ကျန်းမာရေးနှင့်လည်းညီညွတ် စီးပွားရေးတွက်ခြေကိုက်သော ရုံးပတီစိုက်ပျိုးခြင်း
မြေပြုပြင်ခြင်း
မြေကြီးသည် အပင်တစ်ပင်၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သလို ဖောင်ဒေးရှင်းတစ်ခုလည်းဖြစ်သည်။
သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများ သုံးစွဲမှုနည်ပါးလာခြင်းသည်လည်း အပင်များ ရောဂါဒဏ်၊ ရာသီဒဏ်၊ ပိုးမွှားဒဏ်များကို ခံနိုင်ရည်နည်းပါးလာနိုင်သည်ကို သတိပြုသင့်သည်။
ယခုလက်ရှိ တောင်သူတော်တော်များများမှာ သဘာဝမြေသြဇာထက် ဓာတုမြေသြဇာများကိုသာ အလွန်အကျွံအသုံးပြုနေကြောင်း တွေ့ရသည်။ မျှတသော အသုံးပြုမျိုးကို မတွေ့ရပေ။
. မြေချဉ်ငန်ဓာတ် PH ဆိုးဝါးစွာကျဆင်းနေသော မြေကြီးများအတွက် ထုံးအသုံးပြုပါ။
. နွားချေး (သို့) ကြက်ချေး တိရစ္ဆာန်စွန့်ပစ်မြေဆွေးများ နှစ်တောင်လျှင် တစ်ပြည်နှုန်း ထည့်သွင်းပါ။
. သဘာ၀/ ဇီဝမြေသြဇာ များများအသုံးပြုခြင်းသည် ဗိုင်းရပ်ရောဂါ/ ပိုးမွှားရောဂါ များ ကို ပိုမို၍ သိသိသာသာ ခံနိုင်ရည်ရှိသည်။
စိုက်ဘောင် ပြုလုပ်ခြင်း
၃ ပေအကျယ် ၁ ပေ အမြင့် (ခြောက်သွေ့ နွေရာသီ ၉ လက်မ) အရှည် (အရှိ) ခြေသွား မြောင်း တစ်ပေခွဲပုံစံအတိုင်း စိုက်ဘောင်နှင့် ခြေသွားမြောင်းများပြုလုပ်ပါ ( ဤတွင် စိုက်ဘောင်သည် မြင့်၍ သဘာ၀/ ဇီ၀မြေသြဇာ များများထည့်လေ အပင်တွက်အကျိုးများလေ ဖြစ်သည်)
စိုက်ဘောင်ပြုလုပ်ခြင်းသည် လက်တလောတွင် အလုပ်ရှုပ်သည်ဟု ထင်ရသော်လည်း ရေရှည်တွင်မူ အားသာချက်များစွာပေးသည်။ မှန်ကန်သော စိုက်ဘောင်နှင့် ပင်ကြား တန်းကြားသည် အလွန်အရေးကြီးသည်ကို သတိပြုစေလိုသည်။
မြေခံမြေသြဇာထည့်သွင်းခြင်းနှင့် ပင်ကြားတန်းကြား
အနံ ၃ ပေ ဘောင်ပေါ်တွင် နှစ်တန်းသွား စိုက်ပျိုးပါ။ ဘောင်အစပ် မှ ၆ လက်မ ၇ လက်မ ခွာပါ။
ပင်ခြား ၂ ပေ - ၃ပေ
တန်းခြား ၂ ပေ ၀န်းကျင် ( ဖိုခနောင့်ဆိုင် )
စိုက်ဘောင် အလျှား ၆ ပေအနံ ၃ ပေ ဘောင်အတွက်
နောက်ချေး မြေဆွေး ၂ ပြည် - ၄ ပြည် + ၁၅ ပတ်လည် (သို့) အနည်းလိုအဟာရများပါ၀င်သော မြေသြဇာ ၆ ဇွန်းနှုန်းထည့်သွင်းပြီး အထက်အောက် သမအောင်မွှေကာ အစိုဓါတ် ရရှိအောင်ပြုလုပ် (ရေနိုင်နိုင်ပေး )၍ နှပ်ထားပါ။ စိုက်ဘောင်အတွင်း၌ ကြီးမားသော မြေစိုင်ခဲများ ပါ၀င်ခြင်းမရှိစေရန် အထူးသတိပြုပါ။
စိုက်ဘောင်ပေါ် ပလတ်စတစ် ဖုံးအုပ်ခြင်း
ကောင်းစွာပြုပြင်၍ မြေခံမြေသြဇာများနှပ်ထားသော မြေအား ဘောင်မျက်နှာပြင်နှင့် ဘောင်အ၀န်ဝိုင်း ညီညာမှုရှိစေရန် အရင်မြေညှိပါ။ ဝါး၊ သစ်သားတုံးများအသုံးပြု၍
ဘောင်ပေါ်တွင် လေခိုအောင်းမှုမရှိစေရန် မြေဆိုင်ခဲများကို ဖယ်ရှားပါ။ ဤအချက်သည် ပလတ်စတစ်အုပ်ရာတွင် အထူးသတိပြုရမည့်အချက် ဖြစ်သည်။ မိုးနှင့် ဆောင်းရာသီတွင် အထူးပြဿနာမရှိသော်လည်း နွေရာသီတွင် အပင်ငယ်စဉ်၌ များစွာပြဿနာရှိသည်။ ပလတ်စတစ်အား ငွေ/ခဲ ရောင်အား အပေါ်ဘက်တွင်ထားပြီး ပလတ်စတစ် တင်းနေစေရန် လက်ဖြင့်ဆွဲ၍ဖိပါ။ ထိုသို့အုပ်ရာတွင် ပလတ်စတစ်နှင့် မြေကြီးအကြား လေခိုအောင်းမှုမရှိစေရန် အထူးသတိပြုပါ။
၆ - ၈ လက်မခန့်ရှိသော ဝါးချောင်းလေးများဖြင့် ထိုးစိုက်ကုတ်တွယ်ပါ (သို့) မြေကြီး ဖုံး အုပ်ပါ။
ပလတ်စတစ်အုပ်ခြင်း၏ အားသာချက်
၁. မြေဆီလွှာသိပ်သည်းမှုကို ကာကွယ်ခြင်း
၂. ရေ၀ပ်မှုလျှော့နည်းခြင်း
၃. မြေသြဇာ ဆုံးရှုံးလေလွင့်မှုနည်းပါးခြင်း
၄. ပေါင်းမြက်ပေါက်ရောက်မှု မရှိခြင်း(မြက်မုန်ညင်း၊ ကျူပင်များမှလွဲ၍)
၅. စုပ်စားပိုးကျရောက်မှု လျှော့နည်းခြင်း
၆. အပင်ကြီးထွားမှု ပိုမိုကောင်းမွန်ခြင်း
၇. သုံးရာသီ ဆက်တိုက်အသုံးပြုနိုင်ခြင်း
၈. စိုက်ခင်းအထွက်နှုန်း တိုးတတ်ကောင်းမွန်၍ ရေရှည်ခူးဆွတ်ရခြင်း
ပလတ်စတစ်အုပ်ခြင်း၏ စိန်ခေါ်မှုများ
- ကနဦးကုန်ကျစရိတ် များပြားခြင်း
- ခြောက်သွေ့ရာသီတွင် မှန်ကန်သောရေပေးသွင်းမှုများ လိုအပ်ခြင်း
- မှိုနှင့် ဘတ်တီးရီယားများရှိနေပြီးသောမြေတွင် မြေဆောင်ရောဂါများကို ပိုမိုဆိုးဝါးစေနိုင်ခြင်း
- စနစ်တကျ ပြန်လည်သိမ်းဆည်းခြင်း မရှိပါက မြေဆီလွှာကို ပျက်ဆီးစေခြင်း
ကောက်ရိုးဖုံးအုပ်ခြင်း
မြေပြုပြင်ထားသော ဘောင်ပေါ်ကို ကောင်းမွန်သောအစိုဓာတ်ရရှိစေရန် ရေပေးပြီးနောက်ကောက်ရိုးထူထူ ၂ - ၄ လက်မခန့် ဖုံးအုပ်လိုက်ပါ။
ထို့နောက် စိုက်ပျိုးရန်အတွက် အ၀ကျယ်သောကျင်းများ လုပ်ဆောင်ပါ။ ဤတွင် ပျိုးပင်သည် ကောက်ရိုးဖြင့်မထိသည့် အနေအထားဖြစ်ရမည်။
ကောက်ရိုးဖုံးအုပ်ခြင်း၏ အားသာချက်များ
- ပူပြင်းသောရာသီတွင် မြေကြီးကို အအေးဓာတ်ရရှိစေခြင်း
- အစိုဓာတ်ထိန်းခြင်း
- မိုးရေတိုက်ရိုက်ထိမှန်မှုမှ ကာကွယ်ခြင်း
- ပေါင်းပေါက်ရောက်မှု လျှော့နည်းစေခြင်း
- မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ကောင်းမွန်ခြင်း
- အပင်ကြီးထွားမှု ပိုမိုကောင်းမွန်ခြင်း
ကောက်ရိုးအုပ်ခြင်း၏ စိန်ခေါ်မှုများ
- အစိုဓာတ်များလွန်းချိန်တွင် ကောက်ရိုးနှင့်ပင်စည် ထိနေပါက ပင်ခြေပုပ်ရိနိုင်ခြင်း၊ ကြွက်၊ ကြက်၊ ပရစ် စသည့်ပိုးမွှားတိရစ္ဆာန်တို့၏ နှောက်ယှက်ဖျက်ဆီးမှုကို ရင်ဆိုင်ရဖွယ်ရှိခြင်း
- မျိုးစေ့အား မှိုသတ်ဆေး၊ ပိုးသတ်ဆေး ( အေမီဒါကလိုပရစ် ) ထပ်မံ၍ လူးနယ်အသုံးပြု ပါ
- အစိုဓာတ်မပြတ်ရန် သတိပြုပါ
- ရေမနည်းလွန်း မများလွန်းရန် သတိပြုပါ
မြေသြဇာ ထည့်သွင်းကျွေးမွေးခြင်း
အပင်ပေါက်ပြီး ၁၀ ရက်_၁၂ ရက်အကြာ
အမြစ်ထိပ်ဖျားအနီး (၅ - ၆ လက်မ၀န်းကျင်) တစ်လက်မအနက်တွင် ကွန်ပေါင်း ၁၅ ပတ်လည် ၅ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)
အပင်ပေါက်ပြီး ရက်၂၀ ၀န်းကျင်
အမြစ်ထိပ်ဖျားအနီး (၅ - ၆ လက်မ၀န်းကျင်) တစ်လက်မအနက်တွင် ကွန်ပေါင်း ၁၅ ပတ်လည် ၅ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)
အပင်ပေါက်ပြီး ရက် ၃၀ ၀န်းကျင်
အမြစ်ထိပ်ဖျားအနီး( ၉ လက်မ ) (နှစ်ပင်အလယ်) တစ်လက်မအနက်တွင် ယူရီးယား ၁၀ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)
အပင်ပေါက်ပြီး ရက် ၄၀ ၀န်းကျင်
အမြစ်ထိပ်ဖျားအနီး (၉ လက်မ) (နှစ်ပင်အလယ်) တစ်လက်မအနက်တွင် ကွန်ပေါင်း ၁၅ ပတ်လည် ၁၀ ဂရမ်( မြင်းခေါင်းဇွန်း တစ်၀က်ခန့် ကျွေးပါ)
စခူးချိန်မှစ၍ ၈ ရက် ၁၀ ရက်ခြား တစ်ခါ
နှစ်ပင်အလယ်တွင် ကွန်ပေါင်း ၁၅ ပတ်လည် + ပိုတက် (သို့) ကွန်ပေါင်း ၁၅ ပတ်လည်+ ယူရီးယား ဆတူရော၍ တစ်လှည့်ဆီ ၁၀ ဂရမ် ထည့်သွင်းပါ။
#မြေဆီထည့်သွင်းပြီးချိန်တွင်လုံလောက်သောအစိုဓာတ်ရရှိရန်လိုအပ်
အထွက်ကောင်းရရှိစေရန်
- ကောင်းမွန်စွာ ထွန်ယက်စိုက်ပျိုးပါ။
- ကျန်းမာသန်စွမ်းသော ပျိုးပင်များ အသုံးပြုပါ။
- မှန်ကန်သော ပင်ကြားတန်းကြားဖြင့် စိုက်ပျိုးပါ။
- မြေအစိုဓာတ် ကောင်းစွာထိန်းသိမ်းပါ။
- ရေမဝပ်ရန် သတိပြုပါ။
- မြေသြဇာနှင့် ပိုးသတ်ဆေးများ မှန်ကန်စွာအသုံးပြုပါ။
- မျိုးရင်းမတူသည့်သီးနှံများ သီးလှည့်စိုက်ပျိုးပါ။
- ရောဂါပြန့်ပွားမှုကာကွယ်ရန် စိုက်ကွင်းထဲရှိအပင်များနှင့် ပေါင်းပင်များကို ဖယ်ရှားပါ။
- စိုက်ကွင်းသန့်ရှင်းရေးကို အမြဲပြုလုပ်ပါ.( ဆေးဖျန်းခြင်းထက် ပိုမိုထိရောက်)
- ဆေးဝါးသုံးစွဲမှုတစ်ခုတည်း အားကိုခြင်း ရှောင်ကျဉ်ပါ။
ဆေးဝါးများ သုံးစွဲခြင်း
ပိုသတ်ဆေး၊ မှိုသတ်ဆေး ခံနိုင်ရည်ရှိသော မျိုးစိတ်များမပေါ်ပေါက်စေရန် ဆေးတစ်မျိုးမျိုးတည်ကို စွဲမြဲစွာအသုံးပြုခြင်းကို ရှောင်ရှားပါ။ ဆေးများကို အလှည့်ကျ အသုံးပြုပါ။
- ဗိုင်ရပ်ရောဂါကျရောက်မှုကာကွယ်ရန် စုပ်စားပိုး သတိပြုပါ။
- ရောဂါရအပင်များနှင့် အသီးများကို စိုက်ခင်းအတွင်းမှ ဖယ်ရှားပါ။
အဓိက ဖျက်ပိုးများ
၁. ယင်ဖြူ
၂. ဖြုတ်စိမ်း
၃. ပျ
၄. မွှားပင့်ကူ
၅. သရစ် (ခ) လှေး
၆. သီးလုံးဖောက်ပိုး
အဓိကရောဂါများ
၁. စာကိုစပိုးရားရွက်ပျောက်ရောဂါ
၂. ဖားဥမှိုရောဂါ
၃. ခါးရိရောဂါ
၄. ပင်ညိုး ရောဂါ
အဓိက ဗိုင်းရပ်ရောဂါများ
၁. အ၀ါရောင်မိုစေ့ဗိုင်းရပ်ရောဂါ
၂. Leaf Curl Virus (အသစ်) ELCV virus အီနေးရှင်းရွက်တွန့်လိမ် ဗိုင်းရပ်ရောဂါ
ပိုးသတ်ဆေး
အသုံးပြုနိုင်သောဆေးများ
ဆေးအစစ်
1.Dinotefuran ဒိုင်နုတ်ဖျူရမ် (စုပ်စားပိုး+ရွက်ထွင်းပိုး)
2.Thiamethoxam သိုင်ရာမီသိုဇမ် (စုပ်စားပိုး)
3.Imidachloprid အင်မီဒါကလိုပရစ် (စုပ်စားပိုး)
4.Abamatin အဘာမက်တင် (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်းပိုး +ကျိုင်းကောင်+ မွှားပင့်ကူ )
5.lambda_cyhalothrin လန်ဒါ_ ဆိုင်ဟလိုသရင် (လောက်ကောင်+ရွက်ထွင်းပိုး)
6.Fipronil ဖစ်ပရိုနေး (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်း)
7.Chlorpyrifos ကလိုပိုင်ရီဖော့ (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်းပိုး +ကျိုင်းကောင်)
8.Acetamiprid အေတမီပရစ် (စုပ်စားပိုး+ရွက်ထွင်း)
9.Cartap Hydrochloride ကာတပ် ဟိုက်ဒရိုကလိုရိုက် (စုပ်စားပိုး+လောက်ကောင်+ရွက်ထွင်း)
10.Indoxacarb အင်ဒိုဇာကပ် ( လောက်ကောင်+ရွက်ထွင်းပိုး +ကျိုင်းကောင် )
မှိုရောဂါဆေးများ
Chlorothalonil.... Mancozab ကလိုရိုသာလိုနေး မန်ကိုဇက် (ကာကွယ်ဆေး ရောဂါတော်တော်များများ)
Azystrobin အဇီစထိုဘင် ( ကာကွယ် ကုသ ရောဂါတော်တော်များများ )
Metalaxyl မီတာလဇိုင် (ကုသဆေး ရောဂါတော်တော်များများ)
Carbendazim ကာဘန်ဒါဇင် (ရောဂါတော်တော်များများ)
sulphur ဆာလ်ဖာ (ဖားဥ + မွှားပင့်ကူ )
Dimethomorph. ဒိုင်မီသိုမော့ (ကုသ ရောဂါတော်တော်များများ)
Trifloxystrobin ထရိုင်ဖလောက်ဇီစထရိုဘင် (ကုသ ဖားဥ မှဲ့ပြောက်)
Hexaconazole ဟက်ဇာကိုနာဇိုး (ကုသရောဂါတော်တောများများ)
Fosetyl – Aluminium ဖော့စ်တိုင် အလူမီနီယမ် ( ခါးရိ ရောဂါ)
အထူးသတိပြုရန်
၁. ဓာတုဆေးများကို လိုအပ်မှအသုံးပြုပါ။
၂. အပင်ပေါက်ချိန်မှစ၍ စုပ်စားပိုး အထူးသတိပြုပါ။
၃. ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုသာ အသုံးပြုပါ။
၄. အရွက်များ ပုံမှန်လက္ခဏာရှိမရှိ အမြဲစစ်ဆေးပါ။
၅. အစာ တောင့်တောင့်တင်းတင်းကျွေးပါ။
၆. ရောဂါကာကွယ်ကုသဆေးများကျွေး၍ စနစ်တကျ ကြိုတင်ကာကွယ်ပါ။
၇. အပင်တွင် မလိုအပ်သော အစိတ်အပိုင်းများကို မကြာခဏ ရှင်းလင်းဖယ်ထုတ်ပါ။
၈. တစ်ပင်လျှင် သားတက် ၃ - ၄ ခု ထက်ပိုမထားပါနှင့်။
၉. တစ်ကျင်းလျှင် တစ်စေ့စီစိုက်၍ ပျိုးဘန်းများဖြင့် အပိုပျိုးထားပါ(နှစ်စေ့ထည့်ပါကတစ်ပင်ကိုမှုန်းနိုင်)
၁၀. ပုရစ်၊ ခရု ကိုက်ဖြတ်ဝါးစားအကောင်များ အပင်ပေါက်ပီးချိန်တွင် သတိပြုပါ။
အံ့ထက်ကျော်
Reference
EWS စိုက်ပျိုးနည်းလမ်းညွန်များ
AESA
plantvillage.psu.edu
Continue reading related topics, questions and articles.
Topic 1
ရုံးပတီပင် စိုက်ပျိုးနည်း
Anonymous
3 years agoဆရာတို့ခင်ဗျား မိုးရာသီမှာလည်း ပလစတစ်ပိုင်း အုပ်ပေးရပါသလားခင်ဗျား
Ko Pyae
3 years agoကျေးဇူးတင်ပါတယ်ဗျ
phyo ko
3 years agoရေ ဘယ်နှစ်ရက်တစ်ခါ တင်ရလဲခင်ဗျ
အောင်ပိုင်မင်း
4 years agoမင်္ဂလာပါ ဗျာ ဗဟုသုတ များစွာရရှိလို ကျေးဇူးပါ ဗျာ
ကိုကြီး
5 years agoစိုက်ရမည်အချိန်ေလးညႇန်းပါ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုအံ့ထက်ကျော်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....