Green Way
ခရမ်းချဉ်သီးတွင်ဖြစ်ပွားမှုများသည့် မှည့်ပြောက်စွန်းရောဂါ

ခရမ်းချဉ်သီးတွင်ဖြစ်ပွားမှုများသည့် မှည့်ပြောက်စွန်းရောဂါ

    စိုက်ပျိုးသီးနှံများဆိုတာက ပိုးမွှားရောဂါများရဲ့ သားကောင်တစ်ခုပဲဖြစ်ပါတယ်။ သီးနှံပင်များကို ပိုးမွှားရောဂါများတိုက်ခိုက်ပြီဆိုလျှင် တိုက်ခိုက်နိုင်တဲ့ပြဿနာအမျိုးမျိုးကို စဉ်းစားကြရပါတယ်။ မျိုးမသန့်တာလား၊ ပတ်ဝန်းကျင်ရဲ့အားပေးမှုကြောင့်လား (ရာသီဥတု၊ ပေါင်းမြက်)၊ စိုက်ပျိုးမြေကြောင့်လားဆိုတဲ့ အချက်တွေရောအပါအဝင်ပါ။ ဒီတော့ သီးနှံပင်တွေ ဆုံးရှုံးမှုနည်းအောင် ကာကွယ်ကုသနည်းလမ်းတွေ၊ ပိုးမွှားရောဂါရဲ့ဘဝစက်ဝန်းတွေကို သိထားကြဖို့လိုအပ်လာပါတယ်။

    မှည့်ပြောက်စွန်းရောဂါဟာဆိုရင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်နဲ့ အားလူး စတဲ့ သီးနှံပင်တော်တော်များများနှင့် အလှစိုက်အပင်များတွင် အဖြစ်အများဆုံးရောဂါတစ်ခုပါ။ ဒီသီးနှံတွေမှာမှ ခရမ်းချဉ်သီးမှာဖြစ်ပွားတဲ့ မှည့်ပြောက်စွန်းရောဂါအကြောင်းကို ဒီနေ့မှာလေ့လာနိုင်မှာပါ။

ရောဂါလက္ခဏာ

    ခရမ်းချဉ်သီးအမှည့်များ၊ အမှည့်လွန်နေသောအသီးများတွင် ကျရောက်မှုများပါသည်။ တစ်ခါတစ်ရံ အစိမ်းသီးများတွင်လည်း ရောဂါကျရောက်ပါသည်။ Colletotrichum မှိုကြောင့်ဖြစ်သော ရောဂါဖြစ်ပါသည်။ ရောဂါကျရောက်ပြီဆိုရင် အသီးစိမ်းများနှင့် အမှည့်များပေါ်တွင် ရေစိုအနာကွက်များဖြစ်မည်။ ရောဂါလက္ခဏာများသည် အရွက်နှင့် ပင်စည်တွင်လည်း အနည်းငယ်တွေ့ရတတ်ပါသည်။ ရောဂါပျံ့ပွားမှုမြင့်လာသောအခါ အနာကွက်များကြီးလာပြီး ချိုင့်ခွက်ကာ မဲလာတတ်ပါသည်။ အသီးများတွင် ရောဂါဝင်ပြီး ၅-၆ ရက်တွင် ရောဂါလက္ခဏာများကိုစတင်တွေ့ရတတ်ပါသည်။ 

ရောဂါပျံ့နှံ့မှု

    ရောဂါဖြစ်စေသောမှိုသည် အစေ့များ၊ မြေဆီလွှာ၊ ရောဂါတိုက်ခိုက်ခံရသော အပင်အကြွင်းအကျန်များမှတစ်ဆင့် ပျံ့နှံ့ပြီး မိုးများချိန် မိုးစက်ပြောက်များအရွက်များကိုစင်ခြင်းနှင့် ရေသွင်းများခြင်းတို့ကြောင့် ပျံ့နှံ့မှုမြင့်မားစေသည်။ ရောဂါရအပင်အကြွင်းအကျန်းများတွင် ခိုအောင်းရှင်သန်ပြီး တစ်ရာသီမှတစ်ရာသီသို့ ကူးစက်စေပါသည်။ 

ကာကွယ်ကုသနည်း

     ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။ မြေဖုံးပေးခြင်းဖြင့် ရောဂါကြောင့်ဆုံးရှုံးမှု နည်းစေပါသည်။ မျိုးရင်းမတူသောအပင်များကို ၃ နှစ်ခြား သီးလှည့်စိုက်ပျိုးသင့်ပါသည်။ အပင်အောက်ခြေတွင်ရေသွင်း/ထုတ်လုပ်ခြင်းဖြင့် ရေများခြင်းနှင့် အရွက်များစိုစွတ်လွန်းခြင်းကို ကာကွယ်ပေးပါတယ်။ အသီးများရင့်မှည့်သည်နှင့် ချက်ချင်းရိတ်သိမ်းဖို့လိုပါမည်။ ရှေ့သီးနှံ၏ ပင်ကြွင်းပင်ကျန်များကို သေချာစွာရှင်းလင်းပြီး မှိုကိုသယ်ဆောင်နိုင်သည့် ပေါင်းပင်များကို ရှင်းလင်းဖို့လိုပါမည်။  

    စီးပွားရေးအရထိခိုက်ဆုံးရှုံးမှုများလျှင် မှိုသတ်ဆေးသုံးနိုင်ပါသည်။ ကော့ပါးပါသောမှိုသတ်ဆေးများကို ဆေးညွှန်းပါအတိုင်း သေချာစွာအသုံးပြုခြင်းဖြင့် ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။

ကိုးကား- https://ag.umass.edu/vegetable/fact-sheets/solanaceous-anthracnose

https://www.gardeningknowhow.com/edible/vegetables/tomato/tomato-anthracnose-treatment.htm

Continue reading related topics, questions and articles.

ko soe ngwe

ko soe ngwe

2 years ago

ခရမ်းချဉ်အသီးစိမ်းမှာ‌မဲ့စက်ရှိနေလို့ဘာဆေးဖျန်းရမှာလည်းမသိလို့‌ပါဆရာဆေးလေးညွန်းပေးပါအုံးဆရာ

Myo Ko

Myo Ko

3 years ago

ဟုတ်ပဗျာ

Tin Moe Win

Tin Moe Win

4 years ago

မိုးများတော့ ရိုးမဲကျသလိုနဲ့ ဖြစ်ထွန်းမှူနည်းပါးတယ်

Tin Moe Win

Tin Moe Win

4 years ago

ခရမ်းချဉ် အဓိက စိုက်ပါတယ် ဆရာ

You

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....