပြုရမည်ဖြစ်ပါသည်။ သိုလှောင်မည့် စပါးအိတ်များကို ကြမ်းခင်း (သို့မဟုတ်) တမံသလင်း ပေါ်တွင် တိုက်ရိုက်မချဘဲ ပျဥ်ခုံပေါ်တွင် တစ်လှည့်စီ ထပ်ကာ သိုလှောင်ရမည် ဖြစ်ပါသည်။ သိုလှောင်မည့် စပါးအိတ်များသည် သိုလှောင်ရုံ နံရံနှင့် ၁ ပေခွဲ၊ ခေါင်မိုးနှင့် ၃ ပေခွဲ၊ စပါးအိတ် တင်ထားသည့် ပျဥ်ခုံသည် သိုလှောင်ရုံထဲရှိ လူသွားလမ်းနှင့် ၃ ပေခြားထားရမည် ဖြစ်ပါသည်။ စပါးအိတ်များ သယ်ယူပို့ဆောင်ရာတွင်လည်း သိုလှောင်ရုံကို အချိန်ကြာမြင့်စွာ ဖွင့်ထားခြင်းမျိုး မပြုလုပ်ဘဲ မြန်မြန် အသွင်းအထုတ် လုပ်ရမည် ဖြစ်ပါသည်။ သိုလှောင်ရာတွင် စပါးအနေဖြင့် သိုလှောင်ပါက အစိုဓာတ် ၁၄ % အထိ ထားရန်လိုအပ်ပြီး ဆန် အနေဖြင့် သိုလှောင်မည် ဆိုပါက အစိုဓာတ် ၁၂ မှ ၁၃ % အထိ ထားရန် လိုအပ်ပါသည်။ အရေးကြီး အချက် တစ်ချက် အနေဖြင့် စပါးသိုလှောင်ရာတွင် အစိုဓာတ် ၁ % နှင့် အပူချိန် ၅ % တိုးလာတိုင်း သီးနှံ၏ သက်တမ်းတစ်ဝက် လျော့ကျခြင်း ဖြစ်နိုင်ပါသည်။
ကြိတ်ခွဲခြင်း
ကြိတ်ခွဲခြင်းသည် စပါးကို ဆန်ဖြူရရှိအောင် ဆန်ကွဲနှင့် ဖွဲများကို ဖယ်ရှားပြစ်ခြင်း ဖြစ်သည်။ ကြိတ်ခွဲသည့် အချိန်တွင် စပါး၏ အစိုဓာတ်သည် ၁၄ % ရှိရမည် ဖြစ်ပါသည်။ စပါးကြိတ်ခွဲသည့် စက်သည်လည်း သန့်ရှင်းမှုရှိရန် လိုအပ်ပါသည်။ စပါးကြိတ်ခွဲရာတွင် အကြမ်းအားဖြင့် စပါးခွံ ၂၀ %၊ ဖွဲ ၁၁ % နှင့် ဆန် ၆၉ % ရရှိပါသည်။ ကြိတ်ခွဲမှု အဆင့်သည် ဈေးကွက် တင်ပို့ရန် အတွက် အရေးကြီးဆုံး အဆင့် ဖြစ်သောကြောင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါသည်။
အဆင့်နှင့် အမျိုးအစား ခွဲခြားခြင်း
ကြိတ်ခွဲပြီးသော ဆန်များကို ဈေးကွက်အတွင်း ဈေးကောင်းရရှိရန် အတွက် အရည်အသွေး စိစစ်ခြင်းနှင့် အဆင့်ခွဲခြား သတ်မှတ်ခြင်းများ ပြုလုပ်ရမည် ဖြစ်ပါသည်။ ဆန်ကွဲပါဝင်မှု၊ ဖုန်၊ သဲ၊ ခဲ စသည်တို့အပြင် ဆန်စေ့များ၏ တောက်ပကြည်လင်မှု၊ အကျိုးအကြေ၊ အရွယ်အစား စသည်တို့ကို ခွဲခြားရမည် ဖြစ်ပါသည်။
ထုပ်ပိုးခြင်း၊အညွှန်းတပ်ခြင်းနှင့် ဈေးကွက်တင်ပို့ခြင်း
အရည်အသွေး ပြည့်မှီသော ဆန်များကို ဈေးကွက်အတွင်း ပို့ဆောင်ရမည့် နောက်ဆုံးအဆင့်ဖြစ်သောကြောင့် အရေးကြီးသော အဆင့်ဖြစ်ပါသည်။ ဈေးကွက်တွင်းသို့ မိမိရောင်းချ လိုက်သော ဆန်ကို စားသုံးသူများ သတိထားမိစေရန်၊ စားသုံးသူများ စိတ်ဝင်စားလာရန် အတွက် ထုပ်ပိုးခြင်းနှင့် အညွှန်းတပ်ခြင်းများကို စနစ်တကျ ပြုလုပ်သင့်ပါသည်။ မိမိရောင်းချမည့် သီးနှံ၏ အမှတ်တံဆိပ်၊ သီးနှံနှင့် ပတ်သတ်သော အချက်အလက်များ၊ ထုပ်ပိုးမည့် ဒီဇိုင်းနှင့် အရောင် စသည်တို့ကို ထည့်သွင်းစဥ်းစား ထားရမည်ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
- Principle of Post-harvest Handling and Post-harvest technology of Field Crops
Handbook (Yezin Agricultural University)
- http://www.agritech.tnau.ac.in/expert_system/paddy/phtc.html
Continue reading related topics, questions and articles.
Topic 1
စပါးရိတ်သိမ်းချိန်လွန်နည်းပညာ
Applicable farm inputs (Ad)
kaungThuAung
5 years agohi
Related articles
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....