မေလဆန်းပိုင်းမှစ၍ ကြက်သွန်ဖြူဈေး ဆက်တိုက်မြင့်တက်နေ
ပြည်တွင်းစားဖိုဆောင်သီးနှံဈေးကွက်တွင် ကြူကုတ်ကြက်သွန်ဖြူနှင့် ဒေသထွက် ရှမ်းကြက်သွန်ဖြူ အမျိုးအစားအားလုံး ဈေးနှုန်းမြင့်တက်လာကြောင်း ပွဲရုံများနှင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းများအရ သိရသည်။
လက်ရှိတွင် ကြူကုတ်ကြက်သွန်ဖြူမှာ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းအဝင် နည်းပါးသွားသဖြင့် ဈေးကွက်မြင့်တက်လာခြင်းဖြစ်ပြီး ရှမ်းကြက်သွန်ဖြူမှာလည်း ဈေးကွက်အတွင်း အဝင်နည်းလာသဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဘဲ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
ကြက်သွန်ဖြူဈေးနှုန်းများသည် ယခုမေလဆန်းပိုင်းမှစ၍ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
"ကြက်သွန်ဖြူက အဝင်ပိုနည်းလာတဲ့အပြင် လုဝယ်နေရတာကြောင့် ဈေးတက်လာတဲ့ အနေအထားမျိုး တွေ့နေရပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူဈေးက ကျလိုက်တက်လိုက်လေးတွေ ဆက်ဖြစ်နေဦးမှာပါ။ တကယ်တမ်း ဈေးတန်းအတက် ခိုင်ခိုင်မာမာရှိမယ့် ကာလကတော့ ဩဂုတ်နဲ့ စက်တင်ဘာလလောက်မှ ဖြစ်ပါလိမ့်မယ်" ဟု အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
ကြက်သွန်ဖြူသည် နှစ်စဉ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဈေးကွက်ပိုမိုကောင်းမွန်ပြီး ဈေးငြိမ်လေ့ရှိသဖြင့် ကြက်သွန်သိုလှောင်ထားသည့် တောင်သူအများစုမှာ လက်ရှိအချိန်တွင် ထုတ်ရောင်းခြင်းမရှိသေးဘဲ ဈေးအတက်ကို စောင့်ကြည့်နေကြကြောင်း သိရသည်။
"မရောင်းသေးဘူး။ စောင့်လက်စနဲ့ ဆက်စောင့်နေတယ်။ ပွဲရုံပိုင်ရှင်တွေကလည်း ရှစ်လပိုင်း၊ ကိုးလပိုင်းဆိုရင် ဈေးပိုတက်မယ်လို့ ခန့်မှန်းထားကြတယ်။ အဲဒါကြောင့် အဲဒီကာလရောက်မှပဲ ရောင်းတော့မယ်လို့ ဆုံးဖြတ်ထားတယ်" ဟု ကြက်သွန်စိုက်တောင်သူ ဦးဇော်မြင့်က ပြောသည်။

ယနေ့ မေလ ၁၃ ရက်နေ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်တွင် ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၈,၅၀၀ ကျပ် ရှိနေပြီး ရှမ်းကြက်သွန်ဖြူများမှာ အောင်ပန်းထူး-၂ တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်၊ အောင်ပန်းထူး-၃ လျှင် ၆,၀၀၀ ကျပ်၊ အောင်ပန်းထူး-၄ လျှင် ၇,၀၀၀ ကျပ်နှင့် အောင်ပန်းထူး-၅ လျှင် ၈,၅၀၀ ကျပ် အသီးသီး ရှိနေသည်။
ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဈေးကွက်တွင်မူ အောင်ပန်းထူး-၂ လျှင် ၃,၇၀၀ ကျပ်၊ အောင်ပန်းထူး-၃ လျှင် ၄,၇၀၀ ကျပ်၊ အောင်ပန်းထူး-၄ လျှင် ၆,၅၀၀ ကျပ်၊ အောင်ပန်းထူး-၅ လျှင် ၇,၅၀၀ ကျပ်နှင့် အောင်ပန်းထူးလွန်လျှင် ၈,၅၀၀ ကျပ် ရှိကြောင်း သိရသည်။
မေလ ၁ ရက်နေ့က ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်တွင် ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၂,၅၀၀ ကျပ်သာရှိပြီး ရှမ်းကြက်သွန်ဖြူ အောင်ပန်းထူး-၅ လျှင် ၇,၃၀၀ ကျပ်သာ ရှိခဲ့သဖြင့် မေလ ပထမနှစ်ပတ်အတွင်း ကြူကုတ်ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၆,၀၀၀ ကျပ်ခန့် မြင့်တက်လာပြီး ရှမ်းကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁,၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခြင်းဖြစ်သည်။
ဒေသထွက် ကြက်သွန်ဖြူကို ရှမ်းပြည်နယ်ရှိ အောင်ပန်း၊ တောင်ကြီး၊ ပင်လောင်းနှင့် ဟိုပုံးမြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး နှစ်စဉ် စိုက်ပျိုးဧက သောင်းနှင့်ချီရှိကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Topic 2
သီးနှံဈေးကွက်
Ko Shine
2 months agoကြူကုတ် ကြက်သွန်ဖြူဆိုတာ ရှမ်း ကြက်သွန်ဖြူ မဟုတ်တဲ့ ကြက်သွန်ဖြူကို ခေါ်တာလား။
Anonymous
2 months agoငြုပ်သီး ရွက်လိပ်ရောဂါကာကွယ်နည်း
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....