ဇွန်လ ၁၀ ရက်ဝန်းကျင်မှစ၍ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးရွာသွန်းမှု ရက်ဆက်နိုင်
ဇွန်လ ၁ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် WINDY - ECMWF Model Wind Maps (850 hPa / 1500m) အချက်အလက်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံတောင်ပိုင်း (ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း) ဒေသတွေမှာ မုတ်သုံမိုး ဘယ်အချိန်ပြန်ကောင်းလာနိုင်မလဲဆိုတဲ့ အဆင့်လိုက် ဆန်းစစ်သုံးသပ်ချက်ဖြစ်သည်။
၁။ ဇွန်လ ၁ ရက် (လက်ရှိအခြေအနေ) - မုတ်သုံလေလမ်းကြောင်း ပြတ်တောက်နေခြင်း
သုံးသပ်ချက် - ထိုင်ဝမ်အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာထဲမှာ ဗဟိုလေဖိအား ၉၇၉ hPa ရှိတဲ့ အားကောင်းသော တိုင်ဖွန်းမုန်တိုင်း JANGMI (Typhoon JANGMI) ရှိနေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါသည်။
မုန်တိုင်း JANGMI ရဲ့ ဆွဲအားကြောင့် ဘင်္ဂလားပင်လယ်အော်ထဲက လာရမယ့် အနောက်တောင်မုတ်သုံလေနှင့် ရေခိုးရေငွေ့ (Moisture Transport) အများစုဟာ မြန်မာနိုင်ငံပေါ်ကို မဝင်ရောက်နိုင်ဘဲ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ကာ မုန်တိုင်းဗဟိုချက်ရှိရာ အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် တိုက်ရိုက် စီးဆင်းဆွဲယူခြင်း ခံနေရပါသည်။ ဒါကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မုတ်သုံမိုး ယာယီအားလျော့နည်း (Monsoon Break) နေရခြင်း ဖြစ်ပါသည်။
၂။ ဇွန်လ ၃ ရက် - မုန်တိုင်းမြောက်ဘက်သို့ ရွေ့လျားပြီး အရှိန်ကျန်နေသေးခြင်း
တိုင်ဖွန်းမုန်တိုင်း JANGMI သည် ဂျပန်နိုင်ငံဘက်သို့ မြောက်ဘက်/အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားသော်လည်း အားကောင်းဆဲဖြစ်ပြီး လေစီးကြောင်း ဆွဲအား (Steering Flow) က ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက ရေခိုးရေငွေ့တွေကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်ဘက်သို့ ဆက်လက်ဆွဲခေါ်နေဆဲ ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် လေတိုက်ခတ်မှု ပုံစံမမှန်သေးဘဲ မိုးဆက်လက် နည်းနေဦးမည် ဖြစ်သည်။
၃။ ဇွန်လ ၆ ရက် - လေစီးကြောင်း ပုံစံပြောင်းလဲလာခြင်း (အကူးအပြောင်းကာလ)
တိုင်ဖွန်းမုန်တိုင်း JANGMI အားပျော့ပျက်ပြယ်သွားပြီးနောက် ပစိဖိတ်သမုဒ္ဒရာဘက်က ဆွဲအား လျော့ကျသွားပါသည်။ သို့သော်လည်း ဇွန်လ ၆ ရက်ခန့်တွင် တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်အနီးတွင် နောက်ထပ် လေဖိအားနည်းဆဲလ် (Low Pressure Cell) တစ်ခု အသက်ဝင်လာတာကြောင့် အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံဘက်ကို တိုက်ရိုက်မဝင်သေးဘဲ ကပ္ပလီပင်လယ်ပြင်မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်ဘက်သို့ ဆက်လက် စီးဝင်နေဆဲဖြစ်တာကို တွေ့ရပါသည်။
ထို့ကြောင့် ဇွန်လ ၆ အထိ မြန်မာနိုင်ငံတောင်ပိုင်းဒေသအများစုတွင် မိုးသိသိသာသာ ပြန်မကောင်းနိုင်သေးဘဲ တိမ်အသင့်အတင့်မှ နေရာကွက်ကျားဖြစ်ပေါ်မှုသာ ဆက်လက်ရှိနေနိုင်ပါသည်။
၄။ ဇွန်လ ၁၀ ရက် - မုတ်သုံမိုး အားကောင်းမည့် အခြေအနေ (Monsoon Revival)
ဇွန်လ ၁၀ ရက် မနက်ပိုင်း မြေပုံအရ အရှေ့ဘက်က ဆွဲအားများအားလုံး ပျောက်ဆုံးသွားပြီး ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေလမ်းကြောင်း (Monsoon Flow) စနစ်တကျ ပြန်လည်အားကောင်းလာတာကို တွေ့ရပါသည်။
အနောက်တောင်ဘက်မှ တိုက်ခတ်လာသော အားကောင်းသည့် လေစီးကြောင်း (ရောင်စုံပြထားသော လေအဟုန်ပြင်း လမ်းကြောင်း) သည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများဆီသို့ တိုက်ရိုက် ဦးတည်ကာ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ကြောင်းတွေ့ရပါသည်။

ကောက်ချက်နှင့် ခန့်မှန်းချက် (SUMMARY ANALYSIS)
မိုးပြန်ကောင်းမည့် အချိန်ကာလ - ဇွန်လ ၆ ရက်နောက်ပိုင်းမှစ၍ လေလမ်းကြောင်းများ စတင်ပြောင်းလဲလာမည်ဖြစ်ပြီး ဇွန်လ ၈ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းတွင် အနောက်တောင်မုတ်သုံလေနှင့် ရေခိုးရေငွေ့များ စနစ်တကျ ပြန်လည်စုဖွဲ့မိကာ မုတ်သုံမိုးများ တစ်ကျော့ပြန် အားကောင်းလာမည် (Monsoon Revival) ဖြစ်ပါသည်။
သက်ရောက်မှု - ဇွန်လ ၁၀ ရက်ဝန်းကျင်မှစတင်ကာ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးရွာသွန်းမှု ရက်ဆက်ပြန်လည်များပြားလာနိုင်ပြီး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးကြီးခြင်းများနှင့်အတူ မုတ်သုံမိုး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဟု သုံးသပ်ရရှိပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပုဇွန်ကိုဘာနဲ့ချက်စားရင်ကောင်းလဲ. မဆလာနဲ့ကောင်းလားကြက်ဥနဲ့ကောင်းလား။
Thein Soe Min • ဖြေကြားချက် 4 ခု
ဒီနွားဘယ်မှာသွားပြီးဘာတွေစားခဲ့လဲဆိုတာဘယ်လိုပြန်ကြည့်လို့ရမလဲ။
Thein Soe Min • ဖြေကြားချက် 1 ခု
မလျှော်ဘဲနဲ့ဖြူတာရောမရှိဘူးလား။
Thein Soe Min • ဖြေကြားချက် 0 ခု
မျိုးေစ့ကုမ္ပဏီများထိုင်းနှံေကာက်မျိုးတတင်းဒါမှမဟုတ်သတင်းကွဲစျေးနှုန်းသည်လိုပါတယ်။
Thein Soe Min • ဖြေကြားချက် 0 ခု
ငါတွေကိုရေပြင်ထုတ်လိုက်လို့ရှိရင်အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်လဲ
Thein Soe Min • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from ဦးဝင်းနိုင်
အားလုံး
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
တိုင်ဖွန်းမုန်တိုင်း NOUL ကြောင့် ဇူလိုင် ၂၅ မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်နိုင်
24/07/2026
ဇူလိုင် ၂၅ မှ ၂၇ ရက်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးဆက်တိုက် သည်းထန်နိုင်
20/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....