တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၄ - ၈.၅.၂၀၂၆)
အိန္ဒိယနိုင်ငံအတွင်း စားသုံးသူများ၏ ဝယ်လိုအား ပျော့ခြင်း၊ အခြားနိုင်ငံများမှ တင်သွင်းထားသည့် ပဲများနှင့် ဈေးကွက်ယှဉ်ပြိုင်ရခြင်းကြောင့် မြန်မာမတ်ပဲနှင့် ပဲစင်းငုံဈေး ကျဆင်းလာသည်။ ထိုအခြေအနေကြောင့် မြန်မာပြည်တွင်း ဈေးကွက်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုများကို မြင်တွေ့လာရသည်။
ပြည်ပဈေးကျလာသည့် မတ်ပဲ
အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့နေသည့် မတ်ပဲမှာ ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းဈေး အေးနေသော်လည်း ပြည်ပရောင်းချသည့် FOB ဈေးနှုန်းများ ကျဆင်းလာသည်။ အိန္ဒိယဈေးကွက်တွင်လည်း ဝယ်လိုအား လျော့နည်းမှုကြောင့် မတ်ပဲဈေး ကျဆင်းနေခြင်း ဖြစ်သည်။
အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF (Cost and Freight - ကုန်ကျစရိတ်နှင့် ရေကြောင်းသယ်ယူခအပါအဝင်) ဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၁၅ ဈေးဖွင့်ထားပြီး ဘရာဇီးမတ်ပဲမှာ တစ်တန်လျှင် ဒေါ်လာ ၈၇၀ ဈေးဖွင့်ထားသည်။
ယခုရက်သတ္တပတ် မြန်မာ့ဈေးကွက်တွင် မတ်ပဲပြည်ပရောင်းချသည့် FOB (Free On Board) ဈေးမှာ တစ်တန်လျှင် ၁၀ ဒေါ်လာခန့် ကျဆင်းလာသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၈၅/၇၉၅ မှ ၇၇၅/၇၈၅ သို့လည်းကောင်းမတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၈၀ - ၈၉၀ မှ ၈၆၅ - ၈၇၅ သို့လည်းကောင်း ဈေးပြောင်းသွားသည်။ ပြည်တွင်းဈေးမှာမူ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၈၈,၀၀၀ မှ ၃,၀၆၇,၀၀၀ သို့လည်းကောင်း မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၄၂၀,၀၀၀ ကျော်မှ ၃,၃၉၂,၀၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
ပြည်တွင်းဈေးမငြိမ်သော ပဲစင်းငုံ
အိန္ဒိယဈေးကွက်တွင် အာဖရိကမှ တင်သွင်းလာသည့် ပဲစင်းငုံများနှင့် ဈေးယှဉ်ပြိုင်နေရသော မြန်မာပဲစင်းငုံမှာ ယခုရက်သတ္တပတ်တွင် ဈေးနှုန်းကျဆင်းလာသည်။ အိန္ဒိယအတွင်း ဝယ်လိုအား ပျော့ခြင်းကြောင့် မြန်မာပဲစင်းငုံ CNF ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၈၄၀ မှ ၈၂၀ ဝန်းကျင်သို့ ကျဆင်းလာသည်။
မြန်မာနိုင်ငံဈေးကွက်တွင် ပဲစင်းငုံပြည်ပရောင်းဈေး (FOB ဈေး) မှာ ယခုရက်သတ္တပတ်တွင် ဈေးငြိမ်နေသည်။ ပဲစင်းငုံ (2024-25 Crop) တစ်တန်လျှင် ဒေါ်လာ ၇၄၀/၇၅၀၊ ပဲစင်းငုံ (2025-26 Crop) တစ်တန်လျှင် ဒေါ်လာ ၇၇၀ - ၇၈၀ ဈေးဖွင့်ထားသည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံပြည်တွင်းဈေးမှာ အတက်အကျ အပြောင်းအလဲများရှိနေပြီး တစ်တန်လျှင် ကျပ် ၃,၀၃၂,၀၀၀ မှ ၂,၉၉၇,၀၀၀ သို့ ကျဆင်းပြီးနောက် ၃,၀၁၂,၀၀၀ သို့ ပြန်လည်ပြောင်းလဲသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်မှာ တစ်တန်လျှင် ကျပ် ၂,၈၇၅,၀၀၀ ကျော်မှ ၂,၈၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ပြောင်းဈေးထပ်မံမြင့်တက်လာ
တောင်သူများထံတွင် လက်ကျန်ပြောင်း လျော့နည်းလာခြင်းနှင့် ပြည်ပဝယ်လိုအား မျှော်လင့်ချက်များကြောင့် ပြည်တွင်း၊ ပြည်ပ ပြောင်းဈေးများ ဆက်တိုက်မြင့်တက်လာသည်။ ဆောင်းရာသီစိုက်ပြောင်းသစ် ပေါ်ချိန်တွင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် တောင်သူများ အခက်ကြုံခဲ့ရသော်လည်းသင်္ကြန်အပြီးတွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် အာရှကုန်သွယ်ရေးလမ်းမကြီး ပြန်ဖွင့်မည့်သတင်းနှင့်အတူ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၆၅ - ၂၇၅ မှ ၂၇၀ - ၂၈၀ သို့ တိုးတက်လာသည်။ ပြည်တွင်းဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၁,၇၈၀ - ၁,၈၀၀ မှ ၁,၈၃၀ - ၁,၈၅၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်မှ ၉၆၃,၀၀၀ ကျော်သို့လည်းကောင်း CP ပြောင်းသစ်မှာ ကျပ် ၁၀ သိန်းကျော်မှ ၉၈၆,၀၀၀ ကျော်သို့လည်းကောင်း ဈေးကျလာသော်လည်း ထွက်တိုးပြောင်း (နီ) မှာ တစ်တန်လျှင် ကျပ် ၁,၈၄၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ပဲကြီးဈေးမြင့်တက်နေဆဲ
စိုက်ပျိုးနိုင်မှုအားနည်းချက်နှင့်အတူ ပြည်ပ၀ယ်လိုအား၏ ဆွဲဆောင်မှုက ပဲကြီးပြည်ပရောင်းချသည့် FOBဈေးမြင့်တက်လာသော်လည်း ပြည်တွင်းဈေးအပြောင်းအလဲ နည်းသည်။
အိန္ဒိယနိုင်ငံအပါအ၀င် ပြည်ပနိုင်ငံအချို့မှ၀ယ်လိုအားရှိနေသည့် ပဲကြီးက ပြည်တွင်းစားသုံးမှုလည်းများသည်။ ပဲကြော်၊ ပဲလှော်လုပ်ငန်းများ၏ ၀ယ်လိုအားကလည်း ရှိနေသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည် ပရောင်းချသည့် FOBဈေးက တစ်တန်ဒေါ်လာ၄၀ဈေးမြင့်တက်သွားသည်။ပဲကြိးတစ်တန် ဒေါ်လာ ၁,၂၉၅ - ၁,၃၀၅မှ ၁,၃၃၅ - ၁,၃၄၅သို့ဈေးပြောင်းသွားသည်။
ပဲကြီးပြည်တွင်းဈေးကလည်း ပဲကြီး(ကုန်း)2026 c တစ်ပိသာကျပ် ၉,၁၃၀ - ၉,၂၂၀ ဈေးငြိမ်ပြီး၊ ပဲကြီး(ရွှေကျွန်း)တစ်ပိသာ ကျပ် ၉,၇၃၀ - ၁၀,၆၂၀မှ ၉၇၃၀ - ၁၀၄၄၅ သို့ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင် ပဲကြီးက အမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲအနည်းငယ်ရှိနေသည်။ ပဲကြီး(ကြီး)တစ်တန် ကျပ်၆,၄၂၀,၀၀၀ ကျော်မှ ၆,၄၈၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး ပဲကြီး(လတ်) တစ်တန် ကျပ် ၆၂သိန်းကျော်၊ ပဲကြီး(သေး)တစ်တန် ကျပ် ၅,၈၇၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
အမျိုးအစားအလိုက် နှမ်းဈေးပြောင်းလဲ
ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းမှာ ယခုရက်သတ္တပတ်တွင် ပြည်တွင်း၊ ပြည်ပ ဈေးကျဆင်းနေသည်။ ရန်ကုန်ဈေးကွက်တွင် နှမ်းဖြူ (ဂျပန်) FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၅၀ ခန့် ကျဆင်းသွားပြီး ဒေါ်လာ ၁,၄၂၅ - ၁,၄၃၅ သို့ ရောက်ရှိသွားသည်။ သို့သော် နှမ်းနက် (စမုံ) နှင့် နှမ်းညိုမှာ ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင် နှမ်းနက် (စမုံ) မှာ တစ်တန်လျှင် ကျပ် ၇၉ သိန်းကျော်မှ ၈၁ သိန်းကျော်သို့ ဈေးမြင့်တက်လာသော်လည်း ကျန်နှမ်းအမျိုးအစားအားလုံး ဈေးကျဆင်းလာသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Topic 2
သီးနှံဈေးကွက်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....