ဟင်းစားပဲပုပ် စိုက်ပျိုးနည်း
ဟင်းသီးဟင်းရွက်အဖြစ် စားသုံး၍ရသော ပဲပုပ်တစ်မျိုးသည် ယခုအခါစားသုံးမှု လျင်မြန်စွာတိုးတက်လာပြီး ကိုရီးယား၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် စားသုံးမှုများလာသည်။ အစိမ်းရောင်အခွံနှင့် ပဲသီးထောင့်ကို အစာပြေသရေစာအဖြစ် လည်းကောင်း အာဟာရဓာတ်ပြည့်ဝပြီး အရသာရှိသော ဟင်းအဖြစ်လည်းကောင်း ချက်ပြုတ်စားသောက်ကြသည်
အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများရှိ နိုင်ငံများစွာတွင် ပဲပုပ်ကို အစေ့အခြောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့ကြသည့်အတွက် ဟင်းစားပဲပုပ်ကိုလည်း အဆင့်သင့် လက်ခံစိုက်ပျိုးလာကြခြင်းဖြစ်သည်။
ဟင်းစားပဲပုပ်များသည် ပဲပုပ်အခြောက်အစေ့ထက် အရွယ်ပိုကြီးကာ ချို၍နှုးညံ့မှုရှိသည်။ နိုင်ငံများစွာတွင် စားသုံးကြပါသည်။ ၎င်းပဲပုပ်စိမ်းတွင် လူတို့အတွက် ထူးကဲကောင်းမွန်ပြီး အာဟာရဓာတ်များ ကြွယ်ဝစွာပါရှိပါသည်။ ဗီတာမင်အေ ကြွယ်ဝစွာပါရှိပြီး ကာဘိုဟိုက်ဒြိတ်၊ ပရိုတင်း(အသားဓာတ်)နှင့် သံဓာတ်များ ကောင်းစွာပါရှိသည်။ ၎င်းသည် အခြားပဲများထက် အာဟာရဓာတ်ကြွယ်ဝပါသည်။
ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့ပို့ရန်အတွက်ပါ အလားအလာရှိသော သီးနှံတစ်ခု ဖြစ်ပါတယ်။ ပြည်ပစျေးကွက်အတွက် လိုအပ်ချက်များမှာ အစေ့အခြောက် ၁၀၀ အလေးချိန်သည် (၃၀) ဂရမ်နှင့် အထက်ရှိရမည်။ အစေ့များချက်ပြုတ်လျှင် မြန်ဆန်ရမည်။ အနည်းငယ် ချိုရပါမယ်။ ဂျပန်နှင့် ထိုင်ဝမ်ရှိကုန်တိုက်ကြီးများတွင် အအေးခံဟင်းစားပဲပုပ်များ လူကြိုက်များသည့် အနေအထားတွင်ရှိပါသည်။
ရာသီဥတုနှင့် မြေဆီလွှာလိုအပ်ချက်များ
အပူချိန်နှင့်နေ့တာပေါ်မှုတည်ပြီး ပဲပုပ်စိုက်ပျိုးမည့်အချိန်ကို သတ်မှတ်နိုင်ပါသည်။ နေ့တာတိုကာလတွင် (၁၄)နာရီနှင့်အပူချိန် ၂၀ မှ ၃၀ ဒီဂရီစင်တီဂရိတ်သည် ဟင်းစားပဲပုပ်စိုက်ရန် အသင့်တော်ဆုံး ပတ်ဝန်းကျင်အနေအထားဖြစ်ပါတယ်။ သို့သော် ဆောင်းရာသီအေးသောကာလတွင် ၎င်းပဲပုပ်ကို မစိုက်သင့်ပါ။
မြေအချဉ်အငန်ဓာတ် ၆ မှ ၆.၅ ရှိနုန်းမြေသည် ဟင်းစားပဲပုပ်စိုက်ရန် သင့်တော်ပြီး စိုက်ခင်းမြေ၌ ရေနုတ်မြောင်းကောင်းမွန်ရပါမည်။
အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းသော ဟင်းစားပဲပုပ်ရရှိရန်စိုက်ပျိုးနည်း
မြေပြုပြင်ခြင်း
ထယ်ရေးပြင်ခြင်းဖြင့်မြေသားမွလာကာ အစေ့အပင်ပေါက်ကောင်းခြင်း၊ လေဝင်လေထွက်၊ ရေစီးရေလာကောင်းစေခြင်းဖြင့် အပင်ကျန်းမာသန်စွမ်းစေပါတယ်။ ထို့အပြင် အပင်မှအာဟာရဓာတ်များ၊ အစိုဓာတ်၊ အလင်းရောင်တို့ကို ယှဉ်ပြိုင်ရယူသော ပေါင်းပင်များကိုလည်း သေစေပါတယ်။
သီးနှံအထွက်နှုန်းကောင်းရန်နှင့် မြေကြီးအာဟာရဓာတ်ကို ထိန်းထားရန် နိုက်ထရိုဂျင် ၉-၁၀ ကီလိုဂရမ်နှုန်း၊ ဖော့စ်စဖောရပ် ၂၄ ကီလိုဂရမ်နှုန်းနှင့် ပိုတက်စီယမ် ၃၂ ကီလိုဂရမ်နှုန်းဖြင့် မြေတစ်ဧကအတွက် မြေသြဇာကို ရောစပ်၍မြေခံအဖြစ် ကြဲပက်ထည့်ပေးနိုင်ပါတယ်။
မျိုးစေ့ဆေးစီရင်ခြင်းနှင့် မျိုးစေ့ချခြင်း
ပဲမျိုးတစ်မျိုးမျိုး စိုက်ပျိုးခဲ့သောမြေတွင် မျိုးစေ့များကို ရိုင်ဇိုဘီယမ်မြေသြဇာဖြင့် လူးနယ်ပေးရန်မလိုပါ။ သို့သော် စိုက်ခင်းအသစ်ဖြစ်ပါက ပဲပုပ်စေ့ တစ်ကီလိုဂရမ်လျှင် ၎င်းမြေသြဇာ ၁၀၀ နှုန်းဖြင့် လူးနယ်ပေးရပါမယ်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ပဲပင်အမြစ်ဖုများတိုးပွားလာပြီး နိုက်ထရိုဂျင်စုပ်ယူခြင်း ပိုမိုဖြစ်စေပါတယ်။ ထို့ပြင် မြေဆောင်မှိုရောဂါများကိုကာကွယ်နိုင်ရန် သို့မဟုတ် သီရမ်မှိုသတ်ဆေးဖြင့်လည်း မျိုးစေ့များကို ဆေးစီရင်ပေးနိုင်ပါသည်။
စိုက်တန်းတစ်တန်းနှင့် တစ်တန်းအကြား တစ်ပေခွဲခြားပြီး မျိုးစေ့အရွယ်နှင့် စိုက်သောရာသီပေါ်မှုတည်၍ နှစ်လက်မ - လေးလက်မ ကွာခြား၍စိုက်နိုင်ပါသည်။ စိုက်ကျင်းတစ်ကျင်းလျှင် နှစ်စေ့ သုံးစေ့ ထည့်စိုက်ပါ။
မြေသြဇာကျွေးခြင်း
ပထမအကြိမ် မြေသြဇာကိုတစ်ဧကလျှင် နိုက်ဂရိုဂျင် ၉ ကီလိုဂရမ်နှင့် ပိုတက် ၁၀ ကီလိုဂရမ်နှုန်း ပန်းပွင့်ချိန်၌ ထည့်ပေးခြင်းဖြင့် အသီးတောင့်များစွာတင်စေပါသည်။
ရေသွင်းခြင်း
အသီးတောင့်များရစေရန် စိုက်ပျိုးရာသီတစ်လျှောက် မြေအစိုဓာတ်သင့်တင့်စွာရရှိရန် အရေးကြီးပါတယ်။ မြေကြီးအစိုဓာတ်၊ ရာသီဥတုအနေအထားအရ ၁၀ ရက် နှင့် ၁၅ ရက်ခြား တစ်ကြိမ်အသီးတောင့်များကြီးလာသည့် အချိန်ထိရေပေးရပါမည်။ အထူးသဖြင့် ပန်းပွင့်ချိန်နှင့် အစေ့အဆန်ဖြည့်ချိန်ကို အဓိကထား၍ အပင်ရေရရှိရန်လိုအပ်ပါတယ်။
ရိတ်သိမ်းခြင်း
အသီးတောင့် ၈၀ ရာခိုင်နှုန်းရင့်မှည့်လာပါက ရိတ်သိမ်းနိုင်ပါသည်။ ရာသီဥတုအခြေအနေ၊ အပူချိန်နှင့် မိုးပေါ်မှုတည်ပြီး အသီးတောင့်အစိမ်းအဖြစ် ဆွတ်ခူးရန်၊ အစေ့အပင်ပေါက်ညီမှသာ ၆၅ ရက်မှ ၇၅ ရက်ခန်တွင် ရိတ်သိမ်းနိုင်ပါသည်။
ထိုင်ဝမ်နိုင်ငံတွင် အသီးအစိမ်းရောင်မပျက်ဘဲ လတ်လတ်ဆတ်ဆတ်ရှိနေရန် ညသန်းခေါင်ယံအချိန် နှင်းကျ၍ အအေးဓာတ်ရှိနေချိန်၌ အများအားဖြင့် ဆွတ်ခူးလေ့ရှိပါသည်။ နေ့အချိန် ရိတ်သိမ်းပါက အပင်များကို အရိပ်အောက် ထားရန်လိုအပ်ပါမည်။
လင်းလင်းထွန်း
Ref; သီးနှံစိုက်ပျိုးနည်းစနစ်များ
Continue reading related topics, questions and articles.
Topic 1
ပဲပုပ်စိုက်ပျိုးနည်း
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from လင်းလင်းထွန်း
See all