အဖိုးနည်းပေမယ့် အကျိုးများတဲ့ ငုံးဥ
ငုံးဥက အရွယ်အစားအားဖြင့် ကြက်ဥ၊ ဘဲဥတို့ထက် သေးငယ်သော်လည်း အာဟာရဓာတ်ပါဝင်မှုမှာတော့ ငုံးဥကပိုများပါတယ်။ ငုံးဥမှာဆိုရင် ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေနဲ့ အန်တီအောက်ဆီဒန့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာမို့ ခန္ဓာကိုယ်ခုခံစွမ်းအားကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့်လည်း ခုလိုကာလကြီးမှာ ကိုယ်ခံအားကောင်းဖို့အတွက် ကြက်ဥ ကြက်ဥဆိုတာကြီးပဲ ဖြစ်နေကြပြီး ငုံးဥစားသုံးဖို့တော့ မေ့လျော့နေကြတာကို တွေ့ရပါတယ်။ တချို့ကလည်း ငုံးဥအကြောင်းသိကြပေမယ့် ဝယ်ယူဖို့ခက်ခဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငုံးဥမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်သလဲဆိုရင်…
ပျမ်းမျှအားဖြင့် ငုံးဥတစ်လုံးမှာ ပါဝင်တဲ့အာဟာရဓာတ်ပမာဏများ
ကယ်လိုရီ (calories)- ၁၄ ဂရမ်
ပရိုတင်း (protein) - ၁ ဂရမ်
အဆီဓာတ် (fat)- ၁ ဂရမ်
ကိုလက်စထရော (Cholesterol) - ၂၅ ရာခိုင်နှုန်း
ရိုက်ဘိုဖလာဗင် (Riboflavin) - ၆ ရာခိုင်နှုန်း
ဗီတာမင်ဘီ၁၂ (Vitamin B12) - ၆ ရာခိုင်နှုန်း
ဗီတာမင်အေ (VitaminA) - ၂ ရာခိုင်နှုန်း
သံဓာတ် (Iron)- ၂ ရာခိုင်နှုန်း
ဆိုဒီယမ် ( Sodium)- ၁ ရာခိုင်နှုန်း
ဖော့စပါးရပ် (Phosphorus)- ၂ ရာခိုင်နှုန်း
ဆီလီနီယံ ( Selenium) - ၅ ရာခိုင်နှုန်း
ချိုလိုင်း (Choline) - ၄ ရာခိုင်နှုန်း
ဖိုလိတ် (Folate) - ၂ ရာခိုင်နှုန်း
ကယ်ဆီယမ် (Calcium)- ၀.၄ ရာခိုင်နှုန်း
Pantothenic acid- ၃ ရာခိုင်နှုန်း စတဲ့ အဟာရဓာတ်များ စုံလင်စွာပါဝင်ပါတယ်။
ငုံးဥ၏ ကျန်းမာရေးကောင်းကျိုးများ
၁။ ခုခံစွမ်းအားကောင်းမွန်စေခြင်း
- ငုံးဥမှာ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ အန်တီအောက်ဆီဒန့်တွေ ကြွယ်ဝခြင်းကြောင့် ခုခံအားကောင်းမွန်စေသလို ရောဂါဖြစ်နေတဲ့သူတွေ စားသုံးမယ်ဆိုရင်လည်း နလန်မြန်မြန်ထူစေနိုင်ပါတယ်။
၂။ ခန္ဓာကိုယ်ရဲ့ ဇီဝအတွင်းပြောင်းလဲမှုဖြစ်စဉ်ကို တိုးတက်စေခြင်း
- ဗီတာမင်ဘီပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဇီဝတွင်းဖြစ်ပျက်မှုတွေကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ အစာချေဖျက်တဲ့စနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။
၃။ အမြင်အာရုံကောင်းမွန်စေခြင်း
- ဗီတာမင်အေကြွယ်ဝခြင်းကြောင့် အမြင်အာရုံကောင်းမွန်စေပြီး မျက်စိကြည်လင်စေပါတယ်။ အတွင်းတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
၄။ စိတ်ဖိစီးမှုကို သက်သာစေခြင်း
- ကျွန်တော်တို့ဟာ နေမကောင်းတဲ့အခါဖြစ်ဖြစ်၊ အခြားအဆင်မပြေတာတစ်ခုခုကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ ဖြစ်စေတတ်ပါတယ်။ ငုံးဥမှာပါတဲ့ ဟော်မုန်းတစ်မျိုးက စိတ်ဖိစီးမှုကို ကန့်သတ်ပေးနိုင်သလို အမျိုးသမီးတွေမှာရှိတဲ့ menopausal syndrome ကိုလည်း တိုက်ခိုက်ပေးနိုင်စွမ်းရှိပါတယ်။
၅။ ဓာတ်မတည့်မှုကိုသက်သာစေခြင်း
- ငုံးဥမှာ ဓာတ်မတည့်ခြင်းကို ချေဖျက်ပေးတဲ့ သဘာဝဓာတ်ပစ္စည်းတစ်မျိုး ပါဝင်တာကြောင့် ရောင်ရမ်းခြင်းနဲ့ အခြားဓာတ်မတည့်မှုများစွာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၆။ အရိုးအဆစ်တွေကို သန်မာစေခြင်း
- ငုံးဥမှာ ကယ်ဆီယမ်၊ ဖော့စပါးရပ် ဓာတ်တွေကြွယ်ဝတာမို့ အရိုးအဆစ်တွေကို သန်မာစေပါတယ်။
၇။ သွေးအားနည်းသောရောဂါကို လျော့ချပေးခြင်း
- သွေးအားနည်းတယ်ဆိုတာက သွေးနီဥဆဲလ်ပမာဏနည်းတာဖြစ်ပြီး အများအားဖြင့် သံဓာတ်ချို့တည့်ခြင်းကြောင့် ဖြစ်စေတာပါ။ ငုံးဥမှာ သံဓာတ်ကြွယ်ဝတာမို့ စားပေးမယ်ဆိုရင် သွေးအားနည်းခြင်းကို သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် အသက်ရှူစွမ်းရည်ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးခြင်း၊ ကိုယ်တွင်းအဆိပ်တောက်တွေပြေစေခြင်း၊ အရည်ပြားကျန်းမာရေးကို တိုးတက်စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးခြင်း၊ ကိုလက်စထရောပမာဏကို ထိန်းညှိပေးခြင်း စသောကောင်းကျိုးများစွာကို ငုံးဥစားသုံးခြင်းဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာလည်းရှိသေးတော့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အလွန်အကျွံမကျွေးသင့်ပါဘူး။ ကျောက်ကပ်နဲ့ အသည်းရောဂါရှိသူတွေအပြင် ငုံးဥနဲ့ဓာတ်မတည့်သူတွေလည်း မစားသုံးသင့်ပါဘူးဗျ။
Ref: https://www.healthline.com/nutrition/quail-eggs-benefits
https://www.conserve-energy-future.com/benefits-of-quail-eggs.php
https://www.organicfacts.net/health-benefits/animal-product/quail-eggs.html
https://www.stylecraze.com/articles/health-benefits-of-quail-egg/
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းရာဇာ
See all
အလွယ်ကူဆုံး ပေါင်မုန့်ဖုတ်နည်း
24/08/2021
မိုးလယ်နဲ့ မိုးနှောင်းကာလမှာစိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်များ
22/08/2021
ကြက်သွန်နီဥတွေမှာ အမည်းရောင်မှိုလေးတွေရှိနေပြီလား
18/08/2021
ကိုက်လန်မှာဒီပိုးတွေကျခဲ့ရင် ဘယ်လိုနှိမ်နင်းကြမလဲ
30/07/2021
ရောဂါခုခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ ဇင့်(Zinc)ပါဝင်သော အစားအစာများ
28/07/2021