ကြံပင်ရင့်မှည့်မှုအခြေအနေကို မခုတ်သိမ်းမီစစ်ဆေးခြင်း
ကောက်နှံပင်များရင့်မှည့်လျှင် အနှံများငိုက်လာခြင်း၊ သစ်သီးပင်များခူးဆွတ်ချိန်ရောက်လျှင် အမှည့်တဝင်းဝင်းဖြစ်လာခြင်းကို ပေါ်လွင်ထင်ရှားစွာ ပြသကြပါသည်။ ကြံပင်များရင့်မှည့်မှုကို သိရှိရန်အတွက် ကြံချောင်းကို ချိုးစုပ်ကြည့်ပါဟု ဆိုလာပါလျှင် အလွယ်ပြောရာရောက်ပါမည်။
ကြံချောင်းထဲ၌ ရေဓာတ် ၈၀ ရာခိုင်နှုန်းကျော်ပါဝင်၍ သကြားဓာတ်အပြင် အခြားသတ္ထုဓာတ်ဆားများ ပျော်ဝင်နေသဖြင့် အချိုဒီဂရီတိုင်းတာသောကိရိယာဖြင့်သာ ကြံပင်၏ရင့်မှည့်မှုအခြေအနေကို တိတိကျကျပြောနိုင်ပါသည်။
မျက်မြင်အားဖြင့်ကြံပင်ရင့်မှည့်ချိန်တွင် တစ်ပင်လုံးစိမ်းဖျော့ရောင်မှ အဝါရောင်သန်းလာသည်။ ကြံပင် သည် ဆက်၍ရှည်မလာတော့ပေ။ ကြီးထွားမှုရပ်၍ ကြံဆစ်၏မျက်လုံးဖူးများ ဖူးရောင်လာမည်။ ရီဖရက်တိုမီတာ (Refractometer) ခေါ် အချိုဒီဂရီတိုင်းကိရိယာကို ကွင်းဆင်းစစ်ဆေးသူများ အလွယ်တကူ လက်ကိုင်သုံးစွဲနိုင်သည်။ ဤကိရိယာဖြင့် ကြံပင်၏ရင့်မှည့်မှုကို စစ်ဆေးနိုင်ပါသည်။
အချိုဒီဂရီပြည့်ဝ၍ ရင့်မှည့်သောကြံကို အချိန်မီခုတ်သိမ်းပြီး ကြိတ်ဝါးနိုင်လျှင် သကြားစက်ရုံအဖို့ သကြားထွက်ရာခိုင်နှုန်း အမြင့်ဆုံးရနိုင်သည်။ ထို့ကြောင့်ရင့်မှည့်သောကြံကို ခုတ်သိမ်းနိုင်ရေးသည် စက်ရုံအတွက်အကျိုးဖြစ်ထွန်းလှသဖြင့် မခုတ်သိမ်းမီ တစ်လအလိုတွင် ကြံပင်ရင့်မှည့်မှုဒီဂရီကို စစ်ဆေးခြင်း (Maturity Testing ) သည် အထူးလိုအပ်သည်။
မြန်မာနိုင်ငံသည် စက်သွင်းကြံ၏ကြံအလေးချိန်ပေါ် မူတည်၍ ကြံဝယ်ဈေးနှုန်းအား သတ်မှတ်ပေးချေသောစနစ်ကို နှစ်ကာလကြာရှည်စွာ ကျင့်သုံးနေဆဲဖြစ်ပါသည်။ ကြံ၏သကြားဓာတ်ပါဝင်မှုအပေါ်မူတည်၍ ကြံဝယ်ဈေးကို သတ်မှတ်ခြင်းမဟုတ်ပေ။ ထို့ကြောင့် ကြံတောင်သူအဖို့ ကြံပင်ရင့်မှည့်မှုရှိမရှိကို စစ်ဆေးပြီးမှ ရင့်မှည့်သောကြံကို ဦးစားပေးခုတ်သိမ်းရန် စိတ်မဝင်စားကြပေ။ ကြီးထွားမှုကောင်းနေသော အချိန်စီးသည့် ကြံချောင်းများကိုသာ ခုတ်သိမ်း ပေးသွင်းလိုစိတ် ရှိကြသည်။
ကြံပင်ရုံများမှနောက်မှထွက်လာသော တန်ဆောင်မုန်းစို့ သားတက်များကိုပါ ထည့်၍ စက်သွင်းကြံအဖြစ် ပေးသွင်းလျှင် ကြံတောင်သူအတွက် အချိန်ပိုစီး၍ ငွေပိုရမည်။ သို့သော်သကြားစက်များအတွက် သကြားအထွက် ယုတ်လျော့ကျဆင်းစေမည်။
သကြားဓာတ်ပါဝင်မှုမြင့်မား၍ ရင့်မှည့်သောကြံချောင်းများကို ခုတ်သိမ်းပေးသွင်းနိုင်ရေးစနစ်ကို ကြံဝယ်ယူရေး၌ ကျင့်သုံးလျှင် သတ်မှတ်ကြမ်းခင်းဈေးပေါ်မှ သကြားဓာတ်ပါဝင်မှုများလျှင်များသလို ကြံဈေးကို တိုးမြှင့်ပေးရန်ဖြစ်သည်။
ထိုစနစ်ကိုကျင့်သုံးပါက သကြားဓာတ်ပါဝင်မှုများသောကြံများကို စက်ရုံသို့ပေးသွင်းနိုင်လေလေ ကြံတောင်သူလည်း ပိုက်ဆံပိုရ၍ သကြားစက်လည်း သကြားထွက်နှုန်း ပိုကောင်းကာ တွက်ခြေကိုက်လာနိုင်ပါသည်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့် ပြောရလျှင် သကြားစက်လောက၏ ယှဉ်ပြိုင်မှုစွမ်းအား မြင့်မားလာကာ ကမ္ဘာ့ဈေးကွက်၌ ထိုးဖေါက်အား ပိုကောင်းလာနိုင်သည်။
သို့သော် သကြားဓာတ်ပါဝင်မှုပေါ်အခြေခံသော ကြံဝယ်ယူရေးစနစ်ကို ကျင့်သုံးနိုင်ရန် သကြားစက်အဖို့ ကြံအရည်အသွေးစစ်ဆေးနိုင်သည့် နည်းစနစ်၊ ကြံနမူနာယူသောစက်ကိရိယာနှင့် သကြားဓာတ်ခွဲခြင်းကို လျင်မြန်စွာ ဆောင်ရွက်နိုင်သော ဓာတ်ခွဲခန်းစနစ်ကို ထူထောင်ထားရန် လိုအပ်ပါမည်။ ဤအချက်သည် ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များစွာထဲအနက် တစ်ခုအပါအဝင်ဖြစ်သည်။
သကြားဓာတ်ပါဝင်မှုမြင့်မားခြင်းနှင့်ရင့်မှည့်ခြင်းသည် မတူပေ။ သကြားဓာတ်ပါဝင်မှု မြင့်မားခြင်းသည် ကြံမျိုးအလိုက် မတူကွဲပြားခြားနားသည်။ ရင့်မှည့်မှုဆိုသည်ကား ကြံပင်၏အရင်းပိုင်းရှိ သကြားဓာတ်ပါဝင်မှုသည် အဖျားပိုင်းရှိသကြားဓာတ်ပါဝင်မှုနှင့် တူညီစွာဆိုက်ရောက်လာသောအခြေအနေကို ဆိုလိုသည်။ (ပုံ-၁ နှင့် ပုံ-၃) ကြံမျိုးတစ်မျိုး၏ ရှိရင်းစွဲသကြားဓာတ်ပါဝင်မှု အမြင့်ဆုံးကို ရောက်သောအချိန်ဟုလည်း ဆိုနိုင်သည်။ ထိုအချိန်တွင် ကြံကို ခုတ်သိမ်းကြိတ်ဝါးနိုင်ပါက သကြားထွက်နှုန်း အများဆုံးကို ရပေမည်။


ကြံပင်ရင့်မှည့်မှုကို တိုင်းတာစစ်ဆေးသောနည်းလမ်း (၅) မျိုးကို ဖော်ပြပါမည်။ ပထမနည်းမှာ လက်ကိုင်အချိုဒီဂရီတိုင်းကိရိယာ (ပုံ-၂) ဖြင့်ကြံပင်၏ အရင်းနှင့်အဖျားကို စူးဖြင့်ထိုး၍ ရလာသော ကြံရည်ကို အချိုဒီဂရီတိုင်းကိရိယာပေါ်တင်ပါက အချိုဒီဂရီ (Brix) မည်မျှရောက်သည်ကို သိရှိနိုင်ပါသည်။

ဉပမာ-ကြံပင်အရင်းပိုင်း၏အချိုဒီဂရီသည် (၂၀) ဖြစ်၍ ကြံပင်အဖျားပိုင်းသည်လည်း အချိုဒီဂရီ (၂၀) သို့ ရောက်လျှင် အဖျားပိုင်း / အရင်းပိုင်း အချိုး( Top/Bottom Ratio) (တစ်) ဖြစ်လာ၍ ရင့်မှည့်မှု အပြည့်အဝ ရောက်ပြီဟုဆိုနိုင်သည်။ ဤနည်းသည် လွယ်ကူသည်။ ရိုးရှင်းသည်။ စရိတ်ကျဉ်းသည်။ တစ်ကွင်းလုံး ဧရိယာတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်သည်။
ကြံပင်၏ သကြားဓာတ် (Sucrose) ပါဝင်မှုကိုအတိအကျသိလိုလျှင် သကြားဓာတ်ခွဲခန်း၌ ပိုလာရီမီတာကိရိယာပေါ်တွင် သန့်စင်ထားသော ကြံရည်ကိုတိုင်းတာကြည့်ရှုရပါမည်။ ဒုတိယနည်း ရီဖရက်တိုမီတာဖြင့် တိုင်းတာသောအချိုဒီဂရီ (Brix) က ကြံရည်ထဲ၌ Sucrose သကြားဓာတ်အပြင် အခြား သတ္ထုဓာတ်ဆားများ ပါဝင်၍ Sucrose ပါဝင်မှုကို ပထမနည်းက အတိအကျမရနိုင်ပေ။
တတိယနည်းမှာ ကြံရည်ထဲရှိ ဓာတ်ပျက်သကြား (Reducing Sugar) ပါဝင်မှုကို သကြားဓာတ်ခွဲခန်း၌ ဓာတ်ခွဲတိုင်းတာရပါသည်။ ရင့်မှည့်လာသောကြံပင်သည် ဓာတ်ပျက်သကြားပါဝင်မှု ၀.၀၁ ရာခိုင်နှုန်းထက် လျော့နည်းပါဝင်ရပါမည်။
စတုတ္ထနည်းမှာ ကြံပင်၏ထိပ်ဖျားတွင် အပေါ်ဆုံးအရွက် (နံပါတ် ၁) မှ စတင်ရေတွက်လျှင် (၈) ရွက်မြောက်နှင့် (၁၀) ရွက်မြောက်အရွက် တွယ်ကပ်နေသောကြံဆစ် (၃)ဆစ် (၈-၁၀) ၏အစိုဓာတ်ပါဝင်မှုကို စစ်ဆေးကြည့်လျှင် အစိုဓာတ် ၇၀% မှ ၇၄% ကိုတွေ့ရလျှင် ကြံပင်ရင့်မှည့်ပြီဟု ဆိုနိုင်သည်။
ပဉ္စမနည်းမှာ နေ့စဉ်အပူချိန်မှ Day-Degree (DD) ကို တွက်ယူပါသည်။ ကြံပင်အတွက် ထိလွယ်ရှလွယ်သော အပူချိန်အမှတ်မှာ ၇၀ ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ နေ့စဉ်ပျှမ်းမျှ အပူချိန်နှင့် ၇၀ ဒီဂရီ ဖာရင်ဟိုက်ကို ခြားနား၍ ခြားနားချက်များကို ၂ ပတ်တစ်ခါပေါင်းပြီး ကြံပင်ခုတ်သိမ်းကာလ ၅ လအတွင်း Day-Degree (DD) တန်ဖိုးကို ၂ ပတ်တစ်ခါ သကြားဓာတ်ပါဝင်နေမှုနှင့် ဆက်စပ်ညီမျှခြင်းရှာပါသည်။ Day-Degree တန်ဖိုးနည်းလာသည်နှင့်အမျှ ကြံပင်၏သကြားဓာတ်ပါဝင်မှုမြင့်မားလာပေရာ တွက်ချက်ထားသောညီမျှခြင်းဖြင့် သကြားဓာတ်ပါဝင်မှုအမြင့်ဆုံးအချိန်ကို တွက်ချက်ခန့်မှန်းနိုင်ပါသည်။
မိုးရေချိန်သည်သကြားဓာတ်ပါဝင်မှုကို ကျဆင်းစေ၍ မိုးရေချိန်ကိုလည်း စစ်ဆေးကြည့်ရန်လိုသည်။ ဤနည်းကို ဒေသတစ်ခုတွင် တစ်နှစ်အတွက်ဆောင်ရွက်ထားလျှင် နောင် ၆ နှစ် ၇ နှစ်စာရင့်မှည့်မှု ခန့်မှန်းချက်ကို သကြားစက်ရုံနယ်မြေတစ်ခုအတွက် ခန့်မှန်းချက်ထုတ်ပေးနိုင်ပါသည်။
လမိုင်းကြံခင်းများသည် ခင်းသစ်ထက် ၂ ပတ် ၃ ပတ်ထက်စော၍ ရင့်မှည့်သည်။ ရင့်မှည့်ချိန်ကာလသည် ကြံမျိုးပြားအလိုက် ကွာခြားပါသည်။ ရင့်မှည့်မှုစစ်ဆေးခြင်းလုပ်ဆောင်ရန် အောက်ပါပုံများကိုကြည့်ရှု၍ ဆောင်ရွက်နိုင်ပါသည်။ သကြားစက်ရုံအလိုက် လက်ရှိစိုက်ပျိုးနေသော ကြံမျိုးပြားများ၏ ကြံအရည်အသွေးနှင့် ရင့်မှည့်မှုကို စစ်ဆေးတန်ဖိုးဖြတ်လိုပါက စိုက်ပျိုးရေးသိပ္ပံပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ (၁၉၈၅) ခုနှစ်၌ တင်သွင်းခဲ့သော ကျွန်တော်၏စာတမ်းတွင်အသေးစိတ်ဖတ်ရှု၍ မှီငြမ်းဆောင်ရွက်နိုင်ပါသည်။
စံသိန်း(စိုက်ပျိုးရေး)
နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၂
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
mr.k
3 years agoကြံအဆစ်မတိုအောင်ဘယ်လိုလုပ်ရလဲဗျ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from U San Thein (Agri)
See all
EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
26/03/2025
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း
22/03/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023