အော်ဂဲနစ်စိုက်ပျိုးရေးအတွက် သဘာဝမြေဆွေး (organic manures)ရဲ့အရေးပါမှုများ
အော်ဂဲနစ်စိုက်ပျိုးရာမှာ အပင်ကြီးထွားမှုကောင်းစေဖို့၊ ပိုးမွှားရောဂါကင်းစေဖို့ရန်အတွက် ဓာတုပစ္စည်းများကို အသုံးပြုပြီး စိုက်ပျိုးလို့မရပါဘူး။ ထို့ကြောင့် ဓာတုဆေးတွေအစား သဘာဝမြေဆွေး (organic manures)ကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။
- သဘာဝမြေဆွေးကို မြေကြီးထဲသို့ ထည့်သွင်းခြင်းဖြင့် အထွက်နှုန်းတိုးပြီး အရည်အသွေး ပြည့်မှီသောသီးနှံများ ထွက်ရှိနိုင်သော မြေဆီလွှာဖြစ်လာစေတယ်။
- အပင်ကလိုအပ်တဲ့ အာဟာရအားလုံးကို ထောက်ပံ့ပေးတယ်။
- အပင်ကြီးထွားမှုကိုတိုးစေပြီး အပင်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို တိုးမြင့်စေတယ်။
- မြေကြီးရဲ့ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိကို တိုးမြင့်စေနိုင်တယ်။ ဥပမာမြေကြီး သမန်းကောင်းစေခြင်း၊ မြေကြီးလေဝင်လေထွက်ကောင်းမွန်စေခြင်း၊ အပင်အမြစ် များမြေကြီး ထဲသို့ ထိုးဖောက်ဝင်ရောက်မှု ကောင်းစေခြင်း၊ မြေကြီး၏ရေစိမ့်ဝင်အားကို ကောင်းမွန်စေခြင်း စသည်တို့ကို တိုးမြှင့်စေသည်။ သဘာဝမြေဆွေးမှာ ကာဗွန်ပါဝင်မှုများ သောကြောင့် ရွံ့ဆန်သောမြေတွေကို ရေစိမ့်ဝင်မှုနှင့် လေဝင်လေထွက်ကောင်းမွန်စေပြီး သဲဆန်သောမြေတွေကို အစိုဓာတ် စုပ်ယူဖို့ရန်နှင့် ရေထိန်းစွမ်းအားတိုးမြှင့်ဖို့ရန် ကောင်းမွန် စေသည်။ သဘာဝမြေဆွေးမှာ ပါဝင်တဲ့ကာဗွန်က မြေကြီးအစုအဝေးဖြစ်ပေါ်ဖို့ကူညီပေးတဲ့ အနုဇီဝသက်ရှိတွေရဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်တယ်။
- ပြင်ပမှဝယ်ယူသုံးစွဲရတဲ့ သွင်းအားစု လိုအပ်ချက်ကို လျော့နည်းစေလို့ အသုံးပြုသူအတွက် အကျိုးအမြတ်ပိုကျန်နိုင်တယ်။
- သဘာဝမြေဆွေးအများစုက စွန့်ပစ်ပစ္စည်းတွေကနေ ပြန်လည်အသုံးချ၍ ပြုလုပ်ထားခြင်းဖြစ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အနည်းဆုံးဖြစ်စေသည်။
- သဘာဝမြေဆွေးများကို ပြည့်စုံတဲ့အပင်အာဟာရလို့ ယူဆကြပါတယ်။ သဘာဝမြေဆွေးများသည် ဓာတုပစ္စည်းများ အဆက်မပြတ်သုံးစွဲမှုကြောင့် အက်ဆစ်ဆန်လာသောမြေကို ပြန်လည်ကောင်းမွန်စေနိုင်တယ်။
- သဘာဝမြေဆွေးသုံးပြီး စိုက်ပျိုးထားသောသီးနှံသည် ဓာတုဆေးသုံးပြီး စိုက်ပျိုးထားသော သီးနှံထက် လူသားနှင့်တိရိစ္ဆာန်တွေအတွက် ပိုမိုကျန်းမာပြီး အာဟာရပြည့်ဝစေတယ်။
- အော်ဂဲနစ်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားသောသီးနှံသည် ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည် ရှိသောကြောင့် အခြားကာကွယ်ကုသမှု အနည်းငယ်သာ လိုအပ်တယ်။
- စားသုံးသူများက ဓာတုဆေးအကြွင်းအကျန်နည်းသော စိုက်ပျိုးရေးသီးနှံများကို ပိုမိုဝယ်ယူလိုကြတယ်။ထို့ပြင်
အော်ဂဲနစ်စိုက်ပျိုးရေးက ဓာတုပစ္စည်းအမှုန်အမွှားများ ပတ်ဝန်းကျင်ပေါ်သက်ရောက်မှုများကို ရှောင်ရှားရာမှာ အကူအညီဖြစ်စေတယ်။ - အော်ဂဲနစ်စိုက်ပျိုးရေးက ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးရုံသာမက ပျက်စီးဆုံးရုံးသွားသော ဧရိယာတေွကိုပါ ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
ဒါကြောင့် သဘာဝမြေသြဇာအသုံးပြုတဲ့ အော်ဂဲနစ်စိုက်ပျိုရေးက သီးနှံတစ်မျိုးတည်းစိုက်ပြီး ဝင်ငွေရရှိခြင်းထက် သီးနှံအမျိုးအစားအစုံစိုက်ပြီး ဝင်ငွေပိုရစေဖို့ ရည်ရွယ်တာလည်းဖြစ်တယ်။
Ref: Organic and sustainable horticultural crop production
Wutt Hmone
Continue reading related topics, questions and articles.
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Applicable farm inputs (Ad)
ဟိန်းသူ
4 years agoမြေဆွေးပြုလုပ်တဲ့အခါနွားချေးကဘယ်အရွယ်အစားအထိသေးရမှာပါလည်း
ဝေဖြိုးအောင်
4 years agoureaမြေသြဇာကိုorganicမှာအသုုးပြုရလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဝတ်မှုံသင်း
See all