Green Way
တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

AMIA
AMIA 25/09/2025

မတ်ပဲ

မတ်ပဲက အခုတစ်ပတ်မှာ စျေးပြန်ကျလာတာတွေ့ရပါတယ်။တနင်္လာ‌ နေ့ နဲ့ အင်္ဂါ‌နေ့ မှာ တက်စျေးငြိမ်ပြီး ဗုဒ္ဓဟူး‌နေ့ကနေ သောကြာ‌‌နေ့ အတွင်းမှာ ၆၀၀၀၀ လောက် ကျသွားတာဖြစ်ပါတယ်။ FOB စျေးထပ်တက်လာပေမယ့် ပြည်တွင်း မတ်ပဲစျေးက ကျဆင်းသွားတာပါ။ဝယ်လိုအားနည်းတဲ့အတွက်စျေးကျတာလို့သိရပါတယ်။ FOB စျေးက  အမေရိကန်ဒေါ်လာ  ၇၃၀ မှ ၇၄၀ အထိရှိလာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့  မှာ ၂၉၅၉၀၀၀ ၊ အင်္ဂါ‌နေ့မှာ ၂၉၄၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၂၇၀၀၀ ၊ ကြာသပတေး‌နေ့မှာ ၂၉၂၂၀၀၀၊ သောကြာ‌နေ့မှာ ၂၉၁၈၀၀၀  ရှိပါတယ်။

အရင်တစ်ပတ်က  မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၄၃၀၀၀ မှ ၂၉၇၅၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို  ၆၀၀၀၀  ကျပ်လောက်စျေးကျလာတာဖြစ်ပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကတော့  ယခုတစ်ပတ်မှာလည်း   စျေးဆက်တိုက်ထပ်ကျပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀  လောက် စျေးကျလာတာဖြစ်ပါတယ်။ FOB စျေးမကျဘဲ ပြည်တွင်းပဲစဥ်းငုံစျေးကွက်ပြုတ်ကျလာနေတာဖြစ်ပါတယ်။  

 ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်းတာကြောင့်  စျေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၉၈၀၀၀၊ အင်္ဂါ‌ေန့ မှာ ၂၄၄၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၄၅၂၀၀၀ ၊  ကြာသပတေး‌နေ့မှာ ၂၄၅၁၀၀၀ ၊  ​သောကြာ‌နေ့မှာ ၂၄၄၀၀၀၀  စျေးသာရှိပါတယ်။

အရင်တစ်ပတ်တုန်းက တနင်္လာ‌နေ့ကနေ သောကြာနေ့မှာဆိုရင်  ပဲစင်းငုံနီတစ်တန်ကို  ၂၅၀၀၀၀၀ မှ ၂၅၂၅၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ ဒါကြောင့် တစ်တန်ကို ၆၀၀၀၀ လောက်ထပ်ကျလာပါတယ်။

ပဲပုတ်

အခုတစ်ပတ်မှာတော့   ပဲပုတ် (ရှမ်း )က စျေးကျရိပ်ပြပြီး ပဲပုတ်(ဗမာ)က စျေးငြိမ်နေပါတယ်။

ပဲပုတ် (ဗမာ)   မိုးပဲအသစ်မဝင်သေးပေမယ့်လည်း  အဝေးတင်ပို့ရမှုနည်းပြီး လက်ကျန်ပဲများခြင်း၊ လုပ်ငန်းသမားသာပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် စျေးငြိမ်နေပါတယ်။  ပဲပုတ်(ရှမ်း)ကတော့  မိုးပဲအသစ်မဝင်ပေမယ့်လည်း  ဆီစက်သမားသာအဝယ်အေးတာကြောင့် စျေးကျသွားပါတယ်။

မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ် ဗမာက  ၃၇၀၀၀၀ ကျပ်ရှိပြီး ပဲပုတ် ( ရှမ်း) က  ၂၆၀၀၀၀ ကျပ်နဲ့ အရင်အပတ်ကထက် ၁၀၀၀၀ မှ ၁၇၀၀၀ ကျပ်ကျသွားပါတယ်။

ကုလားပဲ

ပြည်တွင်းစားသုံးမှု အများဆုံး ပဲဖြစ်တဲ့ ကုလားပဲကတော့  အခုတစ်ပတ်မှာ စျေးပြန်ကျသွား ပါတယ်။ ကုလားပဲက ပြည်ပတင်ပို့မှု နည်းပြီး ပြည်တွင်းအဓိကစားသုံးတဲ့ ပဲမျိုးဖြစ်လို့ စားသုံးမှုနည်းပြီး ပဲခွဲစက်တွေအဝယ်အေးပါက စျေးကျဆင်းတတ်ပါတယ်။ 

မန္တလေးကုန်စည်စျေးကွက်မှာ  ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၂၀၀၀  ကျပ်ရှိ​ပြီး ၃၀၀၀ ကျပ်ကျကာ  ၊ ကုလားပဲ (V7) က ၂၃၆၀၀၀ မှ ၂၃၇၀၀၀ ကျပ်ရှိပြီး  ၁၀၀၀၀ ကျပ်ကျပါတယ်။ ကုလားပဲ (929) က ၂၄၃၀၀၀ ကျပ်ရှိလို့ ၁၀၀၀ ကျပ်ကျ ပြီး ကုလားပဲထိုင်ဝမ်က ၂၃၀၀၀၀ မှ ၂၃၅၀၀၀  ကျပ်ရှိလို့ ၅၀၀၀ မှ ၈၀၀၀ ကျပ်အတွင်းစျေးကျ ပါတယ်။ 

ပြောင်း

ပြောင်းဆံကတော့  အခုတစ်ပတ်မှာ စျေးထပ်မကျတော့ဘဲ အရင်အပတ်မှာဖြစ်ပေါ်ခဲ့တဲ့အကျစျေးတန်းမှာပဲ ရပ်နေပါတယ်။  ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက်  ပြောင်းစျေးကွက် အတက်ဘက်ရောက်ဖို့ ခက်ခဲတယ်လို့သိရပါတယ်။လက်ရှိမှာစျေးကျနေပေမယ့်  ပြောင်းဆံကို ပြည်တွင်းအစာစပ်စက်ရုံတွေနဲ့ ကုန်သည်တွေကတော့ ပြောင်းဆံအခြောက်အသန့်တွေကိုပုံမှန်ဝယ်ယူမှုရှိနေပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း) ကတော့  ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ်ရှိ ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းတစ်ပိဿာကို ၁၅၆၀ ကျပ်မှ ၁၅၈၀ ကျပ်စျေးရှိပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....