ပြည်ပတင်ပို့နေသောပဲများဈေးကျ (၂၃ - ၂၇.၂.၂၀၂၆ အတွက် တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ဆောင်းရာသီစိုက်ပျိုးသည့် လယ်ယာပို့ကုန်အချို့အသစ်ပေါ်ချိန် ဈေးနှုန်း၏ ထိုးနှက်ချက်က စိုက်ပျိုးသူတောင်သူ လယ်သမားများအတွက် စိတ်ပင်ပန်းမှုဖြစ်လာစေသည်။
ကျဈေးဖြင့် ဈေးကွက်ဝင်လာသည့်ပဲတီစိမ်း
ရန်ကုန်၊ ပဲခူးတိုင်းတို့တွင် ဆောင်းရာသီစိုက်ပျိုးသည့် ပဲတီစိမ်းများ ဈေးကွက်ဝင်လာချိန် ဈေးနှုန်းဆက်တိုက် ကျဆင်းမှု ကြုံတွေ့နေရသည်။တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေသည့် လယ်ယာထွက်ကုန်ဖြစ်ပြီး လက်ရှိပဲသစ်ပေါ်ချိန် ဈေးနှုန်းဆက်တိုက် ကျဆင်းလာခြင်းက စိုက်ပျိုးသူတောင်သူလယ်သမားများအတွက် စိုးရိမ်စရာအခြေအနေမျိုး ဖြစ်လာသည်။ ပဲတီစိမ်းကို ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးကြသဖြင့် လက်ရှိဈေးနှုန်းကျဆင်းမှု ထိုးနှက်ချက်က တောင်သူလယ်သမား အများစုအပေါ် အကျိုးသက်ရောက်မှုရှိနေသည်။ ကုမ္ပဏီများ၊ ကုန်သည်များမှ ဈေးချဝယ်နေသည်ဆိုသည့် စွပ်စွဲချက်အချို့ဖြင့် ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူလယ်သမားများကို ရိတ်သိမ်းထားသောပဲများ ထိန်းထိန်းသိမ်းသိမ်းဖြင့် ရောင်းချရန် အကြံပြုမှုများလည်း ရှိနေသည်။
လက်ရှိပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပ FOB (Free On Board) ဈေးကလည်း ဆက်တိုက် ကျဆင်းနေသည်။ နယ်ဈေးကွက်တွင်လည်း ပဲတီစိမ်းက တစ်တင်းလျှင် ကျပ် ၁၀၀,၀၀၀ အောက် ဈေးကျဆင်းလာသည်။
ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် (FOB) ဈေးက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဈေးထပ်မံကျဆင်းသည်။ ပြည်ပရောင်းချသည့် ပဲတီစိမ်း (အညာ) FAQ တစ်တန် ဒေါ်လာ ၈၈၀/၈၉၀ မှ ၈၅၀/၈၆၀ သို့ ဈေးပြောင်းသွားသည်။ ပဲတီစိမ်း (ရွှေဝါ) တစ်တန် ဒေါ်လာ ၁,၀၀၀/၁,၀၁၀ မှ ၉၇၀/၉၈၀ သို့ ဈေးပြောင်းသွားသည်။ ပဲတီစိမ်းပြည်တွင်းဈေးက ပဲတီစိမ်း (အညာ) တစ်ပိဿာ ကျပ် ၅,၁၆၅/၅,၁၈၅ မှ၄,၈၃၀/၄,၈၅၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာ ကျပ် ၅,၅၈၀ မှ ၅,၄၁၅၊ ပဲတီစိမ်း (ဝါးခယ်မ FAQ) တစ်ပိဿာ ကျပ် ၅,၅၀၀/၅,၅၂၀ မှ ၅,၄၁၅/ ၅,၄၃၅ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) သစ်က တစ်တန်လျှင် ကျပ် သိန်း ၃၀ ကျော်မှ ၃၁ သိန်းကျော်သို့ ဈေးပြောင်းသွားသည်။
ဈေးပျော့လာသည့် မတ်ပဲ
မတ်ပဲက ဈေးကျရိပ်သန်းလာသည်။ ယခုရက်သတ္တပတ်တွင် မြန်မာဈေးကွက်မှာသာမက အိန္ဒိယဈေးကွက်တွင်လည်း မတ်ပဲဈေး အားပျော့လာသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၇၅ မှ ၈၇၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၇၅ မှ ၉၇၀ သို့ ဈေးပြောင်းသွားသည်။ မြန်မာနိုင်ငံဈေးကွက်တွင်လည်း မတ်ပဲ ပြည်ပရောင်းချသည့် FOB ဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၂၅/၈၃၅ မှ ၈၂၀/၈၃၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၂၅/၉၃၅ မှ ၉၂၀/၉၃၀ သို့ ဈေးပြောင်းသွားသည်။ ပြည်တွင်းဈေးကလည်း မတ်ပဲ FAQ တစ်တန် ကျပ် ၃,၀၉၃,၀၀၀ မှ ၃,၀၆၂,၀၀၀ သို့ ဈေးပြောင်းပြီး၊ မတ်ပဲ SQ တစ်တန် ကျပ် ၃,၄၅၃,၀၀၀ မှ ၃,၄၁၂,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ဈေးကွက်ပြိုင်ဆိုင်မှုများနေသည့် ပဲစင်းငုံ
မတ်ပဲကဲ့သို့ အိန္ဒိယဈေးကို အဓိကထားတင်ပို့နေသော ပဲစင်းငုံကလည်း ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ် အေးလာသည်။ ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၌ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်နိုင်မှု အားပျော့ခြင်း၊ အိန္ဒိယတွင် မိုးများပြီး ပဲစင်းငုံစိုက်ခင်းများ ပျက်စီးမှုရှိခဲ့ခြင်းကြောင့် ပဲစင်းငုံဈေး ဆက်တိုက်မြင့်တက်ခဲ့သည်။ သို့သော် ယခုရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၌ ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးသာမက ပြည်တွင်းဈေးပါ ကျရိပ်သန်းနေသည်။
အိန္ဒိယဈေးကွက်တွင်လည်း မြန်မာပဲစင်းငုံက တစ်တန်လျှင် ဒေါ်လာ ၂၀ ဈေးကျသွားသည်။ အိန္ဒိယဈေးကွက် တွင် မြန်မာပဲစင်းငုံက ဆူဒန်၊ မိုဇမ်ဘစ်၊ နိုင်ဂျီးရီးယား ပဲစင်းငုံများနှင့် ဈေးကွက် ယှဉ်ပြိုင်နေရသည်။ အိန္ဒိယဈေးကွက်တွင် မိုဇမ်ဘစ်ပဲစင်းငုံ CNF ဈေးက တစ်တန် ဒေါ်လာ ၆၄၀/၇၃၅ မှ ၆၃၀/၇၂၀ သို့ ဈေးပြောင်းသည်။ မြန်မာပဲစင်းငုံက (၂၀၂၅ crop) တစ်တန် ဒေါ်လာ ၉၀၀ မှ ၈၈၀၊ ပဲစင်းငုံ (၂၀၂၆ crop) တစ်တန် ဒေါ်လာ ၉၂၀ မှ ၉၀၀ သို့ ဈေးပြောင်းသွားသည်။ ဆူဒန်ပဲစင်းငုံ တစ်တန် ဒေါ်လာ ၉၁၅ မှ ၉၁၀ သို့ ဈေးပြောင်းသွားသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ (နီ) ဈေးကျသကဲ့သို့ မြန်မာဈေးကွက်တွင်လည်း ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးအနည်းငယ်ကျသည်။ ပဲစင်းငုံ (နီ) (၂၀၂၅-၂၆ crop) တစ်တန် ဒေါ်လာ ၈၆၀/၈၇၀ မှ ၈၅၀/၈၆၀ သို့ ဈေးပြောင်းသွားသည်။ ပဲစင်းငုံ (၂၀၂၄-၂၅ crop) တစ်တန် ဒေါ်လာ ၈၂၀/၈၃၀ ဖြင့် ဈေးငြိမ်နေသည်။
ရန်ကုန်ဈေးကွက်တွင်လည်း ပဲစင်းငုံ ပြည်တွင်းဈေးက ပဲစင်းငုံ (၂၀၂၅- ၂၆) တစ်တန် ကျပ် ၃၂ သိန်းမှ ၃,၁၆၈,၀၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ (နီ) သစ်က တစ်တန် ကျပ် ၃,၀၉၀,၀၀၀ ကျော်မှ ၃,၀၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ပြောင်းဈေးထပ်မံမြင့်တက်
ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းအဝယ်စတင်ပြီးနောက် ဈေးနှုန်းမြင့်တက်လာသည့် မြန်မာပြောင်းက ယခုရက်သတ္တပတ်တွင် တစ်ပိဿာ ကျပ် ၁,၅၀၀ အထက်ကို ထပ်မံမြင့်တက်သည်။ ပြီးခဲ့သည့်နှစ် ဈေးနှုန်းကို မမီသေးသော်လည်း လက်ရှိဈေးမြင့်တက်လာမှုက မကြာမီ အသစ်ပေါ်မည့် ဧရာဝတီတိုင်းမှ ပြောင်းစိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်သည်။ လက်ရှိ ရှမ်းပြည်မှ ပြောင်းများက စိုက်ပျိုးသူလယ်သမားလက်ထဲတွင် အကျန်နည်းနေပြီး သိုလှောင်သူများ လက်ထဲတွင်သာ ကျန်ရှိနေသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက ပြည်ပရောင်းချသည့် FOB ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေး အနည်းငယ်တက်လာသည်။ပြောင်း FOB ဈေးက တစ်တန် ဒေါ်လာ ၂၄၀/၂၅၀ တွင် ငြိမ်နေပြီး ပြည်တွင်းပြောင်းဈေး တစ်ပိဿာ ကျပ် ၁,၅၀၀/၁,၅၂၀ မှ၁,၅၂၀/၁,၅၄၀ သို့ ဈေးဆက်လက်မြင့်တက်သည်။ မန္တလေးဈေးကွက်တွင်လည်း ပြောင်းဈေးက အမျိုးအစားအလိုက် ဈေးမြင့်တက်သည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်း တစ်တန် ကျပ် ၈၅၀,၀၀၀ ကျော်မှ ၈၆၀,၀၀၀ ကျော်၊ CP ပြောင်း (သစ်) တစ်တန် ကျပ် ၈၆၀,၀၀၀ ကျော်မှ ၈၇၃,၀၀၀ ကျော်သို့ ဈေးပြောင်းသွားပြီး ထွက်တိုး (ပြောင်း) နီ တစ်တန် ကျပ် ၈၆၆,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
နှမ်းဈေးအပြောင်းအလဲ
ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းက ယခုရက်သတ္တပတ်တွင် အမျိုးအစားအလိုက် ဈေးအပြောင်းအလဲများ ရှိနေသည်။ တရုတ်ဈေးကွက်ကို အဓိကတင်ပို့နေသည့် နှမ်းနက် (စမုံ) က ဈေးငြိမ်နေသော်လည်း နှမ်းဖြူက ပြည်ပဈေးတက်ပြီး ပြည်တွင်းဈေးကျဆင်းသည်။ နှမ်းညိုက ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ မြင့်တက်လာသည်။
ရန်ကုန်ဈေးကွက်တွင် နှမ်းဖြူနှင့် နှမ်းညို FOB ဈေး တစ်တန် ဒေါ်လာ ၂၀ ဈေးမြင့်သွားသည်။ နှမ်းဖြူတစ်တန် ဒေါ်လာ ၁,၂၀၅/၁,၂၁၅ မှ ၁,၂၂၅/ ၁,၂၃၅ သို့ ဈေးပြောင်းပြီး နှမ်းညိုတစ်တန် ၁,၁၁၀/၁,၁၂၀ မှ ၁,၁၃၀/ ၁,၁၄၀ သို့ ဈေးပြောင်းသွားသည်။ နှမ်းနက် (စမုံ) က တစ်တန် ဒေါ်လာ ၂,၆၆၅/၂,၆၇၅ ဖြင့် ဈေးငြိမ်နေသည်။ ပြည်တွင်းဈေးကွက်တွင်လည်း နှမ်းဖြူ (ဂျပန်) တစ်တန် ကျပ် ၄,၄၉၀,၀၀၀ ကျော်မှ ၄,၃၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး နှမ်းနက် (စမုံ) က တစ်တန် ကျပ် ၁၀၃ သိန်းကျော်ဖြင့် ဈေးငြိမ်နေသည်။ နှမ်းညို (သစ်) က တစ်တန် ကျပ် ၄,၂၁၀,၀၀၀ ကျော်မှ ၄,၄၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
သီးနှံဈေးကွက်
Topic 2
ပြည်တွင်းသီးနှံဈေးကွက်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026