သင်္ကြန် ပိတ်ရက်နီးကပ်လာချိန် ပြည်ပသို့တင်ပို့နေသည့် လယ်ယာပို့ကုန်များ ဈေးအနည်းငယ်မြင့်တက်
မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် ပိတ်ရက်များနီးကပ်လာချိန် ပြည်ပသို့တင်ပို့နေသည့် လယ်ယာပို့ကုန်များ ဈေးအနည်းငယ်ထပ်မံမြင့်တက်လာသည်။
သယ်ယူပို့ဆောင်စရိတ် ကြီးမားသော်လည်းလည်း အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ဝယ်လိုအားမျှော်လင့်ချက်က မြန်မာ့လယ်ယာပို့ကုန်များအပေါ် သက်ရောက်မှုရှိနေသည်။
မတ်ပဲပြည်တွင်းဈေးအနည်းငယ်တက်လာ
အိန္ဒိယနိုင်ငံကို အဓိကထားရောင်းချနေသည့် မတ်ပဲက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးအနည်းငယ်တက်သော်လည်း ပြည်ပရောင်းချသည့် FOBဈေး ငြိမ်နေသည်။ ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲဈေးက တည်ငြိမ်လုနီးပါးအခြေအနေတွင်ရှိနေသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF(cost and freight in shipping ကုန်ကျစရိတ်နှင့် ကုန်စည်ပို့ဆောင်စရိတ်အပါ) တစ်တန်ဈေးမတ်ပဲ FAQ တစ်တန် အမေရိကန်ဒေါ်လာ ၈၅၀ မှ ၈၅၅၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၄၅ မှ ၉၅၀ သို့ဈေးအနည်းငယ်သာပြောင်းလဲမှုရှိသည်။
မြန်မာနိုင်ငံဈေးကွက်တွင်လည်း မတ်ပဲ FOBဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၇၉၀/၈၀၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၈၈၅/၈၉၅ ဖြင့် ဈေးငြိမ်နေသည်။
ယခုရက်သတ္တပတ် မတ်ပဲပြည်တွင်းဈေးက မတ်ပဲ FAQ တစ်တန် ကျပ် ၃,၁၄၃,၀၀၀ မှ ၃,၁၇၅,၀၀၀ သို့ဈေးတက်ပြီး ၃,၁၆၉,၀၀၀ သို့ဈေးပြန်ပြောင်းသွားသည်။ မတ်ပဲ SQ တစ်တန်ကျပ် ၃,၄၈၅,၀၀၀ မှ ၃,၅၂၅,၀၀၀ သို့ဈေးတက်ပြီး ၃,၅၁၀,၀၀၀ သို့ဈေးပြောင်းသွားသည်။
ပဲစင်းငုံ ဈေးငြိမ်လာ
အိန္ဒိယဈေးကွက်ကို အဓိကတင်ပို့နေသည့် ပဲစင်းငုံက ယခုရက်သတ္တပတ်တွင် ပြည်တွင်းအနည်းငယ် အပြောင်းအလဲ ရှိသော်လည်း ပြည်ပ FOB ဈေး တည်ငြိမ်နေသည်။
အိန္ဒိယဈေးကွက်တွင်လည်း မြန်မာပဲစင်းငုံဈေးအပါအဝင် အာဖရိကပဲစင်းငုံများဈေးငြိမ်နေသည်။ မြန်မာပဲစင်းငုံ CNFဈေးက ပဲစင်းငုံ 2025 တစ်တန် ဒေါ်လာ ၈၃၀ ဖြင့် ဈေးငြိမ်နေပြီး ပဲစင်းငုံ ၂၀၂၆ တစ်တန် ဒေါ်လာ ၈၄၅ မှ ၈၅၀ သို့ဈေးအနည်းငယ်ပြောင်းသည်။
မြန်မာဈေးကွက်တွင်လည်း ပဲစင်းငုံ (နီ) FOBဈေးက ပဲစင်းငုံ 2025 တစ်တန် ဒေါ်လာ ၇၆၀/၇၇၀၊ ပဲစင်းငုံ 2026 တစ်တန် ဒေါ်လာ ၇၈၀/၇၉၀ ဖြင့် ဈေးငြိမ်နေသည်။
ထို့ပြင် ပဲစင်းငုံ (နီ) ပြည်တွင်းဈေးက တစ်တန်ကျပ် ၃,၁၃၀,၀၀၀ မှ ၃,၁၆၅,၀၀၀ သို့ဈေးမြင့်ပြီး ၃,၁၅၀,၀၀၀ သို့ ဈေးပြန်ပြောင်းသည်။
မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်က တစ်တန် ကျပ် ၂၉ သိန်းကျော်ဖြင့် ဈေးငြိမ်နေသည်။

ပဲတီစိမ်းဈေးထပ်မြင့်တက်
တရုတ်ဝယ်လိုအားမျှော်လင့်ချက်ကောင်းနေသည့် ပဲတီစိမ်းက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပ FOB ဈေးလည်းထပ်မံမြင့်တက်လာသည်။
ဆောင်းရာသီအဓိကစိုက်ပျိုးသည့် ပဲတီစိမ်းက အသစ်စတင်ပေါ်ချိန် ဈေးကျမှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဈေးဆက်တိုက်မြင့်တက်လာသည်။
ယခုရက်သတ္တပတ် ပဲတီစိမ်းပြည်ပရောင်းချသည့် FOBဈေးက တစ်တန်ဒေါ်လာ ၂၀ ဈေးတက်လာသည်။ ပဲတီစိမ်း (အညာ) FAQ တစ်တန် ဒေါ်လာ ၉၀၀ - ၉၁၀ မှ ၉၂၀ - ၉၃၀၊ ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန် ဒေါ်လာ ၁,၀၀၀ - ၁,၀၁၀ မှ ၁,၀၂၀ - ၁,၀၃၀ သို့ဈေးပြောင်းသွားသည်။
ပဲတီစိမ်းပြည်တွင်းဈေးကလည်း ပဲတီစိမ်း (အညာ) တစ်ပိဿာ ကျပ် ၅,၅၈၀ - ၅,၆၀၀ မှ ၅,၈၃၀ - ၅,၈၅၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာ ကျပ် ၆,၄၁၅ မှ ၆,၆၆၅ သို့ဈေးပြောင်းသွားသည်။ သို့သော် ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာ ကျပ် ၅,၈၃၀ - ၅,၈၅၀ ဖြင့်ဈေးငြိမ်နေသည်။
မန္တလေးဈေးကွက်တွင်လည်း ပဲတီစိမ်း (အညာ) သစ်က တစ်တန် ကျပ် ၃,၃၇၀,၀၀၀ ကျော်ဖြင့်ဈေးငြိမ်နေသည်။
ပြောင်းဈေးထပ်မံမြင့်တက်
မြဝတီအာရှလမ်းဖွင့်လှစ်မှုနှင့်အတူ ထိုင်းနိုင်ငံသို့ ကုန်းလမ်းခရီးဖြင့် ပြောင်းတင်ပို့မှု တိုးလာနိုင်သော မျှော်လင့်ချက်က ပြည်တွင်းပြောင်းဈေးသာမက FOB ဈေးပါ လိုက်ပါမြင့်တက်လာသည်။
ယခုရက်သတ္တပတ် ပြည်ပရောင်းချသည့် ပြောင်း FOB ဈေးက ပြောင်းတစ်တန်ဒေါ်လာ ၂၅၀ - ၂၆၀ မှ ၂၅၅ - ၂၆၅ သို့ဈေးပြောင်းသွားသည်။
ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းပြောင်းဈေးက တစ်ပိဿာ ကျပ် ၁,၆၀၀ - ၁,၆၂၀ မှ ၁,၆၅၀ - ၁,၆၇၀ သို့ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ဧပြီ ၇ ရက်အထိ ရှမ်းပြောင်းတစ်တန် ကျပ် ၈၁၀,၀၀၀ ကျော်၊ CP ပြောင်းသစ်တစ်တန် ကျပ် ၈၃၉,၀၀၀ ကျော်ဈေးဖွင့်သည်။
မြေပဲပြည်တွင်းဈေးပြန်ကျ
ပြည်ပဝယ်လိုအားနှင့် ပြည်တွင်းဆီစက်များအပါအဝင် လုပ်ငန်းသုံးရန် ဝယ်ယူမှုများကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်အထိ ဈေးမြင့်တက်ခဲ့သောမြေပဲက ယခုရက်သတ္တပတ်တွင် ဈေးပြန်ကျဆင်းသည်။
မြေပဲပြည်တွင်းဈေးကျသော်လည်း ပြည်ပရောင်းချသည့် FOB ဈေးငြိမ်နေသည်။ မြေပဲ (လုံးဆန်) ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန် ဒေါ်လာ ၁,၈၀၅ - ၁,၈၁၅ ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းဈေးကွက်တွင် မြေပဲဈေးက ကျဆင်းနေပြီး မန္တလေးဈေးကွက်တွင် ဧပြီ ၇ ရက်မြေပဲဈေးက မြေပဲ S1 (လုံးဆံ) တစ်တန် ကျပ် ၇,၈၃၀,၀၀၀ ကျော်မှ ၇,၃၄၀,၀၀၀ ကျော်၊ မြေပဲအနီ (လုံးဆံ) တစ်တန် ကျပ် ၇,၁၆၀,၀၀၀ ကျော်မှ ၇,၀၄၀,၀၀၀ ကျော်၊ မြေပဲအနီ (ဆီဆံ) တစ်တန်ကျပ် ၆,၇၃၀,၀၀၀ ကျော်မှ ၆,၆၁၀,၀၀၀ ကျော်သို့ဈေးပြောင်းသွားသည်။ မြေပဲအနီ (လုံးဆံ) က တစ်တန် ကျပ် ၇,၀၄၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Topic 2
သီးနှံဈေးကွက်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....