Green Way
ထောပတ်သီးရာသီတွင် ပြည်ပသို့ တန်ချိန် ၁၀,၀၀၀ ဝန်းကျင် တင်ပို့နိုင်ခဲ့

ထောပတ်သီးရာသီတွင် ပြည်ပသို့ တန်ချိန် ၁၀,၀၀၀ ဝန်းကျင် တင်ပို့နိုင်ခဲ့

AMIA
AMIA 12/03/2026

 

ယခုနှစ်တွင် ပြည်ပသို့ ထောပတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် ၁၀,၀၀၀ အထိ တိုးမြှင့်တင်ပို့နိုင်သည့် အခြေအနေရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ပြည်ပဈေးကွက်သို့ ထောပတ်သီးတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံတစ်ခုတည်းသို့သာ အဓိကတင်ပို့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့်အထဲမှ Hass အမျိုးအစား ထောပတ်သီးကို တင်ပို့ရောင်းချခြင်းဖြစ်သည်ဟု သိရသည်။

ယခင်နှစ်က ပြည်ပသို့ ထောပတ်သီး တန်ချိန် ၈,၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂,၀၀၀ ခန့် တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

"စီးပွားကူးသန်းဌာနက ခန့်မှန်းတာကတော့ ဒီနှစ် တန် ၁၀,၀၀၀ လောက် ပို့နိုင်တဲ့အခြေအနေ ရှိတယ်။ အရင်နှစ်ထက် ပိုတိုးပို့နိုင်တာပေါ့။ စာရင်းအတိအကျကတော့ ဒီလကုန်လောက်မှ သိရမယ်" ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဝင် တစ်ဦးက ပြောသည်။

ယခုနှစ် ထိုင်းဈေးကွက်တွင် ထောပတ်သီး တစ်ကီလိုလျှင် အရည်အသွေးနှင့် အလုံးအရွယ်အစားပေါ် မူတည်၍ ၅၀ ဘတ်မှ ၈၀ ဘတ်အတွင်း ဈေးနှုန်းရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ Hass အမျိုးအစား ထောပတ်သီး ရာသီချိန် ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုလည်း ရပ်နားသွားပြီဖြစ်သည်။

"အခုက Hass ထောပတ်သီးလည်း ကုန်ပြီ၊ မရှိတော့ဘူး။ ဒေသသီးတွေပဲ ရှိတော့တယ်။ ဒီနှစ်ဈေးကွက်ကတော့ အရှုံးအမြတ် မျှရင်းနဲ့ပဲ ပြီးသွားတာပါပဲ" ဟု ကုန်သည်တစ်ဦးက ဆိုသည်။

ပြည်တွင်း၌ ထောပတ်သီး အထွက်နှုန်းကောင်းသော်လည်း အရည်အသွေး ကောင်းမွန်သည့်အသီး နည်းပါးသောကြောင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမျိုးစပ်ဖြစ်သည့် Hass အမျိုးအစား ထောပတ်သီးကို တင်သွင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပြည်ပသို့လည်း အဆိုပါအမျိုးအစားကိုသာ အဓိက တင်ပို့နေခြင်းဖြစ်သည်။

ယခင်က ထောပတ်သီးကို ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့မှုရှိခဲ့သော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံတစ်ခုတည်းသို့သာ တင်ပို့နိုင်သည့် အခြေအနေဖြစ်နေသည်။

ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအနေဖြင့် ဖျော်ရည်လုပ်ငန်းများတွင်သာ အဓိကသုံးစွဲကြပြီး အခြားတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်မှုနှင့် စားသုံးမှု နည်းပါးနေသေးသည့်အတွက် ပြည်ပဈေးကွက်ကိုသာ အဓိက အားထားနေရခြင်းဖြစ်ကြောင်း သိရသည်။

ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံနှင့် လွိုင်လင်မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်များတွင်လည်းကောင်း အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

3
U Maung Maung Htwe

U Maung Maung Htwe

4 months ago

သူတွေကထောပါတ်သီးအရည်အသွေးကောင်းတစ်မျိုးထဲကိုလိုချင်လို့ပါအရင်ကတရုပ်ကသောင်းပြောင်းကိုဇျေးနှိမ်ဝယ်ပြီးအလုံးအရွယ်အစားတူကိုရွေးချယ်ပြီးနိုင်ငံခြားကိုဇျေးကောင်းနဲ့မြန်မာ့ထောပါတ်သီးကိုပြန်ရောင်းတာHaas ကအလုံးသေးတယ်မြန်မာမျိးကအရွယ်အစားအမျိုးမျိုးရနိုင်တယ်ရွေးချယ်ထားတဲ့အထဲကတန်နဲ့ရအောင်မျိုူပွားပါHaas တုံးသွာူရင်ပိုဇျေးကောင်းရမှာသေချာတယ်

U Maung Maung Htwe

U Maung Maung Htwe

4 months ago

ကမ္ဘာကျော်မျိုးနံမည်ရပြီးဖြစ်၍ ထောပတ်သီးတစ်မျိးထဲက်ုတန်နဲ့ဝယ်လို့ရလို့ယိုးဒယားကဇျေးကောင်ူပေးပြီးဝယ်တာပါမြန်မာ့ထောပတ်သီးများကိုစားဘူးတဲ့နိုင်ငံခြားသားများကအရသာသီပ်ကောင်ူကြောင်းချီးမွမ်းပြောဆိုကြပါတယ်မြန်မာ့ထောပတ်သီးထောင်ကြော်မျိုးထဲကနိုင်ငံတကာထောပတ်သီးမျိုးကောင်းမျိုးသန့်ရွေးချယ်နီးအတိုင်းရှမ်းနဲ့ချင်းထောပတ်သီးထဲက ၂၂ မျိုးရွေးချယ်သတ်မှတ်ပေးထားတဲ့မျိုးများကို တစ်မျိုးချင်းကိုတန်နဲ့ရအောင်မျိုးပွားပြီးရောင်းနိုင်လုပ်ရင် Haasတောင်ရှုံသွားနိုင်တယ်အဓိကရောင်းသူ​ေကေဝယ်တဲ့

U Maung Maung Htwe

U Maung Maung Htwe

4 months ago

Haas ထောပါတ်သီးကကာလီဖိုးနီးယားအမေရီးကားက ၂၀၁၇ ဒီဇင်ဘာ ၂၀၁၈ ဇန္န်ဝါရီလကမှရှမ်းနဲ့ချင်းတောင်မှာထောပတ်သီးပြပွဲပြိုင်ပွဲပြုလုပ်ပြီးတင်သွင်းပေးပြီးလက်ရှိမျိုးများကိုအောက်ခံပင်ပေါ်ကိုင်းဆက်မျိုးပွားထားလို့နှစ်နှစ်ခွဲလောက်နဲ့အသီးစသီးလာတယ်Haasမျိုးကကာလီဖိုးနီးယားမှာလွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်ထဲကရွေးချယ်ထားသောမျိုးဖြစ်ပြီးငမ္ဘာကျော်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....