ကင်(မ်) ချီ ပြုလုပ်နည်း
Kimchi အစားအစာကို မကြာခဏ ကိုရီးယားရုပ်ရှင်နှင့် ရုပ်မြင်သံကြားများတွင် ကိုရီးယား အစားအစာ တခုအနေနဲ့ ရောနှော ပြသထားတယ်သည်ကို တွေ့မြင် နိုင်ပါတယ်။ ကင်(မ်) ချီဟာ ကျန်းမာရေး အတွက် အထောက်အကူ ပြုစေတဲ့ အစားအသောက် တခုလဲ ဖြစ်ပါတယ်။
ကင်(မ်) ချီရဲ့ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ အချက်တွေကတော့….
ကင်(မ်)ချီသည် ဒိန်ချဉ်လိုပဲ အချဉ်ဖောက်ထားသောကြောင့် lactobacilli လို့ ခေါ်တဲ့ ခန္ဓာကိုယ်အတွက် ကျန်းမာစေတဲ့ ဘက်တီးရီးယား ပါဝင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ အစာချေ လုပ်ငန်းစဉ်အတွက် အထောက်အကူ ပြုသလို၊ နောက်ထပ် အံ့သြဖွယ် တခုကတော့probioticsပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အမျိုးမျိုးသော ကူးစက် ရောဂါများကို တိုက်ထုတ်နိုင်ပါတယ်။
ခန္ဓာကိုယ်မှာ သွေးတိုးခြင်း သို့မဟုတ် သွေးထဲမှာ ကိုလက်စထရော မြင့်မားနေတယ်ဆို ကင်ချီမှာ ပါဝင်တဲ့ ကြက်သွန်ဖြူနှင့်ဆယ်လီနီယမ်က ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော လျော့ကျလာဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ကင်(မ်)ချီကို ကိုယ့်ဘာသာ လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့.
(၁) မုန်ညင်းထုပ်အဖြူ (၁ပိဿ၂၀ ကျပ်သား) (၂၀၀၀ ဂရမ်)
(၂) ကြက်သွန်မြိတ်- ၃၀ ကျပ်သား (၅၀၀ ဂရမ်)
(၃) ငံပြာရည် - ၁ ခွက်(လက်ဖက်ရည်ကြမ်း တစ်ပန်းကန်)
(၄) ကောက်ညှင်း၊ နာနတ်ရည်/သစ်သီးအရည် တခုခု /ရှာလကာရည် - ၁ ခွက် (လက်ဖက်ရည်ကြမ်း တစ်ပန်းကန်) ကြက်သွန်ဖြူ ၁၀ ကျပ်သား
(၅) ဂျင်း အနည်းငယ်
(၆) ငရုပ်သီးမှုန့် ၀.၅ ခွက် (လက်ဖက်ရည်ကြမ်း ပန်းကန်တဝက်)
(၇) ဆား အနည်းငယ်
(၈) ရွက်စားမုန်လာ၊ တရုတ် မုန်ညင်းထုပ် (Chinese Cabbage) - ၁ စီး
(၉) မုန်လာဥဖြူ/နီ (ခါကြက်ဥ) အနည်းငယ်
(၁၀) နှမ်း အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
- မုန်ညင်းထုပ် အဖြူများအား ရေစင်အောင် ဆေးကြောပြီး ဆားရည်တွင် (၃) နာရီခန့် စိမ်ပါ။
- ၎င်းတို့အား ဆားရည်မှ ဆယ်ယူပြီး ရေစစ်ထားပါ။
- ဂျင်း၊ ကြက်သွန်ဖြူတို့အား ထောင်းထားပါ။ ကောက်ညှင်းအား ပြုတ်ထားပါ။
- ပါဝင်သော ပစ္စည်းများအား ရောထည့်၍ မွှေပြီး(၁-၂) ည ခန့် နှပ်ထားပါ။
ထို့နောက် ရေခဲသေတ္တာ(သို့) အေးမြသော နေရာတွင် ထား၍ စားသုံးနိုင်ပါသည်။
သက်သက်နွယ်
Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်သက်သက်နွယ်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....