Green Way
Flims Coating အဖြစ်သုံးနိုင်သော စားမှိုများ

Flims Coating အဖြစ်သုံးနိုင်သော စားမှိုများ

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၇၆)

စားမှိုများမှ တန်ဖိုးမြှင့် ပစ္စည်းအမျိုးမျိုး ထုတ်ကြရအောင် (၃)

ရည်ရွယ်ချက် 

စားမှိုအခြေခံ ဖလင်အဖုံးလွှာ (Flims Coating) များကို စားသောက်ကုန်များ၏ သိုလှောင်ကာလရှည်စေရန်နှင့် အရည်အသွေးထိန်းရန် အသုံးပြုသည်။

သုတေသနအနေအထားမှတဆင့် အသုံးချနိုင်သော တန်ဖိုးမြှင့်ပစ္စည်းများ

စားမှိုအခြေခံ ဖလင်အဖုံးလွှာ Films/Coatings   

စားမှိုအခြေခံ ဖလင်အဖုံးလွှာ (Films/Coatings) သည် အစားအစာအပေါ်မှ ဖုံးအုပ်ထားသော ပစ္စည်း တစ်မျိုးဖြစ်သည်။ ပြန်ခွာစရာမလိုဘဲ အသားပေါ်တွင်တိုက်ရိုက်ဖွဲ့စည်းထားသည်။ အစားအစာနှင့်အတူ စားရသည်လည်းရှိသည်။ ဖလင်အဖုံးလွှာအထူသည် ဝ.၃ မီလီမီတာထက်ပို၍ ပါးရသည်။ စားသောက်ကုန်များ၏ သိုလှောင်ကာလရှည်စေရန်နှင့် အရည်အသွေးထိန်းရန်အသုံးပြုသည်။ ဖလင်အဖုံး ဟင်းသီးဟင်းရွက် အသားထုတ်ကုန် (ဥပမာ ဝက်အူချောင်း) များတွင် သိုလှောင်ကာလတာရှည်ခံ ပစ္စည်းအဖြစ်သုံးခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်သော ရိုးရာနည်းပညာတစ်ခုဖြစ်သည်။ စားသောက်ကုန်များကို ပိုမိုကောင်းမွန်သော ထုတ်ပိုးနည်းအဖြစ် အသုံးချလာသည်။

စားမှိုများမှပြုလုပ်နိုင်သောဖလင်အဖုံးလွှာ (Films/Coatings) များကို အစားအစာများ အရည်အသွေးတိုးစေရာတွင် သုံးခြင်း

၁။ ကြယ်သီးမှို  Button mushroom  Agaricus biporus

၂။ အပ်မှို  Velvet shank  Flammulina velutipes   

၃။ ရှီတာကီမှို Shiitake  Lentinus edodes 

  ၄။ Indian oyster  Pleurotus pulmonarius   

  သုတေသနအနေအထားမှတစ်ဆင့် အသုံးချနိုင်သော တန်ဖိုးမြှင့်ပစ္စည်းများ

သစ်သီးများမှထုတ်သော  ဖလင်အဖုံးလွှာများကဲ့သို့ မှိုစိုက်ပျိုးထုတ်လုပ်သူများသည် မိမိတို့စိုက်သော စားမှိုများ မှစားရသော ဖလင်အဖုံးလွှာများ  (ဖလင်ကုတ်တက်)  ထုတ်နိုင်ပါသည်။ ဖယ်ပစ်ရန်မလိုပါ။ အစားအစာနှင့် အတူစားနိုင်သည်အတွက် တန်ဖိုးမြှင့် ပစ္စည်းအဖြစ် ဖော်ပြခြင်းသာဖြစ်ပါသည်။

ကိုးကား

Kumar, H.; Bhardwaj, K.; Sharma, R.; Nepovimova, E.; Cruz-Martins, N.; Dhanjal, D.S.; Singh, R.; Chopra, C.; Verma, R.; Abd-Elsalam, K.A.; et al. Potential Usage of Edible Mushrooms and Their Residues to Retrieve Valuable Supplies for Industrial Applications. J. Fungi 2021, 7, 427. https://doi.org/ 10.3390/jof7060427

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....