Green Way
သီဟိုလ်သီး ဝိုင် ဘယ်လိုလုပ်ကြမလဲ - (How to Make Cashew Wine)

သီဟိုလ်သီး ဝိုင် ဘယ်လိုလုပ်ကြမလဲ - (How to Make Cashew Wine)

ayethandasoe
ayethandasoe Greenovator 27/02/2018

 

သီးဟိုလ်စေ့ဟာဆိုရင် ချိုစိမ့်မွေးပြီးတော့ သီဟိုလ်သီးဟာဆိုရင် နူးညံ့ပြီးအရသာရှိလှတဲ့ အသီးတစ်ခုလဲ ဖြစ်ပါတယ်။ ကဲ..... ခုကတော့ သီဟိုလ်သီးနှင့် ဝိုင်ပြုလုပ်လို့ ရတဲ့ နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်
 
ပြုလုပ်နည်း (၁)
 
ပါဝင်သောပစ္စည်းများ
 
လတ်ဆတ်သောသီဟိုလ်သီး - ၁ ကီလိုဂရမ် ( ၆၂ကျပ်သား) 
 
သၾကား - ၆ က်ပ္သား
 
တစေး (yeast) - ၁/၂  လဘက်ရည်ဇွန်း
 
ကြက်ဥ အကာ - ၁/၄  လဘက်ရည်ခွက်
 
ပြုလုပ်ပုံအဆင့်ဆင့်
 
(က) ပါဝင်ပစ္စည်းများ ပြင်ဆင်ခြင်း
 
၁။  မွေးကြိုင်ပြီး မှည့်နေသော သီဟိုလ်သီးများကို ရွေးချယ်ပါ။
 
၂။  ရေဆေးပြီး အလေးချိန်  ချိန်ပါ။
 
၃။  အသီး၏ထိပ်အစွန်းနှစ်ဖက်ကို ဖြတ်ပြီး (၄) ပိုင်း လှီးဖြတ်ပါ။
 
၄။  လှီးဖြတ်ပြီး အသီးအပိုင်းလေးများအား အလေးချိန်   ချိန်ပါ။
 
၅။ ချိန်တွယ်ပြီး အသီးပိုင်းများအလေးချိန်၏ ၁၂ ရာခိုင်နှုန်း ပမာဏ ရှိသော  သကြားများကို ထည့်ပါ။
 
၆။  အထက်ပါ သီဟိုလ်အသီးပိုင်းလေးများနှင့် သကြားအရောကို (၁၂-၁၅)  မိနစ်ခန့်    နှပ်ထားပါ။
 
၇။  ပြီးရင် အရည်ညှစ်ထုတ်ပါ။
 
(ခ)   ဝိုင်ဖောက်ခြင်း ( Alcoholic fermentation)
 
၁။  ဖျော်ထားသောဖျော်ရည်ကို ဝိုင်ပြုလုပ်မည့်ဘူးထဲသို့ ဘူးရဲ့ ၄ ပုံ ၃ ပုံ ပမာဏ ထိ ထည့်ပါ။
 
၂။  တစေး လဘက်ရည်ဇွန်း တစ်ဝက်ထည့်ပါ။
 
၃။ စက်ဝိုင်းပုံ ရောမွှေပါ။
 
၄။ ဘူးရဲ့အဝကို ဝါဂွမ်းဖြင့် ပိတ်ပါ။
 
၅။ ပြီးရင် သီတင်းပတ် ( ၂- ၄  ) ပတ် ( ၁၄ - ၃၀ )ရက်ထားပါ။
 
၆။ ဝိုင္ကို အရည္စစ္ပါ။
 
၇။ ကြက်ဥ အကာအဖြူနှင့်ရောပြီး အပူချိန် ၅၀-၆၀ ဒီဂရီ စင်တီဂရိတ်  မှာ ၃ မိနစ်ခန့်ထားပါ။
 
၈။ ပြီးလျှင် ဘူးထဲထည့်ပြီး အဖုံးပိတ်ထားပါ။
 
၉။ ပြီးလျှင် နှစ်အကြာကြီး ထားနိုင်ပါသည်။
 
၁၀။ အေး၍ခြောက်သွေ့သောနေရာတွင် သိုလှောင်ပါ။
 
(ref; how to make cashew wine post in SME by Mixph on October 5,2015)
 
 
သီဟိုလ်သီး ဝိုင် ဘယ်လိုလုပ်ကြမလဲ
 
ပြုလုပ်နည်း (၂)
 
( Homemade Cashew Fruit Wine )
 
ပါဝင်ပစ္စည်းများ ( Ingredients; )
 
1. အစေ့နှင့်အသီးထိပ်ဖြတ်ပြီး သီဟိုလ်သီး အလေးချိန်  ၁ ကီလိုဂရမ်
 
2. သကြား ၁ ကီလိုဂရမ် ( အချိုကြိုက်ပါက ၀.၅ ကီလိုဂရမ် ပိုထည့်ပါ။)
 
3. ဆူအောင်တည်ပြီး အအေးခံထားသောရေ  ၄ လီတာ
 
4. တစေး ( yeast ) - လဘက်စားဇွန်း တစ်ဇွန်း  ( 1 tsp )
 
ပြုလုပ်ပုံအဆင့်ဆင့်
 
- အသီးများကိုရေဆေးပြီး ရေစစ်ထားပါ။ အတုံးသေးများဖြစ်အောင်လှီးပါ။ 
 
- လှီးထားသော သီဟိုလ်သီးများ၊ သကြား၊ အအေးခံထားသောရေနှင့် တစေးတို့ကို ကောင်းစွာ သမအောင်ရောပြီး ဖန်ခွက် သို့ ကရားထဲ ထည့်ပါ။ စည့်အိုး (traditional  Bharani) ကို လည်း  သုံးနိုင်ပါတယ်။ ပြီးလျှင် အေး၍ခြောက်သွေ့သောနေရာ တွင်ထားပါ။
 
- နေ့စဉ် (သို့)  တစ်ရက်ခြား ဖွင့်၍ မွှေပေးခြင်းကို  ၂၁ ရက် မြောက်နေ့အထိ ပြုလုပ်ပါ။
 
- ၂၂ ရက်မြောက်နေ့ရောက်တဲ့အခါ ရောမွှေထားတဲ့အရည် ကောင်းစွာနှံစပ်ပြီး ရေကျန်မှု လုံးဝရှိမရှိစေရန် ရောသမအရည်ကို ပိတ်စသန့်သန့်ဖြင့်ထည့်ကာ ခြောက်သွေ့၍ သန့်စင် သောဘူးထဲ စစ်ချပါ။
 
- စစ်ချထားသော ဘူးထဲမှ စစ်ကျရည်များအား မွှေခြင်း သို့ ထိခြင်းလှုပ်ခြင်း မရှိစေဘဲ ၂၁ ရက်ထားပါ။ ၂-၃ ရက် တစ်ခါ အဖုံးကို လှပ်ပေးပါ။
 
- ၂၂ ရက်မြောက်နေ့ (စတင်သည်မှ ၄၄ ရက်မြောက်နေ့) တွင် ပုလင်းများထဲသို့ လောင်းထည့်၍ သိုလှောင်ပါ။ လောင်းထည့်သည့်အခါ အောက်မှအနယ်များကို မွှေထည့်ခြင်း မပြုလုပ်ရပါ။
 
- ဝိုင်များကို ကြာရှည်ထားနိုင်လျှင် သက်တမ်းကြာသ၍ ပိုကောင်းမည် ဖြစ်ပြီး ဝိုင်၏ အရောင်မှာရွှေရောင်မှ  အချိန်ကြာလာသည်နှင့်အမျှ အရည်မှာကြည်လင် လာမည်။  ပထမလပိုင်းများတွင် တိမ်ထူသကဲ့သို့ အရည် မှာ နောက်ကျိနေမည်ဖြစ်သော်လည်း ကြာလာသည်နှင့်အမျှ ကြည်လင်လာမည်။
 
(ref;priyasoshy.blogspot.com/2014/12/ homemade cashew fruit wine )
 
 
သီဟိုလ်သီးဝိုင် ဘယ်လိုလုပ်မလဲ 
 
ပြုလုပ်နည်း (၃)
 
( How to Make Cashew Wine)
 
ကုန်ကြမ်းပစ္စည်းများ  ပြင်ဆင်ခြင်း ( Preparation of raw materials)
 
- ကောင်းစွာရင့်မှည့်ပြီး ပျက်စီးမှုမရှိတဲ့ ဒါဏ်ရာမရှိတဲ့ အသီးများကို ရွေးပါ။ သန့်ရှင်းသော ရေဖြင့် ဆေးကြောပါ။
 
ပြုလုပ်နည်းအဆင့်ဆင့် (  Processing )
 
- သီဟိုလ်သီးများကို ဖိညှစ်ထုတ်သည့်အခါ သစ်သီးရည်များအလွယ်တကူ ပိုမိုထွက်စေရန် အတွက် ပါးပါးလှီးပါ။ သစ်သီးရည်များကို စတီးပုံးထဲတွင်ထည့်၍ အပူချိန် ၈၅ ဒီဂရီ စင်တီဂရိတ်တွင် ထည့်ကျိုပြီး အရိုင်းအစေးများ ထွက်အောင်ပြုလုပ်ပါ။ ပြီးလျှင် သစ်သီးရည်များကို စစ် ချ ပါ။ မလိုအပ်သော မိုက်ခရိုသက်ရှိများဖြစ်သည့် (acetic bacteria , wild yeasts and moulds ) များ ပေါက်ဖွားခြင်းမရှိစေရန်အတွက် sodium or potassium  metabisulphite ) ကို ထည့် ပါ။
 
- ဝိုင်ပြုလုပ်ရာတွင်အသုံးပြုသည့် တစေး(Saccharomyees cerevisiae – var ellipsoideus ) အား နည်းနည်းချင်းထည့်၍ ကောင်းစွာ သမအောင် မွှေပေးပါ။ ပြီးလျှင် ၂ ပတ် ထားပါ။
 
- ဝိုင် အရည်မှာ အနယ်များကျလာမည်။ ဝိုင်အရည်စစ်ခြင်းကို  ဝိုင်နှင့်  gelatin, pectin or casein တို့ အသုံးပြုရောနှောခြင်းဖြင့် ရရှိနိုင်မည်။ ဝိုင်အရည်များကို စစ်ပြီး သစ်သားစည် (wooden vats) များတွင် ထည့်ပါ။
 
- ဝိုင်များကို  အပူချိန် (၅၀-၆၀ ) ဒီဂရီ စင်တီဂရိတ်တွင် ပိုးသတ်ပါ။ အပူချိန်  ( ၇၅-၇၈)  ဒီဂရီ စင်တီဂရိတ် တွင် အရက် ပါဝင်မှုများ အငွေ့အဖြစ်သို့ပြောင်းလဲနိုင်သဖြင့် အပူချိန် ၇၀ ဒီဂရီ စင်တီဂရိတ် ထက် မပိုစေရန် သတိပြုရပါ မည်။  ပြီးလျှင် ပိုးသတ်ပြီးသော ဝိုင်စည် များအား အနည်းဆုံး ၆ လ မှ စတင်၍ နှစ်များစွာ ကြာသည်အထိ သိုလှောင်ထားရပါမည်။
 
- လိုအပ်မည်ဆိုပါက ဝိုင်များကို ပုလင်းများအတွင်းသို့ စစ်ချထည့်ရမည်ဖြစ်သည်။ နှစ်အကြာ ကြီးထားသောအချိန်တွင် သက်တမ်းကြာမြင့်သော ဝိုင်ရည်များသည် ပုလင်းများအတွင်း ဓါတ် ပြုခြင်း ၊ ဓါတ်တိုးခြင်းများဖြစ်ကာ esters နှင့် aldehydes  များဖြစ်ပေါ်ပြီး ဝိုင်များတွင်ရှိ သော အနံ ၊ အရသာများကို ရရှိခံစားရမည်ဖြစ်သည်။
 
မှတ်ချက်။ ။ မိမိ ၏ ဝိုင်အရည်အသွေးကို အောက်ပါအချက်အလက်များကို ထိန်းညှိ၍ ပြုပြင် နိုင် သည်။
 
၁. သကြားပါဝင်မှု ( Sugar content . )  အချိုဓါတ်ပါဝင်မှုကို တိုးစေရန် သကြားကို တိုးထည့် နိုင်သကဲ့သို့  ရေထည့်ခြင်းအားဖြင့်  အချိုဓါတ်ကိုလျော့ချနိုင်သည်။
 
၂. pH  -  citric acid ထည့်ခြင်း ဖြင့် ဝိုင် ၏ pH ကို လျော့ချနိုင်ပြီး  ရေ သို့ သီဟိုလ်ကြိတ် အသားကို ထည့်ခြင်းဖြင့်  pH ကို မြှင့်တင်နိုင်သည်။
 
၃. အချဉ်ဓါတ်များခြင်း(Titrable acidity ) -  ယင်းကို အချိုးအစားအမျိုးမျိုးဖြင့် citric acid ကို ထည့်ခြင်းအားဖြင့် ထိန်းညှိနိုင်သည်။
 
၄. အရက်ပါဝင်မှု ( alcohol content ) -  လူအများ၏ သောက်သုံးနိုင်သည့်အနေအထား ပေါ် တွက်ချက်ပြီး ထိန်းညှိနိုင်သည်။
 
Aye Thanda Soe ( 11.2.2018) 
 
priyasoshy.blogspot.com
foodrecap.net/manufacture/wine/making
ညိမ်းထွန်း

ညိမ်းထွန်း

2 years ago

တခြားဝိုင်ပြုလုပ်နည်းများကိုလည်းတင်ပေးပါဉီး

စိုးထိုကျတိုးဦး

စိုးထိုကျတိုးဦး

4 years ago

ကြာရှည်ခံအောင် စတီးပုံး သို့မဟုတ် ဖန်ပုလင်း ၊ မြေအိုး တို့ဖြင့်ထားနိုင်သည် ။

ဦးရဲငွေရွာဘဲနယ်မြေနဝဒေးတံတားလမ်း

ဦးရဲငွေရွာဘဲနယ်မြေနဝဒေးတံတားလမ်း

5 years ago

ကေါ်ပုန်းတွေနဲ့ကြာရှည်ထားလို့ရလား

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....