နောက်ပိုင်းမျိုးစေ့တွေက အရောင်တွေပါနေတာ ဘာလို့လဲ..ငနီ?
“ခုနောက်ပိုင်း မျိုးစေ့တွေကကွာ
ပန်းရောင်တွေ အပြာရောင်ကြီးတွေ မသိရင် ပိုးတောင်မာကြီးတွေကျနေတာပဲ ပြောင်ပြောင်ပြောင်ပြောင်နဲ့
ကြိုက်ပါဘူး၊ မျိုးစေ့ မျိုးစေ့အတိုင်းပေါ့၊ ပြီး မျိုးခံပြီးလည်း စိုက်လို့မရဘူး”
“အဲ့လို ဟုတ်ဘူးလေ ကိုမဲကြီးရာ၊ အဲ့အရောင်လေးတွေက မျိုးစေ့ကို ကာကွယ်ပေးထားတာ။ မျိုးခံစိုက်လို့မရဘူးဆိုတာကလည်း သူတို့ က စပ်မျိုးတွေဖြစ်နေလို့လေ”
“မင့်ဟာကလည်း ရှုပ်နေတာပဲ”
“ဒီလို ဒီလို အစကနေ ပြောပြမယ်
- မျိုးစေ့ မျိုးစေ့ လို့ပြောရင် အထဲမှာ သန္ဓေလောင်းရယ်၊ စေ့တွင်းစာရယ် ပါတယ်။ သန္ဓေလောင်းလေးကကြီးလာရင် အမြစ်တွေ၊ အညှောင့်တွေ ထွက်တာပေါ့။ သူကြီးလာရင်စားဖို့စေ့တွင်းစာဆိုတာ ပါပြီးသားဆိုတော့ အစာမလိုဘူးပေါ့
- အစာတော့ရှိတယ်ဗျာ၊ ရောဂါကျတော့ ဒီအပင်နုနုလေးတွေက မခံနိုင်ဘူးလေ”
“အေး ခါးကနေ ပိုင်းပိုင်း ပြီး ပုတ်တာ”
“ အဲ့လို ခါးရိတာတို့၊ နောက် တစ်ချို့ မြေထဲရှိတဲ့ ဖျက်ပိုးတွေ ကျတော့ ဒီအပင်လေးတွေက ခံနိုင်ရည်မရှိကြဘူးလေ
အဲ့လိုဆိုတော့ ဒီအပင်တွေကို ကာကွယ်နိုင်ဖို့အတွက်ဆိုပြီးတော့ ဆေးလူးထားတာလေ အဲ့ဒါကြောင့်မို့ အဲ့လို အဝါတွေ အပြာတွေ ပန်းရောင်တွေ ဖြစ်နေတာ’
“အရောင်ကရော ဘာလို့ ကွာတာတုန်း”
“ ဆေးက တစ်မျိုးတည်းမဟုတ်ဘူးလေ၊ မျိုးအလိုက်ပေါ့ဗျာ၊ ဘူးဆို ဘူးစေ့၊ ဘူးပင်ပေါက်မှာ ကျတတ်တဲ့ အကောင်တွေ ရောဂါတွေ ကာကွယ်ဖို့အတွက် သူ့ဖော်မြူလာနဲ့ သူရောစပ်ထားတာကိုး၊ များတာကတော့ မှိုသတ်ဆေးတွေပေါ့၊ အဲ့လိုဆိုတော့ အရောင်လည်းကွဲနိုင်တာပေါ့”
“ဘာထူးလို့လဲကွ”
“ထူးတာပေါ့ အပင်ကို ရက် (၃၀)လောက်ထိ ကောင်းကောင်း ကာကွယ်ပေးနိုင်တယ်။ မျိုး ဈေးကြီးနေတာကို သက်သာတာပေါ့၊ မြို့ဈေး ဘူးပျိုးပင် တစ်ပင်ဘယ်လောက်ထင်လို့တုန်း ကိုမဲရီးရ၊ ဒီမှာသာ အလကားတောင် တောင်းရနေတာ၊ ပြီးတော့ ပျိုးပင်ဆို ဆေးမလိုက်ရတော့ သက်သာတယ်လေ၊ အရင်က အဲ့လို မျိုးတွေ မရှိလို့၊ စပါးမျိုးတွေဆို ဆေးရည်စပ်ပြီး စိမ်ကြ၊ ပြီးမှ စိုက်ကြရတာ၊ ခုတော့ သက်သာတယ်လေ”
“မင်း ဘူးဆိုလို့ ငါတို့ ဘူးက ရေစိမ်ပြီးမှ စိုက်တာလေ”
“ဟုတ်တယ် ဒီလို အရောင်တွေ၊ ဆေးနဲ့အုပ်ထားတဲ့ မျိုးတွေကျ ရေစိမ်စရာမလိုတော့ဘူး၊ စိမ်ရင် ဆေးတွေကွာကုန်မှာ နှမြောစရာကြီး”
“အေး အဲ့ဒါဆို အဲ့လို အရောင်တွေပါက ကောင်းတာပေါ့နော်၊ ဆေးပါပြီးသား အဲ့လိုလား”
“ အဲ့လိုပေါ့ ကိုမဲကြီး”
“ဒါမဲ့ အဲ့ဒါတွေက ပြန်မှ စိုက်လို့မရတာ”
“ရပါတယ်”
“မရပါဘူး ဟေ့ကောင် မဖြစ်တာက များများ၊ ဖြစ်တာက နည်းနည်း”
“အော် မျိုးပြန်ခံပြီး စိုက်တာကိုပြောတာလား”
“အေးလေ”
“အဲ့ဒါက စပ်မျိုးမို့လေ၊ မျိုးစေ့ထုတ်မှာ စပ်မျိုးဆို စပ်မျိုးလို့ ပါရတယ်။ စပ်မျိုးပြောင်းတို့၊ ငရုတ်(စပ်မျိုး) အဲ့လိုတွေပါရင် ပြန်မစိုက်ရဘူး၊ စိုက်လို့မရဘူး
- ကိုမဲကြီး က ကျွန်တော်စိုက်ထားတဲ့ ခရမ်းချဉ်စပ်မျိုးကိုဆို မျိုးခံပြီး ယူစိုက်ရင် သီးလာရင် အသီးက တစ်လုံးနဲ့ တစ်လုံးမညီဘူး၊ အရသာကလည်း မညီဘူး၊ ပြီးတော့ အထွက်လည်းမကောင်းဘူးဗျ၊ ယူချင် အခင်းလိုက်ဝယ်
- စပ်မျိုးမဟုတ်ဘူး၊ OP ဆိုတာရှိတယ်။ သူကျတော့ လွတ်လွတ်လပ်လပ် သဘာဝအတိုင်း မျိုးပွားပြီး ရလာတဲ့ မျိုးဗျာ။ အဲ့လိုဆိုရင်တော့ မျိုးခံပြီး ပြန်စိုက်ရင် အရင်မျိုးအတိုင်း အသီးရမယ်။ အပွင့်ရမယ်။ စပ်မျိုးကကျတော့ လူတွေ စပ်ပေးထားတာ၊ ဥပမာဆိုရင် အသီးကြီးတဲ့ မျိုးနဲ့ ချိုတဲ့ မျိုး စပ်ရင် “အသီးချိုကြီး” ဖြစ်သွားအောင် ပြင်ထားတဲ့သဘောဆိုတော့ တစ်ခါပဲရတာ၊ နောက်တစ်ခါကျ သူက စိုက်မရတော့ဘူး”
“အော် အဲ့ဒါဆို ငါတို့က မင်းပြောတဲ့ အိုပီ ဆိုတာလား အဲ့ဒါဝယ်ရမှာလား”
“အဲ့လိုတော့လည်း မဟုတ်ဘူးလေ၊ ကိုယ်ကြိုက်တာကိုယ်စိုက်လို့ရတာပဲ၊ ကျုပ်တို့က ရောင်းရဖို့ ဈေးကောင်းဖို့ အဓိကလေ၊ အဓိကကျတာလေး တွေးပြီး မျိုးကိုရွေးပေါ့၊ ခု ဆို ရွေးစရာတွေ အများကြီးဆိုတော့ ကောင်းတာပေါ့”
“အေး မင်းလည်းရွေးဦး”
“ဗျာ”
“မင်း လူပျိုကြီးပဲ လုပ်တော့မှာလား ငါ့ဆို စပ်မျိုးတွေတောင် ထွက်နေပြီလေ”
“ကိုမဲကြီးကလည်း အကောင်းမှတ်လို့ နားထောင်နေတာ၊ ခင်ဗျာ့ ဘာဖွဲ့မှာလဲ၊ ခုကို ကောက်ယူပစ်မှာ”
“မိန်းမနဲ့ တိုင်ပင်ရဦးမဟ”
“ခင်ဗျားလည်း ကြောက်တာပါပဲဗျာ”
“ချစ်တာဟ ချစ် တာ ချစ် တာ၊ ဟားဟား”
မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026