ရိတ်သိမ်းဆဲသီးနှံများ ပျက်စီးမှုမရှိစေရေး တောင်သူကြီးများသို့ အကြံပြုနှိုးဆော်ချက်
၁။ မကြာမီ မိုးဦးလေဦးကာလ စတင်တော့မည်ဖြစ်ပါသည်။ မိုးကြိုကာလ မုန်တိုင်းမိုးများကြောင့် ရိတ်သိမ်းဆဲနွေစပါးများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် နွေနှမ်း၊ ပဲမျိုးစုံသီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အောက်ပါလုပ်ငန်းများကို ကြိုတင်ပြင်ဆင် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
(က) နွေစပါးများအား မုန်တိုင်းတိုက်ခတ်မိုးရွာသွန်းနေချိန်တွင် ရိတ်သိမ်းခြင်းမပြုဘဲ၊ မုန်တိုင်းကင်းစင်မှသာ ရိတ်သိမ်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပါ။
(ခ) ရိတ်သိမ်းစက်၊ ချွေလှေ့စက်၊ ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြုရိတ်သိမ်းပါ။ စက်ကိရိယာရရှိမှု အခက်အခဲကြောင့် လူလုပ်အားဖြင့် ဆောင်ရွက်ရပါက တစ်ကွက်ချင်းကို အပြီးရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့ပါ။ တစ်ကွက်ပြီးမှ နောက်တစ်ကွက် ဆက်လက် ဆောင်ရွက်ပါ။
(ဂ)မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ရင့်မှည့်ပြီးစပါးခင်းများ ယိုင်လဲမှုဖြစ်ပေါ်ပါက အမြန်ဆုံးရေထုတ်၍ ချက်ချင်းရိတ်သိမ်းပါ။ ချက်ချင်းမချွေလှေ့နိုင်သည့် ကောက်လှိုင်းထုံးများကို ကန်သင်းပေါ်တွင် စုပုံထားရှိခြင်းမပြုဘဲ၊ အမိုးအကာအောက်သို့ အမြန်ဆုံးသယ်ယူ ၍ စနစ်တကျ စုပုံထားရှိပါ။ အမိုးအကာ လုံလောက်မှုမရှိလျှင် မိုးရေလျောကျစေရန် တက်ဖက်စောင်းနိမ့် ပုံစံဖြင့် စုပုံပါ၊ (သို့မဟုတ်) ကောက်လှိုင်းများအား ဖိုခနောက်ဆိုင် ထောင်ထားပါ။
(ဃ) စုပုံထားသော ကောက်လှိုင်းပုံများကို နေသာချိန်တွင် အမြန်ဆုံး ချွေလှေ့ပါ။ ချွေလှေ့ပြီး စပါးများကို အစိုဓါတ်(၁၄)ရာခိုင်နှုန်း ရရှိသည်အထိ အခြောက်ခံစက်အသုံးပြု၍ (သို့မဟုတ်) နေလှန်း၍ အခြောက်ခံပါ။
(င) နွေနှမ်း၊ ပဲမျိုးစုံသီးနှံခင်းများတွင် မိမိတို့ စိုက်ခင်းပတ်ဝန်းကျင်ရှိ ရေထုတ်မြောင်းများ ပိတ်ဆို့နေခြင်းမရှိအောင် ရှင်းလင်းခြင်းအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါ။ ရေများအလွယ်တကူ ထုတ်နိုင်ရေးအတွက် စိုက်ခင်းပတ်လည်တွင် ပတ်မြောင်းများ၊ စိုက်ခင်းအလယ်တွင် စိမ့်မြောင်းများ ကြိုတင်တူးဖော်ပြင်ဆင်ထားပါ။
(စ) မိမိတို့စိုက်ခင်းမှ ရေထုတ်မြောင်းအတွင်းသို့ တိုက်ရိုက်ရေထုတ်နိုင်ခြင်းမရှိပါက အနိမ့်ပိုင်းစိုက်ခင်းများမှတစ်ဆင့် ရေထုတ်နိုင်ရေး နီးစပ်ရာတောင်သူများအချင်းချင်း ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားပါ။ မိုးရေချိန်များပါက စိုက်ခင်းအတွင်းမှ ရေများအား ချက်ချင်းထုတ်နိုင်ရန် ရေစုပ်စက်များ ကြိုတင်ပြင်ဆင်စုဆောင်းထားပါ။
(ဆ) နှမ်းရိတ်သိမ်းရန် သက်တမ်းရောက်ရှိပါက ချက်ချင်းရိတ်သိမ်းထားပြီး နှမ်းထောင်ခြင်းလုပ်ငန်းများကို အမိုးအကာအောက်တွင် ဆောင်ရွက်နိုင်ရေး (သို့မဟုတ်) သင့်လျော်မည့် နည်းလမ်းများဖြင့် နှမ်းစည်းများ အခြောက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားပါ။
(ဇ) ရိတ်သိမ်းပြီးသီးနှံများအား စိုက်ခင်းအတွင်း စုပုံထားခြင်းကို လုံးဝရှောင်ကြဉ်ပါ။
၂။ သီးနှံများရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှုများမရှိစေရေးနှင့် ပျက်စီးဆုံးရှုံးမှုများမရှိစေရေးအတွက် အထက်ပါလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် အကူအညီလိုအပ်ပါက တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများနှင့် စက်မှုလယ်ယာ ဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Related articles
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စိုက်ပျိုးရေးဦးစီးဌာန
See all
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....