Green Way
နှမ်း ဆစ်နီမတုတ်ရောဂါ (sesame cyst nematode)

နှမ်း ဆစ်နီမတုတ်ရောဂါ (sesame cyst nematode)

    ဆစ်နီမတုတ်ရောဂါက နှမ်းပင်အပြင် ပဲစဉ်းငုံ၊ ပဲလွမ်း စသောပဲအမျိုးမျိုးမှာလည်း ကျရောက်လေ့ရှိပါတယ်။ ရောဂါဖြစ်စေသောသက်ရှိ Heterodera cajani ဖြစ်ပြီး ၎င်း cysts နီမတုတ်တွေက အမြစ်အတွင်းမှာ နေထိုင်စားသောက်ပါတယ်။ နီမတုတ်အမတစ်ကောင်ဟာ ဥပေါင်း (၂၀၀) ကျော်ဉနိုင်ပြီး ၎င်းဥတွေကလည်း နှစ်ပေါင်းများစွာကြာ အသက်ရှင်နိုင်ပါတယ်။ ဥမှပေါက်လာတဲ့ ဒုတိယအဆင့်သားလောင်းက နှမ်းပင်ရဲအမြစ်ထဲကို ထိုးဖောက်ဝင်ရောက်သွားပါတယ်။ အမြစ်ထဲမှာနေထိုင်ပြီး အပင်ရဲ့အစာတွေကို စုပ်ယူစားသောက်ကြပါတယ်။ အကောင်ကြီးအဆင့် ရောက်သွားတဲ့အခါမှာတော့ နီမတုတ်အမတွေဟာ အမြစ်မှာကပ်တွယ်ပြီး ဥတွေဥကြပါတယ်။ မျိုးပွားခြင်းနောက်ဆုံးအဆင့်မှာတော့ နီမတုတ်အမတွေဟာ အမြစ်အပြင်ဘက်တိုးထွက်ပြီး သေဆုံးသွားကြကာ ဥတွေရှိတဲ့ သံပုရာသီးပုံစံ Cysts အိတ်သာ ဆက်လက်ရှင်သန် ကျန်ရှိခဲ့ပါတယ်။

ဆစ်နီမတုတ်ကျရင် ဘယ်လိုလက္ခဏာတွေပြသလဲ?

- အရွက်တွေသေးပြီးဝါလာမယ်

- အပွင့်လေးတွေသေးလာမယ်

- သီးထောင့်တည်မှုလျော့ကျကာ သီးထောင့်အရွယ်အစားလည်းသေးလာမယ်

- အမြစ်ကြီးထွားမှုညံ့လာပြီး အပင်ကိုနှုတ်ကြည့်ရင် အမြစ်မှာ အဖြူရောင်(သို့)အညိုရောင်နီမတုတ်တွေ ကပ်နေတာကိုတွေ့ရမယ်

- အပင်တစ်ပင်လုံးပုနေတာကို တွေ့ရပါမယ်

ဘယ်လိုကာကွယ်နှိမ်နင်းကြမလဲ

    ဆစ်နီမတုတ်တွေ ကွင်းထဲမှာ ဆိုးဆိုးဝါးဝါးကျရောက်နေရင်တော့ အမြစ်ပြတ်သုတ်သင်ဖို့ မဖြစ်နိုင်ပါဘူးဗျ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ခြင်းကို ဦးစားပေးလုပ်သင့်ပါတယ်။

- ရောဂါကင်းစင်ပြီး ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးချယ်စိုက်ပျိုးပါ။

- နှံစားသီးနှံများဖြင့် သီးလှည့်စိုက်ပေးပါ။

- မစိုက်ခင်နွေရာသီမှာ စိုက်ခင်းကို ထယ်နက်နက်ထိုးပေးပါ။

- မျိုးစေ့များကို Fensulfothion ဆေးဖြင့် လူးနယ်ပြီးမှ စိုက်ပါ။

- လယ်ယာသုံး ပစ္စည်းကိရိယာတွေကနေတဆင့် နီမတုတ်တွေ ပြန့်နှံ့နိုင်တာမို့ သုံးပြီးရင်သေချာသန့်စင်ပေးပါ။

မှတ်ချက်။     ။ နီမတုတ်အမတွေသေသွားပြီး သံပုရာသီးပုံစံ အညိုရောင်အိတ်က ဥတွေကို ကာကွယ်ပေးထားလို့ ဓာတုဆေးဖျန်းပြီးနှိမ်နင်းလည်း ထိရောက်မှုမရှိလို့ ကြိုတင်ကာကွယ်ခြင်းသာ လုပ်ဆောင်ကြပါဗျ။

ထွန်းရာဇာ

Ref;  https://www.plantwise.org/KnowledgeBank/datasheet/27023#ImpactSection

https://nematode.unl.edu/pest7.htm

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

Continue reading related topics, questions and articles.

အယ်လ်ေဖာင်းၡို

အယ်လ်ေဖာင်းၡို

5 years ago

နမ်းရိုးမဲေရာဂါက ဘယ်လိုကာကွယ်ရမလဲ ခင်များ

AungThura

AungThura

5 years ago

ကာကွယ်ဆေးအမည်သိချင်လို့ဘာ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....