တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့သွားရန် စီစဉ်နေ
မြန်မာနိုင်ငံက ထွက်ရှိသည့် ဒူးရင်းသီးကို ယခု ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် စီစဉ်နေသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တရုတ်နိုင်ငံသည် ဒူးရင်းသီး ဝယ်လိုအား အမြင့်ဆုံးနိုင်ငံတစ်ခု ဖြစ်သည့်အတွက် မြန်မာ့ဒူးရင်းသီးကို တင်ပို့ပြီး ခိုင်မာသည့် ပြည်ပဈေးကွက် ရရှိအောင် မျှော်မှန်းထားသည်ဟု သိရသည်။
တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးက မေ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ဖွင့်ပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"ပြည်ပဈေးကွက်ရမယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုက ပြည်တွင်းစားသုံးမှုပဲ ရှိတာလေ။ ဈေးကလည်း မြင့်တော့ လူတိုင်း အကြိုက်မစားနိုင်တဲ့ အခြေအနေက ရှိတယ်" ဟု ဒူးရင်းသီး ရောင်းချသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့ဒူးရင်းသီးက ပြည်တွင်းစားသုံးမှုသာ အဓိကရှိပြီး ဈေးနှုန်းအနေဖြင့် အသီးအရည်အသွေးပေါ် မူတည်၍ တစ်ကီလိုလျှင် ၆၀,၀၀၀ ကျပ်လောက်အထိ အမြင့်ဆုံး ဈေးပေါက်ပြီး အလုံးလိုက်ဈေးကမူ သိန်းဂဏန်းအထိ ဈေးရှိသည်ဟု သိရသည်။
မြန်မာ့ဒူးရင်းသီးကို အလုံးလိုက်ရောင်းချခြင်း၊ ခွဲပြီး ဒူးရင်းသီးအသားကို ရောင်းချခြင်းအပြင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရန်အတွက်လည်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားရန် ပြင်ဆင်နေသည်ဟု စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
"ဒီနှစ်စပို့နိုင်မယ်ဆိုရင်တောင် ရာသီကုန်မှ စနိုင်ဖို့ များလောက်တယ်။ ဘာလို့ဆို အခုတောင် ဒူးရင်းသီးက စပေါ်နေပြီ၊ ရောင်းနေကြပြီလေ။ ဒူးရင်းသီး အသားမွှာပြီးသားကို ကောင်းရင်ကောင်းသလို ဈေးက အမျိုးမျိုးဖြစ်နေတာပဲ။ အခုကတော့ ဝယ်လိုအားရှိပါတယ်။ ရောင်းသမျှ အကုန်ကုန်တယ်" ဟု ရန်ကုန်မှ ဒူးရင်းသီး ရောင်းချသူတစ်ဦးက ပြောသည်။
ဒူးရင်းသီးကို မြန်မာနိုင်ငံ တောင်ဘက်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် အများအပြား စိုက်ပျိုးဖြစ်ထွန်းပြီး စုစုပေါင်း စိုက်ပျိုးဧကအနေဖြင့် သောင်းဂဏန်းအထိ ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းသီးပေါ်ချိန်ကမူ ယခုမေလကစပြီး ဇွန်၊ ဇူလိုင်လတို့တွင် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ပေါ်ပြီး ဈေးကွက်ထဲ ဝင်ရောက်မှုရှိခြင်း ဖြစ်သည်ဟု သိရသည်။
ဒူးရင်းသီးသည် ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသများ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာတို့တွင် အဓိက စိုက်ပျိုးဖြစ်ထွန်းမှု ရှိသည်ဟု သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မျိုးဝဏ္ဏမျိုး
2 months agoကနေဒါမှာလည်း ဒူးရင်းသီးစျေးကွက်ရှိပါသည် မလေးရှားက တင်သွင်းကြပါသည် အကယ်၍ကနေဒါကိုတင်သွင်းမယ်ဆိုရင် ကနေဒါမှာ import လိုင်စင်ရှိပီး မြန်မာ့စားစရာများတင်သွင်းနေသော Maple Yangon Lion Ltd အမည်ခံတင်သွင်းပေးပါတယ်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....