ဧပြီလ ၉ ရက် မှ ၁၆ ရက်အထိ ၇ ရက်အတွင်း မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်မည့်ဒေသများ
ဧပြီလ ၁၀ ရက် ညနေ ၄ နာရီ Update အရ
ဩစတေးလျတိုက်အရှေ့ဘက်၊ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှ CAT-3 ဆိုင်ကလုန်းမုန်တိုင်း MAILA သည် မူလခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဩစတေးလျအရှေ့မြောက်ပိုင်းကို CAT-3 ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းမှ INVEST-90W သည် လေဖိအားနည်းရပ်ဝန်း TD-04W ဖြစ်လာပါတယ်။
ECMWF forecast via CHART အရ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းတို့တွင် ဧပြီ ၁၃ ရက်မှ စတင်၍ နေ့အပူချိန်များ မြင့်လာနိုင်ပြီး၊ VENTUSKY APP ကြိုတင်ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ဧပြီ ၁၆ ရက်၏ နေ့အပူချိန် ၃၉°C မှ ၄၂°C အထိ ရှိနိုင်ပါတယ်။

ဧပြီလ ၉ ရက် မှ ၁၆ ရက်အထိ ၇ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း (မန္တလေးမြို့နှင့်အထက်)၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပါမယ်။ မိုးတိမ်များဝင်ရောက်မည့် လမ်းကြောင်းပေါ်မူတည်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မွန်/ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါတယ်။
အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှ လေစီးကြောင်းများအခြေအနေအရ အနောက်-အနောက်မြောက်လေဆက်လက်အားကောင်းလျှက်ရှိပြီး၊ အီကွေတာဖြတ်ကျော်လေစီးကြောင်း CEF သည် မြောက်မှတောင်သို့ ဆက်လက်တိုက်ခတ်နေဆဲဖြစ်သည်။ CEF တောင်မှမြောက်သို့ပြောင်းလဲ တိုက်ခတ်ပြီး အီကွေတာတလျှောက်မှ ITCZ - INTER-TROPICAL CONVECTION ZONE မြောက်ဘက်သို့ စတင်ရွေ့လာချိန် ခန့်မှန်း မေလ ၂၀ ရက် ဝန်းကျင်တွင် အနောက်တောင်မုတ်သုံလေဦးအစပျိုးလာနိုင်ပါမည်။ အဆိုပါလေကြောင်းပြောင်းလဲမှုကို စတင်တွေ့ရနိုင်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
Continue reading related topics, questions and articles.
Topic 1
မိုးလေဝသ
Win Ko Thu
3 months agoကျေးဇူးပါ
La min
3 months agoဘယ်လိုကြည့်ရလဲ
Related articles
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
ကမ်းရိုးတန်းဒေသများနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတို့တွင် လာမည့် ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်
လာမည့် ၆ နာရီအတွင်း လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဝင်းနိုင်
See all
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကမ်းရိုးတန်းဒေသများနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတို့တွင် လာမည့် ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်
05/06/2026
လာမည့် ၆ နာရီအတွင်း လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်
04/06/2026
ဇွန်လ ၁၀ ရက်ဝန်းကျင်မှစ၍ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးရွာသွန်းမှု ရက်ဆက်နိုင်
01/06/2026
မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများ၌ ဇွန် ၁ ရက်နှင့် ၂ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ချေမြင့်မား
26/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....