၂၀၂၆ ခုနှစ် ဧပြီလအတွင်းဖြစ်ပေါ်နိုင်သည့် အပူချိန်နှင့် မုတ်သုံအကြိုမိုး (Pre-Monsoon Rain) ရွာသွန်းနိုင်သည့်အခြေအနေများ
မတ်လ ၂၉ ရက် နေ့လည် ၂ နာရီ - Meteoblue Seasonal Forecasts မှ ရရှိသော ဒေတာများအရ
💦 ၂၀၂၆ ခုနှစ် ဧပြီလအတွင်း မုတ်သုံအကြိုမိုး အနည်းငယ်ရွာနိုင်ပြီး ရှမ်းပြည်နယ်မှာ မိုးရွာသည့်ရက် အများဆုံး ၁၀ ရက် မှ ၁၅ ရက်ခန့် ရွာနိုင်တာတွေ့ရပါတယ်။
💦 မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်မှာ မုတ်သုံအကြိုမိုးရွာနိုင်သည့်ရက် ၁၁ ရက်ခန့်၊ မွန်ပြည်နယ်မှာ ၁၄ ရက်ခန့်၊ တနင်္သာရီတိုင်းမှာ ၁၈ ရက်ခန့်ရှိကြောင်းတွေ့ရပါတယ်။
💦 မုတ်သုံအကြိုမိုးဖြစ်တဲ့အတွက် နေရာကွက်၍ ခေတ္တမျှမိုးသည်းထန်ခြင်းများရှိနိုင်သော်လည်း၊ မိုးရေချိန်များများရွာနိုင်မည့်အခြေအနေတော့ မရှိပါ။
၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် ပြည်နယ်တိုင်းများအလိုက်နှစ်စဉ်ဖြစ်မြဲအပူချိန်များ
🌡 ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နှစ်စဉ်ဖြစ်မြဲအထက် ၀.၅°C မှ ၁°C အထိလည်းကောင်း၊
🌡 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းတို့တွင် နှစ်စဉ်ဖြစ်မြဲအထက် ၀.၂°C မှ ၀.၅°C အထိလည်းကောင်း ပို၍ပူနိုင်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် ပြည်နယ်တိုင်းများအလိုက် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်များ
💦 စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းမြောက်ပိုင်းနှင့် ထိစပ်လျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်အထက် 10 to 20 mm = ၀.၄ လက်မ မှ ၀.၈ လက်မခန့် ပိုမိုရရှိနိုင်ပါတယ်။
💦 တနင်္သာရီတိုင်းတောင်ပိုင်းနှင့် ကချင်ပြည်ယ်ဒေသအချို့တွင် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်အောက် 5 to 10 mm = ၀.၂ လက်မ မှ ၀.၄ လက်မခန့် လျော့နည်းရရှိနိုင်ပါတယ်။
💦 ကျန်ပြည်နယ်တိုင်းဒေသများတွင် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်ခန့် ရွာသွန်းရရှိနိုင်ပါတယ်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
Continue reading related topics, questions and articles.
Topic 1
မိုးလေဝသ
Related articles
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
ကမ်းရိုးတန်းဒေသများနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတို့တွင် လာမည့် ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်
လာမည့် ၆ နာရီအတွင်း လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဝင်းနိုင်
See all
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကမ်းရိုးတန်းဒေသများနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတို့တွင် လာမည့် ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်
05/06/2026
လာမည့် ၆ နာရီအတွင်း လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်
04/06/2026
ဇွန်လ ၁၀ ရက်ဝန်းကျင်မှစ၍ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးရွာသွန်းမှု ရက်ဆက်နိုင်
01/06/2026
မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများ၌ ဇွန် ၁ ရက်နှင့် ၂ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ချေမြင့်မား
26/05/2026