ပြည်ပသို့ ဆန်/ဆန်ကွဲ တင်ပို့မှု မြင့်တက်လာသော်လည်း ပို့ကုန်ရငွေ ဒေါ်လာ သန်း ၂၆၀ ကျော် လျော့ကျ
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုပမာဏ ၂.၇၄ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ၏ စာရင်းများအရ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထက် တင်ပို့မှုပမာဏ ၂ သိန်းခွဲကျော် မြင့်တက်လာသော်လည်း၊ ပို့ကုန်ရငွေအပိုင်းတွင်မူ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် လျော့ကျခဲ့ခြင်း ဖြစ်သည်။ နှိုင်းယှဉ်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန် ကွဲ တန်ချိန် ၂,၄၈၇,၃၉၁ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၁၂၉ သန်းအထိ ရရှိခဲ့ဖူးသည်။
"ယခုနှစ် ပြည်ပဆန်ဈေးကွက် မကောင်းတော့ ပို့ကုန်ရငွေပိုင်း လျော့သွားတဲ့သဘောပါ။ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုကတော့ မြင့်လာပေမဲ့ နိုင်ငံခြားငွေ ရရှိမှု လျော့နည်းသွားတော့ အားလုံး နစ်နာတာပေါ့။ နိုင်ငံတကာဈေး ကျဆင်းတော့ ပြည်တွင်းမှာလည်း ဈေးမြှင့်ဝယ်လို့ မရဘူး။ အဲဒီတော့ တောင်သူတွေ ဈေးကောင်းမရတဲ့ အခြေအနေမျိုး ဖြစ်သွားတာပါ" ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အလားတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ရန် လျာထားခဲ့သော်လည်း လျာထားချက်ကို ပြည့်မီနိုင်ခြင်း မရှိခဲ့ပေ။
လစဉ် တင်ပို့မှုအခြေအနေအရ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တင်ပို့ပြီး ဒေါ်လာ ၉၁ သန်း ရရှိခဲ့သည်။ နိုဝင်ဘာလတွင်လည်း တန်ချိန် ၂၆၃,၈၁၅ ကျော် (မေလထက် ပိုမိုတင်ပို့ခဲ့သော်လည်း) ဒေါ်လာ ၇၆ သန်းသာ ရရှိခဲ့သည်ကို တွေ့ရသည်။
"ပြီးခဲ့တဲ့နှစ် ဧပြီကနေ ဩဂုတ်လလောက်အထိ ပြည်ပဈေးကွက် ကောင်းခဲ့တယ်။ အဲဒီနောက်ပိုင်း ဈေးပြန်ကျလာတာ အခုထိပါပဲ။ မေလနဲ့ နိုဝင်ဘာလ တင်ပို့မှုကို ယှဉ်ကြည့်ရင် တန်ချိန်ချင်း တူသလောက်ရှိပေမဲ့ ရငွေမှာ ဒေါ်လာ ၁၅ သန်းလောက် ကွာဟနေတာ တွေ့ရတယ်" ဟု MRF အဖွဲ့ဝင် ဆန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိ ပြည်တွင်းဈေးကွက်တွင် ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများမှာ ဈေးနှုန်းအတက်အကျ မရှိသလောက် ဖြစ်နေသော်လည်း၊ ပြည်တွင်းစားသုံးသည့် ဆန်အမျိုးအစားများမှာမူ တစ်အိတ်လျှင် (၂၄ ပြည်ဝင်) ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ခန့်အထိ မြင့်တက်နေကြောင်း သိရသည်။
မစံပယ်(AMIA)
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးဈေးကွက် အချိတ်အဆက်
Topic 2
ပြည်တွင်းသီးနှံဈေးကွက်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....