တောင်သူများသိထားစရာ ကြံအူနီရောဂါ
ရောဂါလက္ခဏာများ
ကြံရွက်များ၏ ရွက်လယ်ကြောများတွင် ရှည်လျားသည့် အနီရောင်အနာကွက်များကို တွေ့မြင်ရမည်။ နောက်ပိုင်းတွင် ၎င်းအနာကွက်များ၏ အလယ်ပိုင်းသည် ကောက်ရိုးခြောက်ရောင် ပြောင်းသွားပြီးနောက် အမဲရောင်အစက်အပြောက်များကို ၎င်းကောက်ရိုးခြောက်နေရာတွင် တွေ့မြင်ရမည်။ ရောဂါကျ ကြံပင်၏ ပင်စည်ကို ခွဲကြည့်ပါက ကြံရိုးများ၏ အတွင်းသားများသည် အနီရောင်ပြောင်နေပြီ ၎င်းအနီရောင်အပေါ်တွင် ပင်စည်နှင့် ထောင့်မှန်ကျနေသည့် အဖြူရောင် အကွက်များကို တွေ့မြင်ရမည်။
ကာကွယ်နှိမ်နင်းနည်းများ
- ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
- ရေဝပ်သော မြေများတွင် မစိုက်ပျိုးသင့်ပါ။
- ရောဂါကျနေသော အခင်းအား လမိုင်းခင်းအား မပြုလုပ်သင့်ပါ။
- ရောဂါကင်းသော မျိုးပိုင်းများကို အသုံးပြုပါ။
- ကာဘန်ဒါဇင်၊ ဘီနိုမိုင်းနှင့် သီအိုဖီနိတ်မီသိုင်းသို့ ပါဝင်သော ရေနွေး (၅၂ ဒီဂရီဆဲလ်ဆီးရပ်) တွင် ၁၈ မိနစ်ခန့်စိမ်ပေးပါ။
- ကြံမျိုးပိုင်းများအား မစိုက်ပျိုးမီ ကော့ပါးအောက်ဆီကလိုရိုက် ၂ ဂရမ်/လီတာ ဖျော်ရည်ထဲတွင် စိမ်ပေးပါ။
Source - ACARE (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)
နန်းရွှေရည်ဝင်း
6 months agoကျရောက်ဖြစ်ပွားတဲ့ယေအကြောင်းလေးရှင့းပြပေးပါ
Content provider
ACARE
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေပါသည်။ ဗီဇအရင်းအမြစ်များဖွံ့ဖြိုးမှု၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်မြှင့်တင်ခြင်းဆိုင်ရာ အရေးပါသည့် နယ်ပယ် လေးခု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘွဲ့လွန်ပညာရေး အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှု အစီအစဉ်သည် တောင်သူများနှင့် တောင်သူကဏ္ဍနှင့် ပါဝင်ပတ်သက်နေသူများထံ အကျိုးရှိသည့် အသုံးချနည်းပညာရပ်များ ထိထိရောက်ရောက် ပြန်နှံ့သွားစေမည့် လုပ်ဆောင်များ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ အကျိုးပြုနည်းပညာရပ်များနှင့် သတင်းအချက်အများကို ရပ်ရွာတွင်ထားရှိသည့် ကွန်ပျူတာဖန်သားပြင်နှင့် ဖုန်းအက်ပလီကေးရှင်းမှ တောင်သူများအလွယ်တကူ ရရှိစေမည် ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွက်တိုးရေး၊ ထိရောက်သည့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှု၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုမှတစ်ဆင့် နည်းပညာဖြန့်ဖြူးရေး၊ ဘွဲ့လွန်ပညာရေးမှတစ်ဆင့် စွမ်းဆောင်ရေ မြှင့်တင်ရေး၊ တက္ကသိုလ်ပညာသင်ကြားရေး စသည်တိုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ဆောင်ချက်များမှ မြန်မာနိုင်ငံအတွက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်ခြင်း၊ စိုက်ပျိုးရေးမှ ဝင်ငွေများ တိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ တိုးပွားလာခြင်း နှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးရန် များစွာအထောက်အကူပြုလာမည် ဖြစ်ပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ACARE
See all