ခရမ်းချဉ်ရဲ့ အထွက်နှုန်း ၄၀ ရာခိုင်နှုန်းထိ ထိခိုက်စေနိုင်တဲ့ သီးလုံးဖောက်ပိုး
ခရမ်းချဉ်မှာဆိုရင် သီးလုံးဖောက်ပိုးက အထွက်နှုန်း ၄၀ ရာခိုင်နှုန်းထိ ထိခိုက်နိုင်တဲ့ ဖျက်ပိုးဖြစ်ပါတယ်။ လက်ချောင်းဝက်လောက်ရှိသော သားလောင်းအဆင့်တွင် အစိမ်းရောင်မှ အညိုရောင်ပြောင်းပြီး ကျောပေါ်တွင် အနက်ရောင်မျဉ်းကြောင်းပါရှိပါတယ်။ အရွယ်ရောက်အမကောင်များက အဝါရောင်ဖြစ်ပြီး တောင်ပံတွင် အညှိုရောင်အစက်အပြောက်များတွေ့ရပါလိမ့်မယ်။
ဖျက်ဆီးပုံလက္ခဏာ
သားလောင်းများသည် အရွက်များကို စားသောက်ဖျက်စီးရုံသာမက နောက်ပိုင်းတွင် အသီးများကို အပေါက်များလုပ်ပြီး ဝင်ရောက်စားသောက်တတ်ပါတယ်။ အသီးတွင်းစားသောက်နေစဉ် ခန္ဓာကိုယ်တစ်ဝက်သည် အပြင်တွင်ကျန်ရှိနေတတ်ပါတယ်။ အသီးတွင်းဝင်ရောက်စားသောက်ဖျက်ဆီးမှုကြောင့် အသီးများပုပ်သွားစေပြီးအထွက်နှုန်းကို ကျစေတာပါ။
တစ်နှစ်ပတ်လုံး သီးနှံပင်ကိုတိုက်ခိုက်နိုင်သော ဖျက်ပိုးပဲဖြစ်ပါတယ်။ အမများသည် အရွက်၏အပေါ်မျက်နှာပြင်နှင့် အပွင့်များတွင် အဖြူရောင်ဥများ ဥချပါတယ်။ ရက်၂၀ ဝန်းကျင်တွင် သားလောင်းတစ်ကောင်သည် ခရမ်းချဉ်သီး ၂ လုံးမှ ၈ လုံးထိ တိုက်ခိုက်နိုင်သည်ဟု လေ့လာရပါတယ်။ ဖျက်ပိုးများက အစိမ်းရောင်အသီးများကို ကြိုက်နှစ်သက်ပြီး အသီးစဖြစ်စဉ်ကတည်းက တိုက်ခိုက်နိုင်ပါတယ်။
ကာကွယ်ကုသနည်းလမ်းများ
- ရိတ်သိမ်းပြီးသည်နှင့် ထယ်နက်နက်ဝင်ပေး၍ မြေလှပ်ထားပေးပါ။ ရုပ်ဖုံးများကို နေနဲ့ထိတွေ့ပြီး သေသွားစေရန်နှင့် ငှက်များစားသောက်နိုင်ရန်ဖြစ်ပါတယ်။
- ထပ်တရာပန်း (marigold) များကို တန်းကြားတွေမှာစိုက်ပေးပါ။ (ခရမ်းချဉ် ၁၆ တန်းမှာ ထပ်တရာ ၁ တန်း)
- အသီးမသီးခင် အလင်းရောင်ထောင်ချောက်များ ထားပေးပါ။
- မိတ်ဆွေပိုးများထားပါ။ ပင့်ကူ၊ ပုစဉ်း၊ ကပ်ပါးယင်များနှင့် ပုရွက်ဆိတ်များသည် သီးလုံးဖောက်ပိုး၏ သဘာဝရန်သူများဖြစ်တဲ့အတွက် ထိုအကောင်များ အခင်းမှာရှိနေလျှင် မနှိမ်နင်းပါနဲ့။
- တိုက်ခိုက်ခံထားရတဲ့အသီးတွေကို ဖယ်ရှားဖျက််ဆီးပစ်ပါ။
- အသီးရဲ့ ၁၀ ရာခိုင်နှုန်း တိုက်ခိုက်ခံရပြီဆိုမှသာလျှင် ထိသေစားသေအာနိသင်ရှိသည့် ပိုးသတ်ဆေးတစ်ခုခုကို အသုံးပြုနိုင်ပါတယ်။ ဓာတုဆေးသုံးရာမှာ ၁၀-၁၅ ရက်ခြား ၂-၃ ကြိမ် အသုံးပြုပေးနိုင်ပါတယ်။
ဓာတုဆေးအသုံးပြုလျှင် လုံခြုံပြီး အန္တရယ်ဖြစ်မှုအနည်းဆုံးဖြစ်သည့် ဝတ်စုံကိုအသုံးပြုရန်နှင့် ဆေးဗူးပါအညွှန်းအတိုင်း သေချာစွာအသုံးပြုပြီး ဆေးသုံးချိန်မှန်ကန်စွာအသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Source - https://www.plantwise.org/knowledgebank/factsheetforfarmers/20157800176
Continue reading related topics, questions and articles.
Topic 1
ခရမ်းချဉ်သီးလုံးဖောက်ပိုး
Applicable farm inputs (Ad)
San San
4 years agoကျနငအငအကပသပြသအငအငြအဘုတွုြ့ငအ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကျော့နန္ဒာစိုး
See all