Green Way
မြေပဲသီးနှံမျိုးသစ် ရှာဖွေခြင်း သုတေသန

မြေပဲသီးနှံမျိုးသစ် ရှာဖွေခြင်း သုတေသန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR-ရေဆင်း) သည် ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေသော မျိုးသစ်များရှာဖွေခြင်း သုတေသန (Climate Change Adaptation Research) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ဆီထွက်သီးနှံတစ်ခုဖြစ်သော မြေပဲသီးနှံမျိုးသစ်များကို သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။

ဆီထွက်သီးနှံသုတေသနဌာနစုမှ ဒေါက်တာခင်မျိုးဝင်းနှင့် ဒေါ်စိမ်းလဲ့မွန်တို့ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့မှ သက်လျင်အထွက်ကောင်း မြေပဲမျိုးသစ်၊ ရေငတ်ဒဏ်ခံနိုင်သောမြေပဲမျိုးသစ်၊ ရွက်ပြောက်ရောဂါဒဏ်ခံနိုင်သော မြေပဲမျိုးသစ်နှင့် အစေ့စား မြေပဲမျိုးသစ်မျိုးကို မျိုးကူးစပ်ရွေးချယ်ရှာဖွေလျက်ရှိရာ မကြာမီမျိုးသစ်များ ထွက်ရှိလာတော့မည်ဖြစ်ပါသည်။ 

မြေပဲမျိုးများအဖြစ် ရေငတ်ဒဏ်ခံနိုင်သော ဆင်းပဒေသာ (၆)၊ ဆင်းပဒေသာ (၁၂)၊ သက်လျင်အထွက်ကောင်းမျိုးဖြစ်သော ဆင်းပဒေသာ (၇)၊ အထွက်ကောင်းမျိုးမြေပဲဖြစ်သော ဆင်းပဒေသာ (၁၁) နှင့် ဆင်းပဒေသာ (၁၃) တို့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)၏ သုတေသနရလဒ်များဖြစ်ပြီး တောင်သူလက်ဝယ်အရောက် ဖြန့်ဝေနိုင်ခဲ့၍ တောင်သူများစီးပွားဖြစ်စိုက်ပျိုးနိုင်အောင် အထောက်အကူပြုခဲ့သော မြေပဲသီးနှံသုတေသနလုပ်ငန်းအား တင်ပြအပ်ပါသည်။

စိုက်ပျိုးရေးပြန်ကြားရေးဌာနစိတ်

Continue reading related topics, questions and articles.

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....