မိသားစုအတွက် ခရမ်းချဉ်သီး အနှစ်ပြုလုပ်ထားရအောင်
ခရမ်းချဉ်သီးကို ဟင်းလျာ အမျိုးမျိုး ချက်လုပ်ရမှာ အသုံးများ လေ့ရှိကြပါတယ်။ ခရမ်းချဉ်သီးပေါတဲ့ အချိန် ဈေးအနိမ့်ဆုံးအချိန်မှာ ခရမ်းချဉ်သီး အနှစ်ထုတ် လုပ်ထားခြင်းဖြင့် ခရမ်းချဉ်သီး ဈေးကြီးတဲ့ အချိန်မှာ ဟင်းချက်ဖို့ အဆင်ပြေစေ ပါလိမ့်မယ်။ ဒီနည်းကတော့ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှာ သုံးလေ့ရှိ တဲ့နည်းလေးပါ။
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ ကောင်းစွာရင့်မှည့်ပြီး အနာဆာကင်းတဲ့ ခရမ်းချဉ်သီး အကောင်းလေးတွေကို ရွေးချယ်ပြီး အမှိုက်သရိုက်၊ ဖုန်တွေ ကင်းစင်အောင် ရေနှင့်ဆေးကြောသန့်စင်ပါ။
၂။ အသီးကို ထက်ခြမ်းခွဲပြီး အစေ့လေးတွေ ဖယ်ထုတ်လိုက်ပါ။
၃။ ခရမ်းချဉ်သီး အခွံတွေ မပါစေရန် ရေမှာ ၅-၁၀ မိနစ်ပြုတ်ပါ။ ဒါမှမဟုတ် အစိတ် လေးများစိတ်ပြီး မိနစ် ၃၀ခန့် ပေါင်းခြင်းဖြင့် အခွံများ ကွဲထွက်လာစေပါတယ်။
၄။ ၎င်းခရမ်းချဉ်သီးတွေကို ရေအေးမှာ ၅-၁၀မိနစ်ခန့် အအေးခံပြီး အပြင်းခွံနှင့် အစေ့များ ဖယ်ထုတ်ပါ။ (အစေ့တွေဟာ အနဲငယ် ခါးသက်သက် အရသာ ရှိပါတယ်။
၅။ ပြီးရင် ခရမ်းချဉ်သီးတွေကို ဖျော်စက်(သို့) မွှေစက်ဖြင့် မွှေပါ။
၆။ ခရမ်းချဉ်သီး အရည်ရရှိစေဖို့ ဇကာ(သို့) ပိတ်ပါးစဖြင့် စစ်ချယူပါ။
၇။ ၎င်းခရမ်းချဉ်သီး ဖျော်ရည်ကို ၂-၃နာရီခန့် ကျိုပေးပါ။ အိုးမကပ်စေရန် သစ်သား ယောင်းမဖြင့် မွှေပေးရပါမယ်။ ဖျော်ရည် မပျစ်မကျဲ အချိန်မှာ ဆား ၂ရာခိုင်နှုန်း ထည့်ပါ။ ဖျော်ရည်များ စေးပျစ်လာ သည်အထိ ကြိုချက်ပါ။ (ခရမ်းချဉ်သီး ၁ပိဿာမှာ ဆား၂ ကျပ်သား)
၈။ ခရမ်းချဉ်အနှစ်တည့်မည့် ပုလင်းတွေကို ရေနွေးဖြင့် မိနစ် ၂၀ခန့် ပြုတ်ထား ရပါမည်။
၉။ အနှစ်များ မအေးခင် ပုလင်းထဲလောင်းထည့်ပြီး ပုလင်းအဖုံးကို သေခြာစွာ ပိတ်ပြီး ထပ်မံ၍ ရေနွေးတွင် ၁၀-၂၀မိနစ်ခန့် ပြုတ်ပေးခြင်းဖြင့် ပိုးသတ်ပြီး သားရစေပါတယ်။
၁၀။ ၎င်းနောက် အအေးခံပြီး သိုလှောင်စားသုံးနိုင်ပါတယ်။
သက်သက်နွယ်
M.T.T
4 years agoဘယ်မှာရောင်းပါသလည်းခင်ဗျာ။
Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်သက်သက်နွယ်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....