ပဲတီစိမ်းတွင် ကျရောက်တက်သော အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ(Yellow Mosaic)
တောင်သူဦးကြီးတို့မင်္ဂလာပါဗျ။ နေကောင်းကြရဲ့လားဗျ?။ ကျန်းမာရေးအထူးဂရုစိုက် ကြပါနော်။
ပဲတီစိမ်းစိုက်ပျိုးရာတွင် အဝါရောင်မိုးစေ့ဗိုင်းရပ်စ်ရောဂါ အနည်းနှင့်အများတော့ ကျရောက်ဖူးလိမ့်မယ်တော့ ထင်ပါတယ်။ ရောဂါဆိုးရွားစွာကျရောက်ပါက အထွက်နှုန်းကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။
အဝါရောင်မိုစေ့ ဗိုင်းရပ်စ်ရောဂါလက္ခဏာများ

ရောဂါကျရောက်လျှင် ပဲတီစိမ်းအရွက်များအောက်ကိုကွေးပြီး လိပ်သွားပါသည်။ အစောပိုင်းကာလများတွင် ပဲတီစိမ်းအရွက်များပေါ်တွင် သေးငယ်ပြီး ပုံသဏ္ဍာန်မမှန်သော အဝါရောင်အစက်အပျောက်များ ဖြစ်ပေါ်နေပါသည်။ ထိုအစက်များသည် တဖြည်းဖြည်း ကြီးထွားလာကာ အရွက်တစ်ခုလုံးနီးပါး ပျံ့နှံ့သွားကာ စိမ်းဝါရောင်အကွက်များ ဖြစ်ပေါ်နေပါ သည်။ နောက်ပိုင်းကာလများတွင် အရွက်တစ်ခုလုံး အဝါရောင်ပြောင်းသွားပါသည်။ ထို့နောက် ပုံသဏ္ဍာန်မမှန်သော အရွက်များ၊ အသီးများကိုလည်း တွေ့ရပါသည်။ ရောဂါကူး စက်ခံထားရသော အပင်များသည် သိသိသာသာ ပုနေပါသည်။ အဆစ်ကြားများလည်းတို သွားပြီး ခိုင်းများလည်းပိုထွက်လာကာ ချုံပုပ်ပုံသဏ္ဍာန်များ ဖြစ်နေပါသည်။ ထို့အပြင် အသီးများရင့်မှည့်မှု နောက်ကျပြီး အထွက်နှုန်းများကိုလည်းသိသာစွာ လျော့ကျသွားပါသည်။
ရောဂါကူးစက်မှု
ထိုအဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်စေပါသည်။ တောင်သူအများစုသည် ပျများကြောင့်ဖြစ်သည်ဟု အထင်မှားနေကြပါသည်။ ပျများက ထိုဗိုင်းရပ်စ်များ ကို အပင်တစ်ပင်မှတစ်ပင် သယ်ဆောင်ပေးပါသည်။ စိုက်ပျိုးရာသီပြီးသောအခါ ပျများနှင့် ဗိုင်းရပ်များသည် ယာခင်းပတ်ပတ်လည်ရှိ သစ်ပင်များတွင် ခိုအောင်းနေနိုင်ပါသည်။ နောက်တစ်ရာသီရောက်လျှင် ဗိုင်းရပ်စ်များကို ပျများက စိုက်ခင်းအတွင်းသို့ သယ်ဆောင်လာပေးကာ အဝါရောင်မိုစေ့ရောဂါကို ဖြစ်ပေါ်စေပါသည်။ ထိုရောဂါသည် မျိုးစေ့ဆောင်ရောဂါမဟုတ်ပါ။ အချို့သည် မျိုးစေ့ဆောင်ရောဂါဟု အထင်မှားနေကြပါသည်။ သို့သော်လည်း ထိုရောဂါသည် မျိုးစေ့မှ ၃ မှ ၆ ရာခိုင်းနှုန်း ကူးစက်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
ဗိုင်းရပ်စ်ရောဂါများအတွက် ဆေးများထိရောက်စွာမထုတ်ဖော်နိုင်သေးပါ။ ထိုရောဂါ ကိုဖြစ်စေသော ဗိုင်းရပ်စ်များကို ပျများက သယ်ဆောင်ပေးသောကြောင့် ပျများကို ကာကွယ်နှိမ်နင်းနိုင်လျှင် ထိုရောဂါကို ကွယ်ကွယ်နိုင်ပါသည်။ ထို့ကြောင့် အဝါရောင်မိုစေ့ ရောဂါကို ကာကွယ်နှိမ်နင်းနိုင်ရန် ပျများသေစေရန်အတွက် ပင်လုံးပျံ့ပိုးသတ်ဆေးများ အသုံးပြုရပါမည်။ ထိုရောဂါကို အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနည်းမှာ ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးခြင်းဖြစ်ပါသည်။ ထို့အပြင် ပျများခိုအောင်းနိုင်သော ယာခင်းဘေးရှိ ချုံများ၊ သစ်ပင်များကို ရှင်းပေးရပါမည်။ ပဲတီစိမ်းစိုက်ခင်းထဲတွင် ထိုရောဂါ ကူးစက် ခံထားရသော အပင်များတွေ့ရှိပါက နောက်ထပ်အပင်များကို မကူးစက်စေရန် ချက်ချင်း နုတ်၍ မီးရှို့ပစ်ရပါမည်။
မောင်ချမ်းသာဦး
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
Htet Myat Aung
3 years agoရွှေဝါရောင် စိုက်ခင်းလေးတေပေါ့😅
မောင်ရှိန်းကိုကို
5 years agoကာကွယ်ဆေးဖော်နိုင်ရင်တော့ပိုကောင်းတာပေါ့အခုကပဲတီစိမ်းပင်ကိုမဟုတ်ဖူးပဲကြီးတွေပါဝါကုန်ပြီဒီဘက်မှာကတောင်သူတိုင်းလိုလိုပဲအခင်းတိုင်းအဝါတွေကြည်အပင်ပေါက်လာပြီအကြာဖူးဝါကုန်တော့တာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မောင်ချမ်းသာဦး
See all
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020