ငှက်ပျော မြစ်ထွင်းနီမတုတ် ကာကွယ်နှိမ်နင်းနည်း
နီမတုတ်ရောဂါအနေဖြင့် မြန်မာနိုင်ငံတွင် တွေ့ရခဲပါသည်၊ သို့သော် ငှက်ပျော စိုက်ဒေသများတွင်တော့ မြစ်ထွင်းနီမတုတ်သည် အကျများ၍ လွန်စွာဆိုးဝါးသော အမျိုးအစားတစ်ခု ဖြစ်ပါသည်။
မြစ်ထွင်းနီမတုတ် - Radopholus similis (သိပ္ပံအမည်)
ရောဂါလက္ခဏာများ

မြစ်ထွင်းနီမတုတ်သည် ဘဝစက်ဝန်းတစ်ခုလုံး အမြစ်ထဲတွင်နေထိုင်စားသောက်သောကြောင့် အမြစ်ပုပ်ခြင်းကို ဖြစ်စေပါသည်။ ကနဦးထိခိုက်ပျက်ဆီးမှုအနေဖြင့် အမြစ်၏အပြင်ပိုင်းတွင် ခရမ်းပုပ်ရောင်ရေစိုနာကွက်များတွေ့ရပါမည်။
ရောဂါကျနေသော အမြစ်ကို အလျားလိုက်ခွဲကြည့်လိုက်သောအခါ ရေစိုနာကွက်များကို ထင်ရှားစွာမြင်နိုင်ပါသည်။ မြစ်ထွင်းနီမတုတ်သည် အမြစ်ကို အဓိကတိုက်ခိုက်သဖြင့် အပင်အတွက် အာဟာရနှင့် ရေပြတ်လပ်စေပါသည်။ ထို့ကြောင့် ပင်ပိုင်းကြီးထွားမှုနှေးခြင်း၊ အရွက်ဝါခြင်း၊ အသီးခိုင်များသေးခြင်း တို့ ဖြစ်စေပါ သည်။
ရေစိုနာကျနေသောအမြစ်များနှင့် ကုပ်တွယ်ထားသောအမြစ်များသေဆုံးပျက်ဆီးခြင်းတို့ကြောင့် လေပြင်းတိုက်သောအခါ အပင်များလဲကျစေပါသည်။
ထူးခြားချက်တစ်ခုမှာ ယင်းနီမတုတ်ကျသော ဒဏ်ရာမှ အခြားအမြစ်ရောဂါများ ဝင်လွယ်ပါသည်။ ငှက်ပျောပင်ညှိုးရောဂါ ဖြစ်စေသော ဖျူစေရီယမ်မှိုများ ဝင်ရောက်လာစေရန် ပိုမိုအားပေးပါသည်။
မြစ်ထွင်းနီမတုတ် - Radopholus similis
မြစ်ထွင်းနီမတုတ်၏ ဘဝအဆင့်အားလုံးသည် သန်ကောင်ပုံစံမျိုးဖြစ်ပါသည်။ အရောင်မဲ့၍ အရှည် ၁ မီလီမီတာလောက်ပင်ရှိသည်။ အထီးနှင့်အမ လိင်ကွဲပြားမှုရှိပြီး အထီးတွင် stylet ကောင်းကောင်း မဖွံ့ဖြိုးသောကြောင့် အစာမစားနိုင်ပါ။ ထို့ကြောင့် နီမတုတ်အထီးသည် လက်ခံပင်ကို မဖျက်ဆီးနိုင်ပါ။ အထီး၏ ပါးစပ်နေရာသည် မြင့်၍ လုံးသောကြောင့် အဖုပုံစံ ခေါင်းကဲ့သို့ ဖြစ်နေပါသည်။ အထီး၏မျိုးပွားအင်္ဂါသည် ချွန်၍ကောက်ပြီး အပေါ်တွင် bursa ဟုခေါ်သော အခွံဖြင့်ဖုံးအုပ်ထားပါသည်။ အထီး၊ အမ နှစ်မျိုးလုံး၏ အမြီးများသည် ရှည်၍သွယ်ပြီး အဆုံးတွင်လုံးဝန်းပါသည်။အမ၏ အဆွယ် stylet သည် ကောင်းစွာဖွံ့ဖြိုးသောကြောင့် လက်ခံပင်ကို စားသောက် ဖျက်ဆီးနိုင်ပါသည်။ အထီးသည် အမထက် အရွယ်အစား သေးငယ်ပါသည်။ နီမတုတ်အဆင့်အားလုံးသည် မြေကြီးနှင့် အမြစ်ကြား ကူးလူးသွားလာနိုင်ပါသည်။ မြစ်ထွင်းနီမတုတ်အမနှင့် ဒုတိယအဆင့်ဖြစ်သောအကောင်ပေါက်များသည် အပင်ကိုရောဂါဖြစ်စေနိုင်သော အဆင့်များဖြစ်ပါသည်။
ရောဂါကို အားပေးသော အခြေအနေ
သဲဆန်သော မြေများတွင်ပိုမိုဆိုးဝါးပါသည်။ ရေသွင်းစိုက်သည့်အခါ သွင်းရေများမှတဆင့် ပျံ့နှံ့နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
- ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။
- စိုက်ပျိုးရေးလုပ်ငန်းသုံးကိရိယာများကို သန့်ရှင်းပါ။
- မစိုက်ပျိုးခင် ၁၀ လမှ ၁၂ လခန့် မြေလှပ်ထားပေးပါ။
- ပေါင်းမြက်များကို ရှင်းလင်းပါ။
- ငှက်ပျောပင် (သို့မဟုတ်) ငှက်ပျောပင်မှစိုက်ပျိုးရန် အစိတ်အပိုင်းများ၏ sucker များကို အခွံခွာခြင်း၊ ကူးစက်မှုလက္ခဏာပြနေသောမျိုးဥများကိုဖြတ်တောက်ခြင်းလုပ်ပေးပါ။ ပြီးနောက် ၅၀ ဒီဂရီစင်တီဂရိတ်ရှိသောရေပူထဲတွင် မိနစ် ၂၀ မှ ၂၅ လောက်စိမ်ပေးပါ။
- နီမတုတ်မျိုးပွားမှု လျော့ကျစေရန် မြေကြီးထဲတွင် ဓာတုပစ္စည်းများထုတ်ပေးသော အပင်များကိုစိုက်ပျိုးပါ။ (ဥပမာ- ပိုက်ဆံလျှော် နှင့် ချစ်တီးပန်းပင်များ)
- မိုးများသောဒေသများတွင် ရေစီးဆင်းမှုကောင်းအောင် ပြုလုပ်ပေးပါ။
- သဘာဝမြေဩဇာများကို မြေကြီးထဲသို့ ထည့်ပေးပါ။
- ငှက်ပျောစိုက်ပြီးနောက် စူကာသီး (သို့မဟုတ်) နာနတ်သီးကို သီးလှည့်စိုက်ပျိုးပေးပါ
- ဓာတုဆေးအနေဖြင့် ကာဘာရိုင်း၊ ဖစ်ပရိုနေး၊ အဘာမက်တင် စသည်တို့ကို သုံးစွဲနိုင်ပါသည်။
ဖုန်းမာဏ်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နီမတုတ်
ဇွဲခန့် ပိုင်
3 years agoအကြောင်းအမျိုးမျိုးကြောင့် အရွက်ဝါနိုင်တာမို့ ပုံနဲ့တကွ တင်ပေးစေလိုတာပါ၊ကျေးဇူးပါ
ဇွဲခန့် ပိုင်
3 years agoမြစ်ထွင်းနီမတုတ် ကျရောက်နေတဲ့ ငှက်ပျောပင် ရဲ့ အရွက်ပုံစံ ကို တပါတည်း ပြပေးရင်ရင် ပို ပြီးနားလည် စေမှာပါ၊
Daw Khin Cho Oo
3 years agoအပင်ကိုဘယ်လိုပြဳုပြင်လို႔ရနိင်ပါသလဲ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဖုန်းမဏ်တိုး
See all
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024