Green Way
ပဲတီစိမ်းတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ဖျက်ပိုးများ

ပဲတီစိမ်းတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ဖျက်ပိုးများ

ပဲတီစိမ်းတွင် မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းဆောင်းရာသီ ရာသီမရွေးစိုက်ပျိုးနိုင်သော မျိုးများထွက်ရှိနေပြီဖြစ်သည်။ ရေ၊ မြေ အခြေအနေကောင်းပါက တစ်ဧက တင်း ၃၀ကျော်ထွက်ရှိနိုင်သည်။ ပဲတီစိမ်း စိုက်ပျိုးရာမှာ ရောဂါကျရောက်မှုကို အထူးဂရုပြုရသလို ဖျက်ပိုးအန္တရာယ်မှလည်း ကြိုတင်ကာကွယ်နှိမ်နင်းမှုများ လုပ်ရပါမည်။

မြေတွင်းအောင်းပိုး၊ ပင်စည်ထိုးယင်တို့ ကျရောက်နိုင်သဖြင့် မြေကြီးကို မြေအောင်းပိုးသတ်ဆေး တစ်ဧက ၃ ကီလိုဂရမ် စိုက်ကြောင်းထဲ၌ ကြိုတင်ထည့်ပြီးမှ စိုက်သင့်သည်။ အပင်ငယ်စဉ်ကာလတွင် ပင်စည်ထိုးယင်၊ ငမြှောင်တောင်၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ခူမွေးရှည်တို့ကျသည်။ ပန်းပွင့်ချိန်တွင် ပွင့်ထွေးပိုး၊ ရွက်ထွေးပိုး၊ လှေးပိုး၊ ပျ နှင့် အသီးသီးချိန်တွင် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည်။

ပင်စည်ထိုးယင်

ပေါင်းမြက်များမှ အဓိက လာရောက်တတ်သည်။ အရွက်ပေါ်ဥပြီး အကောင်ပေါက်လျှင် အရွက်အတွင်းသားထဲဝင်သွားတတ်သည်။ ရွက်ညှာအောက်ခြေမှ ပင်စည်ထဲဝင်ပြီး ပင်စည်မှအပင်အောက်ခြေ၊ မြေနှင့်နီးကပ်သောနေရာထိဆင်းသွားပြီး အပင်ခြေတွင် ဖုဖောင်းရောင်ရမ်းလာလျှင် အထဲ၌ပိုးရှိနေပြီဟု သိရသည်။ စိုက်ခင်းကို အဝေးကကြည့်ပါက အဝါရောင်အကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်ပေါ်နေသည်ကို တွေ့ရမည်။

အသုံးပြုရမည့်ဆေး- အော်ပတီမာ၊ ဗိုက်တာရှီး၊ မာလာနွန်၊ ဂိမ်း၊ ကွန်ဖီးဒင့်၊ ဆလက်ပလပ်၊ အဆက်။

ငမြှောင်တောင်

ပိုးလောက်ကောင်ငယ်သည် အရွက်အစိမ်းသားများကို ခြစ်စားသည်။ အကောင်ကြီးများသည် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်သဖြင့် အပင်ငုတ်တိုများသာ တွေ့ရသည်။ နံနက်စောစောနှင့် ညအချိန်တွင်ဖျက်ဆီးသည်။ နေ့တွင် အပင်ခြေရှိ အမှိုက်သရိုက်နှင့် ပေါင်းများတွင် ခိုအောင်းနေသောကြောင့် ပေါင်း၊ အမှိုက်သရိုက်များကို ရှင်းလင်းဖျက်ဆီးပေးပါ။

အသုံးပြုရမည့်ဆေး- ဗေးလစ်၊ ဗိုက်တာမီသရင်၊ ဗိုက်တာရှီစ်း၊ အော်တီမာ၊ ပရီဆိုက်၊ ဆလက်ပလပ်၊ ကွန်ဖီးဒင့် 

ပဲတောင့်ထိုးပိုး/ပင့်ထွေးရွက်ထွေးပိုး

အဖူးအပွင့်ဝင်ချိန်မှ အသီးသီးချိန်ထိ ကျရောက်တတ်သည်။ အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပါးစပ်မှထွက်သော ချည်မျှင်ဖြင့် လုံးထွေးရစ်ပတ်စားသောက်ဖျက်ဆီးသည်။ 

အသုံးပြုရမည့်ဆေး- အော်ပတီမာ၊ စတား၊ ဗိုက်တာရှီစ်း၊ ကွန်ဖီးဒင့်၊ ဆလက်ပလပ်၊ ပရီဆိုက်။

လှေးပိုး

လှေးပိုးမှာ စုပ်စားပိုးဖြစ်၍ ပန်းပွင့်စ၊ အဖူးဝင်စ၊ အဖူးပန်းပွင့်ထဲဝင်ရာမှ ပိုးကျသည်။ ရွက်နုကို စစ်ဆေးရသည်။ အရွက်၊ အညွှန့်၊ အဖူး၊ အပွင့်များမှ သစ်ရည်ကိုစုပ်စားသဖြင့် အရွက်နှင့် အညွှန့်များမှာ တွန့်လိမ်ပြီး အညိုရောင်ပြောင်းသွားသည်။ အပွင့်တွင်ကျပါက အပွင့်ကန်းခြင်းနှင့် အသီးတင်နည်းခြင်းကို ဖြစ်ပေါ်စေသည်။ သီးနုတွင် အဝါကွက်ငယ်များဖြစ်ပြီး အသီးတွင် အမာရွတ်ငယ်များတွေ့ရတတ်သည်။ 

အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ ဂိမ်း၊ အော်ပတီမာ၊ ကွန်ဖီးဒင့်။

ပျ

အရွက်အောက်မျက်နှာပြင်မှနေ၍ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ တွန့်ကုတ်နေတတ်သည်။ အချိုရည်စစ်ထုတ်သဖြင့် ပုရွက်ဆိတ်များကို တွေ့ရမည်။ ပျပိုးများက အပင်ရောဂါပိုးများကို သယ်ဆောင်လာတတ်သည်။ အရွက်အောက်မျက်နှာပြင်ရှိ ပျပိုးများကိုဆေးနှင့်ထိတွေ့အောင် နှံ့စပ်စွာဆေးဖျန်းပါ။ 

အသုံးပြုရမည့်ဆေး- ဂိမ်း၊ ဗိုက်တိုအိတ်၊ အော်ပတီမာ။

သီးလုံးဖောက်ပိုး

အရွက်များနှင့် အသီးများအပေါက်ဖြစ်အောင် ကိုက်ဖြတ်ပြီး အစောပိုင်းအဆင့်တွင် အရွက်များကြွေသည်။ အရွက်နု အသီးကင်းများစတင်ချိန် အသီးထဲထိုးဖောက်ဝင်ရောက်သည်။ လောက်ကောင်၏ဉီးခေါင်းသာ ပဲသီးတောင့်အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။ 

အသုံးပြုရမည့်ဆေး- အဆီဖိတ်၊ ကာဘိုဖျူရမ်

ဖျက်ပိုးများအားလုံးအတွက် ပဲသီးတောင့်များတွင် ပိုးများ ၁၀% ကျရောက်ဖျက်ဆီးခံရပါက ပိုးသတ်ဆေးများ စတင်အသုံးပြုပေးပါ။ အခင်းထဲရှိ ပင်ကြွင်းပင်ကျန် အမှိုက်သရိုက်များကိုလည်း ရှင်းလင်းဖယ်ရှားပေးပြီး ကြိုတင်ကာကွယ် ထောက်လှမ်းနိုင်ပါသည်။

ကျော့နန္ဒာစိုး

ကိုးကား- The farmer Journal၊ Farm Link

 

 

 

Azure

Azure

4 years ago

ပွင့်ထွေးပိုးနဲ့ ပျ ကို ဘယ်လို ဆေးအုပ်စုဝင် ပက်ရမလဲခင်ဗျ ဆေးအုပ်စု သိချင်လို့ပါ ခင်ဗျ။

Anonymous

Anonymous

5 years ago

aiနဲ့တင်ရင်ပိုအစဉ်ပြေမယ်ထင်တယ်။

Anonymous

Anonymous

5 years ago

မတ်ပဲပွထွေးပိုးကျနေလို့ဘာဆေးဖြန်ရမလဲခဗျာ

မောင်ရှိုင်းပြည့်အောင်

မောင်ရှိုင်းပြည့်အောင်

5 years ago

ပုံနဲ့ တွဲတင်ပေးစေချင်ပါတယ်

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....