တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၈ - ၂၂.၅.၂၀၂၆)
အယ်လ်နီညို ရာသီဥတု၏ ခြိမ်းခြောက်မှု၊ သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်မှုနှင့် လောင်စာဆီ ရှားပါးမှုကြောင့် သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုက လယ်ယာပို့ကုန်များ၏ ပင်လယ်ရပ်ခြား ကုန်သွယ်ရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုများ ရှိနေသည်။ ထုတ်လုပ်တင်ပို့ ရောင်းချသူနိုင်ငံများနှင့် ဝယ်ယူတင်သွင်းနေသည့် နိုင်ငံများအကြား ပြောင်းလဲနေသည့် မူဝါဒများကလည်း ဈေးကွက်အပေါ် အကျိုးသက်ရောက်မှုများ ရှိနေသည်။
ဈေးအီနေသည့် မတ်ပဲ
ပြီးခဲ့သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၁၀ သိန်းကျော် တင်သွင်းထားသည်ဟု IPGA (India Pulses and Grains Association) က စာရင်းများတွင် ဖော်ပြထားသည်။ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်ထက် တန်ချိန် ၂ သိန်းကျော် ပိုများသဖြင့် ယခုဘဏ္ဍာနှစ် ၂၀၂၆ - ၂၀၂၇ အစပိုင်းလများတွင် မတ်ပဲ ဝယ်လိုအား အနည်းငယ် အားပျော့လာသည်။
သို့သော် အိန္ဒိယနိုင်ငံအတွင်း နွေရာသီစိုက်ပျိုးသည့် မတ်ပဲများ ဈေးကွက်ဝင်နေချိန် မြန်မာမတ်ပဲ CNF ဈေးက မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၅ မှ ၈၁၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၉၅ မှ ၉၀၅ သို့ ဈေးပြောင်းသွားသည်။ အိန္ဒိယပြည်တွင်း၌ မြန်မာမတ်ပဲဈေး အနည်းငယ် ပြန်မာလာသည့် အခြေအနေမျိုးဖြစ်သည်။ ထို့ပြင် ဘရာဇီးမတ်ပဲက တစ်တန်လျှင် ဒေါ်လာ ၈၈၀ ဈေးဖွင့်သည်။
အိန္ဒိယပြည်တွင်းဈေး အတက်ဘက်သို့ ပြောင်းလဲနေသော်လည်း မြန်မာဈေးကွက်တွင် မတ်ပဲ SQ က ဈေးအနည်းငယ် ကျဆင်းနေသည်။ မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်ပဲ ပြည်ပသို့ ရောင်းချသည့် (FOB) ဈေးက မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၆၅ / ၇၇၅ ဖြင့် ဈေးငြိမ်နေသော်လည်း မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၅၅ / ၈၆၅ မှ ၈၅၀ / ၈၆၀ သို့ ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် မတ်ပဲပြည်တွင်းဈေးက မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၅၉,၀၀၀ မှ ၃,၀၇၆,၀၀၀ ထိ ဈေးတက်ပြီးနောက် ၃,၀၆၉၀၀၀ ကို ဈေးပြောင်းလာသည်။ မတ်ပဲ SQ ကလည်း တစ်တန်လျှင် ကျပ် ၃,၃၇၉,၀၀၀ မှ ၃,၃၉၆,၀၀၀ သို့ ဈေးတက်ပြီး ၃,၃၇၉,၀၀၀ ကျပ်သို့ ဈေးပြန်ပြောင်းသွားသည်။
ဈေးကျနေသည့် ပဲတီစိမ်း
ပြီးခဲ့သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တန်ချိန် သုံးသိန်းခွဲကျော် တင်ပို့ထားသော ပဲတီစိမ်းက လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပဈေး ကျဆင်းလာသည်။ မုတ်သုန်ရာသီအစပိုင်းတွင် တရုတ်ကုန်သည်များ၏ ဝယ်လိုအား အေးလာခြင်းက ပဲတီစိမ်းဈေး ကျဆင်းမှုကို တွန်းအားဖြစ်လာစေသည်။
ယခုရက်သတ္တပတ်တွင် ပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း ကျဆင်းနေသည်။ ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးကျဆင်းလာသည်။
ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (အညာ) FOB တစ်တန်လျှင် ဒေါ်လာ ၉၂၀ / ၉၃၀ မှ ၈၉၀ / ၉၀၀ သို့ ဈေးပြောင်းပြီး ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်လျှင် ဒေါ်လာ ၁,၀၂၀ / ၁,၀၃၀ မှ ၉၉၀ / ၁,၀၀၀ သို့ ဈေးပြောင်းသွားသည်။
ထို့ပြင် ပဲတီစိမ်း ပြည်တွင်းဈေးက ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၅,၈၃၀ / ၅,၈၃၅ မှ ၅,၅၀၀ / ၅,၅၂၀ သို့ ဈေးပြောင်းပြီး ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါတစ်ပိဿာလျှင် ကျပ် ၆,၄၁၅ မှ ၆,၁၆၅ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်တန်လျှင် ကျပ် ၅,၅၀၀ / ၅,၅၅၀ မှ ၅,၃၃၀ / ၅,၃၅၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) သစ်က တစ်တန်လျှင် ကျပ် ၃,၅၉၀,၀၀၀ ကျော်မှ ၃,၃၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ဈေးပြန်တက်လာသည့် ပဲစင်းငုံ
အိန္ဒိယဈေးကွက်တွင် အာဖရိကပဲစင်းငုံများနှင့် ဈေးကွက်ယှဉ်ပြိုင်နေရသော်လည်း ယခုရက်သတ္တပတ်တွင် မြန်မာပဲစင်းငုံဈေး အနည်းငယ် မြင့်တက်လာသည်။ မြန်မာပဲစင်းငုံ CNF ဈေးက တစ်တန်လျှင် ၁၀ ဒေါ်လာခန့် ဈေးမြင့်တက်ခြင်း ဖြစ်သည်။
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ CNF ဈေးက ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၈၂၅ မှ ၈၃၅ သို့ ဈေးပြောင်းသွားသည်။ မိုဇမ်ဘစ်ပဲစင်းငုံက တစ်တန်လျှင် ဒေါ်လာ ၆၂၀ မှ ၆၃၀ အကြား၊ ဆူဒန်ပဲစင်းငုံက တစ်တန်လျှင် ဒေါ်လာ ၈၄၀ ဈေးဖွင့်သည်။
မြန်မာနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း မြင့်တက်လာသည်။ ပဲစင်းငုံ ပြည်ပ FOB ဈေးက ပဲစင်းငုံ (နီ) ၂၀၂၄ - ၂၀၂၅ တစ်တန်လျှင် ဒေါ်လာ ၇၂၀ / ၇၃၀ မှ ၇၃၀ / ၇၄၀ သို့လည်းကောင်း၊ ပဲစင်းငုံ (နီ) ၂၀၂၅ - ၂၀၂၆ တစ်တန်လျှင် ဒေါ်လာ ၇၅၀ / ၇၆၀ မှ ၇၆၀ / ၇၇၀ သို့လည်းကောင်း ဈေးပြောင်းသွားသည်။
ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၁၁၀,၀၀၀ မှ ၃,၁၅၂,၀၀၀ သို့ ဈေးပြောင်းသည်။ မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ (နီ) သစ်တစ်တန်လျှင် ကျပ် ၂,၉၃၀,၀၀၀ ကျော်မှ ၂,၉၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းလာသည်။
ဈေးပြန်တက်လာသည့် ပြောင်း
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဈေးအနည်းငယ် အေးသွားသည့် ပြောင်းက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း ပြန်မာလာသည်။ ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူနေသည့် သတ်မှတ်ကာလ ကုန်ဆုံးရန် တစ်လကျော်သာ အချိန်ကျန်ရှိချိန်တွင် ပြည်တွင်းပြောင်းဈေး မာနေခြင်းဖြစ်သည်။
ယခုရက်သတ္တပတ်တွင် ပြောင်းပြည်ပရောင်းချသည့် FOB ဈေးက ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၀ / ၂၈၀ မှ ၂၇၅ / ၂၈၅ သို့ ဈေးပြောင်းလာသည်။ ထို့ပြင် ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းပြောင်းဈေးက တစ်ပိဿာလျှင် ကျပ် ၁,၇၈၀ / ၁,၈၀၀ မှ ၁,၈၃၀ / ၁,၈၅၀ သို့ ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပြောင်းက အမျိုးအစားအလိုက် ဈေးမြင့်တက်လာသည်။ ရှမ်းပြောင်းနှင့် CP ပြောင်းသစ်က ဈေးငြိမ်နေသော်လည်း အထွက်တိုးပြောင်းနီက တစ်တန်လျှင် ကျပ် ၅၀,၀၀၀ ကျော် ဈေးတက်လာသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၂,၀၀၀ ကျော်၊ CP ပြောင်းသစ်တစ်တန်လျှင် ကျပ် ၉၈၆,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး အထွက်တိုးပြောင်းနီက တစ်တန်လျှင် ကျပ် ၁,၈၄၀,၀၀၀ ကျော်မှ ကျပ် ၁၉ သိန်းကျော်သို့ ဈေးပြောင်းသွားသည်။
ဈေးအနည်းငယ် လှုပ်လာသည့် ကြက်သွန်နီ
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းကြက်သွန်နီဈေးက အနည်းငယ် မာလာသော်လည်း ပြည်ပရောင်းချသည့် FOB ဈေးငြိမ်နေသည်။ အာဆီယံနိုင်ငံများက ဈေးသက်သာသော အိန္ဒိယကြက်သွန်ကို ဝယ်လိုအားများသဖြင့် မြန်မာကြက်သွန် ပြည်ပတင်ပို့နိုင်မှု အားပျော့နေသည်။ လက်ရှိ ကြက်သွန်နီ FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၃၂၀ မှ ၄၃၅ အကြား ဈေးဖွင့်ထားသည်။
ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီ အဝင်အနည်းငယ် လျော့ကျမှုကလည်း ပြည်တွင်းကြက်သွန် လက္ကားဈေးကို အနည်းငယ် ပြန်လှုပ်လာစေသည်။ ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ လက္ကားဈေးက ဆိတ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၂,၄၀၀မှ ၂,၅၀၀ ကျပ်၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၂,၃၀၀ မှ ၂,၅၀၀ ကျပ်၊ ရွှေဘို (ရှယ်) တစ်ပိဿာလျှင် ကျပ် ၂,၇၀၀ မှ ၂,၈၀၀ ကျပ်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Topic 2
သီးနှံဈေးကွက်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....