မိုးပြတ်သွားရင် ကျရောက်လာနိုင်တဲ့ နှမ်းရွက်လိပ်ပိုး
နှမ်းပင်ရဲ့ အပွင့်ပွင့်ချိန်နဲ့ အသီးသီးချိန်မှာအဓိက ကျရောက်ဖျက်ဆီးတတ်တဲ့ ကောင်တွေ ဖြစ်ပါတယ်ဗျ။ ဒါကြောင့် ဆိုးဆိုးဝါးဝါးကျရောက်ရင် နှမ်းအထွက်နှုန်းကို ထိခိုက်စေနိုင်တာမို့ ဒီကောင်တွေရဲ့ နေထိုင်စားသောက်ပုံအလေ့အထကိုသိရှိပြီး ကာကွယ်နှိမ်နှင်းနိုင်အောင် လေ့လာကြည့်ကြ ရအောင်လားဗျာ။
ဘဝစက်ဝန်း
ဥအဆင့်- ဥတွေကို အရွက်တွေရဲ့အောက်မျက်နှာပြင်တွေ၊ သီးတောင့်တွေနဲ့ ကိုင်းတွေမှာ တစ်လုံးချင်းစီ ဥလေ့ရှိပါတယ်။ ဥခါစဥလေးတွေက အလွန်သေးငယ်တဲ့ အဖြူရောင်ဥလေးတွေဖြစ်ပြီး ပေါက်ခါနီးရင်တော့ အနက်ရောင်သန်းသွားပါတယ်။
သားလောင်းအဆင့်-ခေါင်းလေးသာမည်းနေပြီး ခန္ခာကိုယ်တစ်ခုလုံး အစိမ်းရောင်ရှိကာ အဖြူရောင်အမွှေးတိုလေးတွေပါရှိကြပါတယ်။
ရုပ်ဖုံးအဆင့်- ရုပ်ဖုံးတွေက နီညိုရောင်ရှိပြီး တစ်ပတ်လောက်ကြာတော့ အကောင်ကြီးအဖြစ် ပြောင်းသွားပါတယ်။
အကောင်ကြီးအဆင့်- နီညိုရောင် ဖလံကောင်လေးဖြစ်ပါတယ်။

ဘယ်လိုစားသောက်ဖျက်ဆီးကျတာလဲ
- ငယ်ရွယ်တဲ့သားလောင်းကောင်တွေက ထိပ်ဖျားရွက်တွေကို လိပ်ပြီး စားသောက်ကြပါတယ်။
- ပန်းပွင့်ချိန်မှာဆိုရင် ပန်းပွင့်တွေထဲကို ဝင်ရောက်စားလေ့ရှိကြသလို သီးတောင့်တည်ချိန်မှာလည်း သီးတောင့်ထဲဝင်ကာ အစေ့တွေကို စားသောက်ဖျက်ဆီးကြပါတယ်ဗျ။

ဒီကောင်တွေဖျက်ဆီးထားရင် ဘယ်လိုလက္ခဏာတွေပြလဲ
- ထိပ်ဖျားအရွက်တွေ လိပ်ပြီး ပျက်စီးနေတာကိုတွေ့ရပါမယ်ဗျ။
- အညွန့်တွေ၊ ကိုင်းတွေ မထွက်တော့ပဲ အပင်တွေသေနေတာ တွေ့ရမယ်။
ဘယ်လိုကာကွယ် နှိမ်နင်းကြမလဲ
- နှမ်းပင်ထိပ်ဖျားရွက်တွေမှာကျရောက်နေတဲ့ ဥတွေနဲ့ သားလောင်းကောင်တွေကို ကောက်ယူပြီး ဖျက်ဆီးပစ်ပါ။
- ဆိုးဆိုးဝါးဝါးကျရောက်နေရင်တော့ ပိုးကျနေတဲ့အရွက်တွေ ဖြတ်ယူပြီး ဖျက်ဆီးပေးပါ။
- တမာပိုးသတ်ဆေး ဖျန်းပေးပါ။
- မဖြစ်မနေ ဓာတုပိုးသတ်ဆေးသုံးရမယ်ဆိုရင်တော့ ကာဘာရိုင်း ၅၀ ဒဗလျူပီ( Carbaryl 50 WP) သို့မဟုတ် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးပါဗျ။
ထွန်းရာဇာ
Ref;https://vikaspedia.in/agriculture/crop-production/integrated-pest-managment/ipm-for-oilseeds/ipm-strategies-for-sesame/sesame-insect-pests-management
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Continue reading related topics, questions and articles.
Topic 1
နှမ်းရွက်လိပ်ပိုး
Applicable farm inputs (Ad)
ပဒေသာ
5 years agoအစိုးရပိတ်ရက်တွေကလွဲလို့ သီးနံဈေးနှုန်းတွေနေ့စဉ်တင်ပေးပါတယ်ရှင့် နေ့လည် ၃ နာရီနောက်ပိုင်းမှာ လေ့လာလို့ရပါတယ်ရှင့်
ကျော်ဆန်းလင်း
5 years agoနေ့စဉ်စျေးနှုန်းများသိချင်ပါတယ်ခင်ဗျ
ကျော်ဆန်းလင်း
5 years agoကျော်ဆန်းလင်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းရာဇာ
See all