ကုသ၍မရ ကာကွယ်၍သာရသော ရုံးပတီတွင် ကျရောက်သည့် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါ
ရောဂါ လက္ခဏာ
အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်းတလျှောက် ကျရောက်နိုင်သည်။ ရာသီဥတုနှင့် အပင်အခြေအနေပေါ်မူတည်ပြီး ရုံးပတီပင်၏ အညွန့်ထိပ်ဖျားမှစ၍ ပုံသဏ္ဍန်မမှန် အဝါရောင်သန်းလာပြီး အဖြည်းဖြည်းပွားများလာကာ တစ်စတစ်စနှင့် အခြားအပင်များပါ ကူးစက်ပြန့်နှံလာသည်။ အရွက်တွင်သာမက အသီးများပါ အဝါရောင်ဖြစ်လာပြီး အသီးများ ပုံသဏ္ဍန်မမှန်ခြင်း၊ ပုတို၍ အရောင်အဆင်းမလှပခြင်းများဖြစ်လာကာ စျေးကွက်အတွင်း မျက်နှာပန်းမလှ စျေးမရဖြစ်လာသည်။ 
ရောဂါဖြစ်စေသော သက်ရှိ
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အကောင်သေးသလောက် နာမည်ဆိုးဖြင့်ကျော်ကြားသော ယင်ဖြူသည် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါကို အဓိကသယ်ဆောင်သူဖြစ်သည်။ United State Department Of Agriculture ( အမေရိကန် စိုက်ပျိုးရေးဌာန)၏အဆိုအရ ယင်ဖြူသည် ဓာတုဆေးဝါးများကို ယခင်ကထက် ပိုမိုခံနိုင်ရည်ရှိမှု မြင့်တတ်လာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် ယင်ဖြူမျိုးစိတ်ပေါင်း ၁၅၅၀ ဝန်းကျင်ရှိကာ အဓိကကျသော မျိုးစိတ် ၃ ခုသည် ဗိုင်းရပ်အမျိုးအစားပေါင်း ၁၀၀ ကျော်ကို ဖြစ်ပေါ်စေသည်။ ယင်ဖြူတစ်ကောင်သည် သက်တမ်းတလျှောက် ဥ ၁၀၀ ဝန်းကျင်မှ ဥ ၄၀၀ နှင့်အထက် မျိုးစိတ်များပေါ်တွင်မူတည်ပြီး ဥ ဥနိုင်သည်ကို တွေ့ရသည်။
ရောဂါကျရောက်သော အဓိကလက်ခံပင်များ
ပဲမျိုးရင်းဝင်များ၊ ရုံးပတီ၊ ပဲတိုင်ထောင်၊ ခရမ်း၊ ခရမ်းချဥ်၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်အတော်များများသည် ရောဂါလက်ခံပင်များဖြစ်သည်။
ရောဂါဖြစ်ပေါ်မှုကိုအားပေးသော အခြေအနေ
အဆိုပါရောဂါကို တစ်နှစ်ပတ်လုံးတွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သောရာသီတွင် ယင်ဖြူပေါက်ပွားမှုနှုန်း မြင့်တက်ကာ ဆိုးဆိုးဝါဝါးဖြစ်ပေါ်စေတတ်သည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များ စိုက်ခင်းအဟောင်းများအား မဖျက်ဆီးဘဲ စိုက်ခင်းအနီးထားရှိခြင်း၊ စိုက်ခင်းနှင့် မသက်ဆိုင်သော အပင်များ ( ဥပမာ ရုံးပတီခင်းထိပ်တွင် အိမ်စားရန်ဟုဆိုကာ ခရမ်းချဥ်များစိုက်ထားခြင်း) တို့သည် ယင်ဖြူခိုအောင်းရန်နေရာများ ဖြစ်ပေါ်လာကာ ရောဂါပြန့်နှံ့မှုကို ပိုမိုဆိုးဝါးစေသည်။
ပုလဲများ အလွန်အကျွံအသုံးပြုခြင်း၊ ရွက်ဖြန်းမြေသြဇာများ အလွန်အကျွံအသုံးပြုခြင်း ၊ ဆေးတစ်မျိုးတည်းကို ရေရှည်အသုံးပြုခြင်းတို့သည် ပိုးမွှားများ ပိုမိုကျရောက်စေနိုင်ပြီး ဆေးဝါးယဥ်ပါးမှုပြသနာများ ကြုံလာရနိုင်ကာ ရောဂါဖြစ်ပေါ်မှုကို ပိုမိုအားပေးသောအခြေအနေကို ပိုမိုဖြစ်ပေါ်စေသည်။
ထိခိုက်ပျက်ဆီးနိုင်မှုအခြေအနေ
ရုံးပတီပင်တွင် ၈၀ မှ ၁၀၀ ရာနှုန်းအထိ စီးပွားရေးအရ ထိခိုက်ပျက်ဆီးစေနိုင်သည်။ ယင်ဖြူသည် အရွက်အောက်မျက်နှာပြင်တွင်နေကာ အဆိုနေရာတွင်သာ ဥဥကာ မျိုးဆက်ပြန့်ပွားစေသည်။ အညစ်အကြေးစွန့်ရာမှတစ်ဆင့် ကြပ်ခိုးမှိုများကို ဖြစ်ပေါ်စေပြီး ယင်ဖြူစုပ်စားသည်ဒဏ်ကြောင့် အပင်၏ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကို ရပ်တန့်စေသည်။
အဝါရောင်မိုစေ့ဗိုင်းရပ်ကျရောက်ပါက အသီးများ ပုံသဏ္ဍန်မမှန် ဝါ၍ ရောင်ပန်းမလှခြင်းကြောင့် ကုန်သည်၊ ပွဲစား၊ စားသုံးသူမကြိုက်ခြင်းသည် စျေးနှိမ်ခံရခြင်းအကြောင်းအရာကို အဓိကဖြစ်စေသော အချက်ဖြစ်သည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များ နှင့် သက်ဆိုင်သော အစိတ်အပိုင်းများကို မွေးမြူထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ရောဂါ ပြန့်ပွားမှုကို မထိန်းချုပ်နိုင်ခြင်း၊ အခြားအပင်များကို ရောဂါပျံ့နှံ ကူးစက်လွယ်ခြင်းနှင့် ရောဂါစဥ်ဆင်မပြတ် ကူးစက်ပျံ့နှံ့စေရန် အခြေအနေပေးနေခြင်းတို့ကို ဖြစ်စေသောကြောင့် အဆိုပါရောဂါကို ထိန်းသိမ်းရခက်ခဲစေနိုင်သည်။
ရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ဖို့ သိရှိရမည့်အချက်များ
***ဆေးဝါးသုံးစွဲမှုတစ်ခုတည်းကို အားကိုး၍မရဘဲ အောက်ပါအချက်များကို သတိပြုလိုက်နာပါ***
၁. အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်းတလျှောက် စုပ်စားပိုး အထူးဂရုစိုက်ကာကွယ်ပါ။
၂. ရောဂါရ ပင်ကြွင်းပင်ကျန်များ၊ စိုက်ခင်းအဟောင်းများအား မွေးမြူထိန်းသိမ်းစောင့်ရှောက်ခြင်းအား ရှောင်ကျဥ်၍ သုတ်သင်ရှင်းလင်း ဖျက်ဆီးပစ်ပါ။
၃. ပုလဲအပါအဝင် အခြားရွက်ဖျန်းမြေသြဇာများ အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ပါ။
၄. သဘာဝမြေသြဇာ များများသုံးပါ။
၅. မြေ၏ PH level (မြေချဉ်ငံကိန်း) ကို သိရှိအောင်လုပ်၍ မြေပြင်ပါ။
၆. ဆေးဖျန်းစနစ် မှန်ကန်ပါစေ။
၇. ဆေးတစ်မျိုးတည်းကို ရေရည်အသုံးပြုခြင်း၊ မလိုအပ်ဘဲ ဆေးပြင်းများ အလွန်အကျွံ ဖျန်းခြင်းသည် ဆေးဝါးယဥ်ပါးမှုပြသနာကို ပိုမိုကြီးထွားစေသည်။
၈. အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်အသုံးပြုပါ။
၉. ကနဦးကျရောက်သည့် လက္ခဏာပြ လက်ခံပင်များအား ဖယ်ရှားရှင်းလင်း ဖျက်ဆီးပစ်ပါ။
၁၀. ရောင်ပြန်ပါသည့် ပလပ်စတစ်များ ဖုံးအုပ်စိုက်ပျိုးပါ။
၁၁. စိုက်ခင်းအတွင်း ပိုမွှားကျရောက်မှုကို ပိုမိုမြန်ဆန်စွာ သိရှိနိုင်ရန် အရောင်ပါသော စတစ်ကာ ကပ်ခွာပါ ထောင်ခြောက်များ အသုံးပြုပါ။
၁၂. စိုက်ခင်းပြီးဆုံးသည်နှင့်တစ်ပြိုင်နက် မူရင်းလက်ခံပင်များ၊ ရောဂါသယ်ဆောင်ပျံ့နှံ့စေသော မူရင်းဇစ်မြစ်များအား ဖယ်ရှားသုတ်သင်ရှင်းလင်းပစ်ပါ။
၁၃. ယင်ဖြူခိုအောင်းစေနိုင်သော နေရာများအား ဖျက်ဆီး ဖယ်ရှား ရှင်းလင်းပစ်ပါ။
ဓာတုဆေးဝါးများဖြင့် ကာကွယ်နှိမ်နှင်းခြင်း
အပင်တွင် ယင်ဖြူကျရောက်မှုကို တားဆီးကာကွယ်ခြင်းသည် ရောဂါဖြစ်ပေါ်မှုကို ရပ်တန့်စေနိုင်သည်။ ဓာတုဆေးဝါးတစ်မျိုးတည်းကို အားကိုးခြင်းသည် ရေရှည်ဖြေရှင်းသော နည်းလမ်းမဟုတ်ကြောင်းကိုလည်း သတိအထူးပြုစေချင်သည်။
Imidachloprid အင်မီဒါကလိုပရစ်
Buprofefezin
Dinotefuran ဒိုင်နိုတီဖျူရန်
Emamectin Benzoate အီမာမက်တင် ဘန်ဇိုအိတ်
Fipronil ဖစ်ပရိုနေး
Thiamethoxam သိုင်ရာမီသိုဇမ်
Lambda -Cyhalothrin + Chlorantraniliprole လန်ဒါ - ဆိုင်ဟေလိုသရင် + ကလိုရန်ထရန်နီလီပရိုး
Lambda Cyhalothrin + Thiamethoxam လန်ဒါ - ဆိုင်ဟေလိုသရင် + သိုင်ရာမီသိုဇမ်
Prethroid ပရီသရွိုက်နှင့်အတူ organophosphate အော်ဂန်နိုဖော့စဖိတ် . Carbamate ကာဘာမိတ် အုပ်စုများဖြင့် တွဲဖက်အသုံးပြုခြင်းသည် အာနိသင်ပိုမိုထိရောက်စေသည်။
ပိုးသတ်ဆေးများကို မှတ်ပုံတင်ထားခြင်းရှိမရှိစစ်ဆေးပါ.
ညွှန်းဆိုနှုန်းထားအတိုင်း အသုံးပြုပါ။
အံ့ထက်ကျော်
Reference
www.irac-online.org
www.usda.gov
www.researchgate.net
EWS မှထွက်ရှိသော စိုက်ပျိုးနည်းလမ်းညွန်များ
Wikipediaa
Continue reading related topics, questions and articles.
Topic 1
ရုံးပတီမိုစေ့ဗိုင်းရပ်ရောဂါ
wai Yan htun
4 years agoကျွန်တော်ရုံးပတီခင်းကအရွက်တွေပေါက်နေလို့အကို
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုအံ့ထက်ကျော်
See all