ဒူးရင်းသြဇာဆိုတာ ဘာလဲ၊ ဘယ်လိုစိုက်မလဲ
ဆေးဖက်ဝင်မှုတွေကြောင့် “နတ်သြဇာ” လို့လည်း နာမည်ကြီးတဲ့ အသီးလေးကတော့ ဒူးရင်းသြဇာပါရှင်။ ရှားပါးပြီး ဆေးဖက်ဝင်တဲ့ အသီးလို့ သိကြပါတယ်။ဒူးရင်းသီးလို ပုံစံ ခပ်ဆင်ဆင်ရှိပြီး အထဲမှာတော့ သြဇာသီးလို အနှစ်လေးတွေနဲ့ပါ။
ဒီတော့ ဒူးရင်းသြဇာဆိုတာ ဘယ်လိုလဲ ကြည့်လိုက်ရအောင်နော်။

အင်္ဂလိပ်နာမည် - Soursop
သိပ္ပံနာမည်- Annona muricata
အပူပိုင်းဒေသမျိုးရင်းဖြစ်ပြီး ရွက်ပြန့်ပုံစံရှိတဲ့ သစ်မာပင်အမျိုးအစားပါ။ ပေ ၃၀ ကျော်အထိ မြင့်နိုင်ပြီး အကြီးမြန်တဲ့ အပင်တစ်မျိုးလည်း ဟုတ်ပါတယ်။ သူ့စိတ်ကြိုက် အခြေအနေမှာဆိုရင်တော့ ၃-၅ နှစ်အတွင်း အသီးသီးနိုင်ပါတယ်။
အသီးအရသာက အချဉ်ဆိုပေမယ့် စတော်ဘယ်ရီရဲ့ အချိုဓာတ်မျိုး၊ သရက်ရဲ့ အချိုဓာတ်မျိုး ၊ သြဇာသီးရဲ့ အသားမျိုး၊ ပန်းသီးရဲ့ အသားမျက်နှာပြင်မျိုးတွေ ပေါင်းစပ်ထားတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။
အသီးရဲ့ အသားတွေကို ခြစ်ယူလိုက်တဲ့အခါ ရေခဲမုန့်လို ပုံစံမျိုးတွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီအသီးကို ကြိတ်စက်နဲ့ကြိတ်ပြီး smothies( အသီးခပ်ပျစ်ပျစ် ဖျော်ရည်)၊ ရေခဲမုန့် စတဲ့ပုံစံမျိုး ပြုလုပ်စားသုံးမယ်ဆိုရင်လည်း အကောင်းဆုံးအရသာကို ခံစားရမှာပါ။
သြဇာသီးစားသလို စားလို့လည်းရပါသေးတယ်။ အချဉ်မကြိုက်တတ်ရင်တော့ သကြားလေးနဲ့ ဖျော်ရည် ၊ရေခဲမုန့် လုပ်စားပေါ့။
သူ့မှာ ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ အခြား အကျိုးပြု ပစ္စည်းတွေလည်း အများကြီးပါဝင်ပါတယ်။
ဒီအပင်က မြန်မြန်ကြီးတဲ့မျိုးဖြစ်လို့ ၃ နှစ်မှ ၅ နှစ်အတွင်းမှာ ပထမဆုံးအသီးကို စခူးနိုင်ပါပြီ။ ပုံမှန်အားဖြင့် အစေ့မှတစ်ဆင့်မျိုးပွားကြပြီး အမျှင်မပါမျိုးတွေကိုတော့ ကိုင်းကူးကိုင်းဆက်နည်းတွေနဲ့ ပွားယူရပါတယ်။
မြေချဉ်ငံကိန်း ၅ မှ ၆.၅ အတွင်းရေဆင်းကောင်းတဲ့မြေတွေကို ကြိုက်ကြပြီး အပူပိုင်းဒေသတွေမှာဆိုရင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ မြင့်တဲ့ နေရာတွေမှာပါ ပေါက်ရောက်ရှင်သန်ကြပါတယ်။
ပြုစုနည်း
အပူပိုင်းဒေသမျိုးဖြစ်လို့ ပူနွေးစွတ်စိုတဲ့ ရာသီဥတုမျိုးကိုကြိုက်ပါတယ်။ အေးတဲ့ဒေသဖြစ်မယ်ဆို green house ထဲမှာစိုက်ပြီး ပူနွေးစွတ်စိုအောင်ဖန်တီးပေးရပါမယ်ရှင်။ အိုးနဲ့ထည့်စိုက်မယ်ဆို ကိုင်းချိုင်တာမျိုးလုပ်ပြီး အပင် သိပ်မကြီးအောင်ထိန်းပေးရပါမယ်။
သတိပြုရမယ့် အချက်ကတော့
- ၃၂ ဒီဂရီစင်တီဂရိတ်အထက် ပိုပူပြီး လေထုစိုထိုင်းဆ နည်းမယ်ဆိုရင်တော့ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ထိခိုက်နိုင်ပါတယ်။
- ၂၇ ဒီဂရီစင်တီဂရိတ်အောက် နည်းနေသော်လည်း လေထုစိုထိုင်းဆ ၈၀ ရာခိုင်နှုန်းအထက်မှာဆိုရင်တော့ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။
အာဟာရကျွေးနည်း
ပထမနှစ်မှာ N:P:K ကို ၀.၂၂ ကီလိုစီ အညီအမျှထည့်ရပါမယ်။ ၀.၂၂ ကီလိုဆိုတာ တစ်ပေါင်ရဲ့တစ်ဝက်ပါ။ မြန်မာအလေးချိန်နဲ့ဆိုရင်တော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ပိုတက်စီယမ် တစ်မျိုးဆီကိုဆီကို ၁၃ ကျပ်သားစီလောက်ပါ။ ဒုတိယနှစ်မှာ တစ်မျိုးဆီကို ၂၆ ကျပ်သားနဲ့ တတိယနှစ်မှာ တစ်မျိုးဆီကို ၃၉ ကျပ်သားအညီအမျှနဲ့ နောက်ပိုင်းနှစ်တွေမှာလည်း တတိယနှစ်အတိုင်းကျွေးသွားရမှာပါ။ တစ်နှစ်မှာ တစ်ကြိမ်ပဲကျွေးသွားရင် ရပါပြီ။
ကိုင်းချိုင်ခြင်း
အသီးတစ်ခါခူးပြီးတိုင်း ကိုင်းခြောက်ဖယ်ခြင်းကို လုပ်ဆောင်ပေးရပါတယ်။အပင်မမြင့်စေချင်ရင်တော့ ၆ ပေလောက်ရောက်တဲ့အခါ ခေါင်နှိမ်ပြီး အပင်ပုလေးအဖြစ် ကိုင်းဖြာအောင်ပြုလုပ်ပေးနိုင်ပါတယ်။
ခူးဆွတ်ခြင်း
အစိမ်းရင့်ရောင်မှ စိမ်းဝါရောင်သန်းလာပြီဆို ခူးဆွတ်နိုင်ပါပြီ။ အသီးပေါ်က ဆူးတွေလည်းပျော့လာပြီး အသီးကိုလည်း ဖိကြည့်လို့ရလာပါလိမ့်မယ်။ ခူးဆွတ်ပြီး ၄ ရက်မှ ၅ ရက်အတွင်း အသီးမှည့်တတ်ပါတယ်။
ဒီအချက်အလက်လေးတွေကိုကြည့်ပြီး ဒူးရင်းသြဇာပင်ကို ကောင်းကောင်းပြုစုနိုင်ကြပါစေရှင်။ စာရေးသူအတွေ့အကြုံအရ ပဲခူးတိုင်းလိုဒေသမျိုးတွေမှာလည်းပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ အသီးကောင်းကောင်းသီးဖို့ အသီးချောချောရဖို့ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့အချက်လေးတွေက အထောက်အကူဖြစ်စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်ရှင်။
ကိုးကား-https://bit.ly/3PIGg1d
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nay Min Aung
2 years agoပွင့်ပြီး အသီးမတင် ဖြစ်နေပါတဲ့
U Kyi Myint
3 years agoဒူးရင်သြဇာမှာပွင့်ပြီးအသီးမတင်လို့ဘယ်လိုလုပ်ရမလဲဖြေကြားပေးစေလိုပါတယ်
812984
3 years agoပျိူးပင်စျေးနုန်းသိပါရစေ။09455811589ကိုအကြောင်းပြန်ပေးစေလိုပါတယ်။
ko kyaw thein
4 years agoဟုတ်ခဲ့ပါ
လမင်းမောင်မောင်
4 years agoဒူးရင်းပင်အကြောင်းမျှဝေပေးပါအုံးလားခင်ဗျာ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သိမ့်ဇာ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....