နှမ်းသီးနှံတွင် သတိထားရမည့် ပေါင်းသတ်ဆေးအမျိုးအစားများ
နှမ်း ကို မြန်မာနိုင်ငံ၏ အရေးကြီးသော ဆီထွက်သီးနှံတစ်ခုအနေဖြင့် စိုက်ပျိုးလျှက်ရှိပါတယ်။ နှမ်းသီးနှံက ပေါင်းကို အစောပိုင်းစိုက်ခါစ ရက် ၂၀ မှ ၃၀ အတွင်း ရှင်ပြိုင်နိုင်ခြင်းမရှိပါ။ ထိုဖြစ်ပါ၍ ထယ်ရေးနက်ခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းများ လုပ်ပေးနိုင်သလို ဓာတုပေါင်းသတ်ဆေးများဖြင့်လဲ ပေါင်းမြက်များအား နှိမ်နင်းနိုင်ပါတယ်။
မိုးများပါက ရရှိလာမည့်အထွက်နှင့် ပေါင်းသတ်ဆေးအာနိသင်၊ ဆေးဖိုးအရ တွက်ခြေကိုက်မည်မဟုတ်ပါ။ သို့သော်လည်း အပူပိုင်းဒေသများတွင်သာ အဓိကထားစိုက်ပျိုးသော နှမ်းသီးနှံအတွက် တစ်ချို့သော ပေါင်းသတ်ဆေးများအကြောင်းကို နားလည်ရန်လိုအပ်ပါသည်။
ပထမဆုံးအနေဖြင့် စိုက်ပျိုးရေးတွင် ပေါင်းသတ်ဆေးအကြောင်းကို အခြေခံသိရန်လိုအပ်ပါတယ်။
၁။ အစေ့ချစိုက်ခြင်း မတိုင်ခင် ကိုင်းမြက်များရှင်းရန် သုံးသော ပေါင်းသတ်ဆေး၊
ဥပမာ - Glyphosate ဂလိုင်ဖိုစိတ်၊ 2- 4 D ၂ - ၄ ဒီ၊
၂။ ပေါင်းအုပ်ဆေး (အပင်အစေ့ချပြီးခါစတွင် သုံးသောဆေး)၊
ဥပမာ -Imazethapyr အီမာဇက်သာပရာ၊ Metolachlor မက်တိုတာကလော
၃။ အပင်ပေါက်လာသောအခါ သုံးသော ပေါင်းသတ်ဆေး
ဥပမာ- Quizalofop-p-ethyl ကွီဇလိုဖော့ ပီ အီသိုင်း ဟူ၍ အခြေခံ ၃ မျိုးရှိပါသည်။
နောက်ဆုံးအနေဖြင့် နှမ်းတွင်သုံးသော ပေါင်းသတ်ဆေးများကို သိရှိရန် အရေးကြီးပါသည်။ ပုံမာန်အားဖြင့် သုံးသောပုံစံမှာ မစိုက်ခင်တွင် ဂလိုင်ဖိုစိတ် Glyphosate ကိုသုံး၍ ပေါင်းအုပ်ဆေးအနေဖြင့် မက်တိုတာကလော Metolachlor သို့မဟုတ် Pendimethalin ကို သုံးပါသည်။ စိုက်ပြီးနောက်ပိုင်းတွင် ဒိုင်ယူရွန် Diuron၊ ဖလူအေဇီဖော့ပီ ဘျူတိုင်း Fluazifop-P-butyl၊ ကွီဇလိုဖော့ပီ အီသိုင်း Quizalofop-p-ethyl စသော ဆေးများကိုဖျန်းကြပါသည်။
အကယ်၍ ၂-၄ ဒီလိုမျိုး ပေါင်းသတ်ဆေးများကို မစိုက်ခင်သော်လည်ကောင်း စိုက်ပျိုးပြီးသော်လည်းကောင်းသုံးမိပါက ဆေးကြောင့် နှမ်းပင်များ ထိခိုက်နိုင်ပါသည်။ အထူးသဖြင့် မြေအစိုဓာတ်ရှိရင် ပိုဆိုးပါသည်။ Imazethapyr အီမာဇက်သာပရာ ကို စိုက်ပျိုးပြီး အပင်များဖြစ်နေချိန် ဖျန်းမိပါကလည်း ထိခိုက်နိုင်ပါသည်။ နောက်တစ်ခုက Formesafen ဖော်မီစဖန်၊ Paraquat ပါရာကွက်နှင့် အက်ထရာဇင်း Atrazine ကိုလဲ နှမ်းအတွက် မသုံးသင့်ပါ။ စပါးအတွက် ပေါင်းသတ်ဆေးများ သုံးမည်ဆိုပါလဲ အပင်သဘောတရားချင်း မတူညီတာကြောင့် အဆင်မပြေနိုင်ပါ။ ထို့အပြင် နှမ်းမတိုင်ခင် စိုက်ပျိုးသည့် သီးနှံမှာကတည်းက နှမ်းအတွက် အဆင်မပြေသောပေါင်းသတ်ဆေးများကို ရှောင်ရှားသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ချို့ပေါင်းသတ်ဆေးတွေ ဥပမာ အေအိုင် ဖော်မီစဖန် Formesafen ကမြေထဲမှာ half life သိပ်ကြာတယ်။ သူက အနည်းဆုံး half life ရက် ၁၀၀ ရှိပါတယ်။
half life ဆိုတာဘာလဲ? ပေါင်းသတ်ဆေးတွေမာ half life တွေကဘယ်လိုအရေးကြီးတာလဲ။ မြန်မာဘာသာပြန်ရင်တော့ half life က အသက်တစ်ဝက် ပေါ့၊ ပေါင်းသတ်ဆေးရဲ့ အဆိပ်အာနိသင်က မြေထဲမှာ ၅၀ ရာခိုင်နှုန်းလျော့တာကိုတိုင်းတာတာပါ။ နားလည်အောင်ထပ်ပြောပေးရမယ်ဆိုရင် မြေထဲကို ဖောမီစဖန် ပေါင်းသတ်ဆေး ၁၀၀ ထည့်လိုက်တယ်ဆိုပါတော့ အဲ့ကြရင် နောက်ထပ် ရက် ၁၀၀ ကြာရင် မြေထဲမာ ပေါင်းသတ်ဆေးအဆိပ်က ၅၀ ကျန်ပါမယ်။
စိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ နောက်သိရမှာ တစ်ခုက rotation crop interval (RCI) ဆိုတဲ့အရာပါ။ rotation crop interval ဆိုတာဟာ တစ်သီးပြီးလို့ နောက်တစ်သီးထပ်စိုက်မယ့်အခါ ခြားရမယ့် အချိန်ကိုပြောတာပါ။ သီးနှံတစ်ခုစိုက်ပြီး နောက်ထပ် စိုက်မယ့်သီးနှံနဲ့ ကွာခြားတဲ့ ရက်အချိန်ကိုပြောတာပါ။ ပထမ သီးနှံမှာ ပေါင်းသတ်ဆေးဖျန်းတယ်ဆိုပါတော့ ပဲတီစိမ်း သို့ မတ်ပဲ စိုက်တယ် ဖော်မီစဖန် အေအိုင် ဖျန်းတယ်။ ဖော်မီစဖန် ဆိုရင် ဘာတွေရှိမလဲ စျေးကွက်ထဲမာတော့အမည်မျိုးမျိုးပေါ့ ဥပမာ အာမိုကင်း၊ တောင်သူစတား ၁၊ ပီကာ၊ ဖော်ဝမ်း၊ ဟယ်လို စသည့်အမည်တွေဖြစ်ပါတယ်။ အဲ့ဒီမှာ ဆေးက ရက် ၁၀၀ ကြာမှာ အာနိသင်တစ်ဝက်ပျက်ပါမယ်။ ဒါတောင် ဒီလိုပျက်ဖို့အတွက် မိုးရေချိန်များ ရပါမယ်၊ မြေရဲ့ ချဥ်ငန်ဓါတ်အပေါ်မူတည်ပါတယ်။ မြေအရမ်းချဥ်တယ်။ pH ၆ အောက်ဆိုရင် ဆေးကမြေထဲမှာ ပိုစွဲမြဲနေနိုင်ပါတယ်။ ရှေ့ကပြောတဲ့ RCI အရ ရက် ၁၀၀ မကျော်ခင်ပဲစိုက်ပြီး ဖော်မီစဖန်သုံးတယ် နောက်စိုက်တာက ပဲမဟုတ်တဲ့အပင် ဥပမာ နှမ်း စိုက်ခဲ့အခါ နှမ်းပင်တွေ လောင်တာမျိုးဖြစ်ပါသည်။
မှတ်ချက် - ယခု ဆောင်းပါးတွင် ဖော်ပြသော ဆေးအမည်များမှာ အေအိုင် ခေါ် အစွမ်းရှိပစ္စည်း (active ingredient) အမည်များသာဖြစ်ပါသည် ထို့အတွက် ဆေးဘူးများတွင်ပါသော စာအညွှန်းဖြင့် ပြန်လည် တိုက်စစ်နိုင်ပါသည်။
မြန်မာပြည်ကြီး ရဲ့ နှမ်းစိုက်ပျိုးသူများ စီးပွား တိုးကြပါစေ ဟု ဆုတောင်းမေတ္တာပို့သလျှက်
ဖုန်းမာန်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
ဇေယျာ
3 years agoနမ်းခင်းထဲးကရွက်ပြန့်သေတဲ့ဆေးရှိလာဆရာ
Ko Myat
4 years agoကျေးဇူးပါဆရာ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဖုန်းမဏ်တိုး
See all
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....