ဆား( အငံ) နှင့် ကျန်းမာရေး
ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်နဲ့ ဆိုတဲ့စကားလိုပဲ ဆား( sodium)ဟာ ဟင်းလျာတွေကို အရသာကိုပြုလုပ်ပေးပြီး အရသာကိုထိန်းပေးပါတယ်။ ဆားကို အစားအစာတွေကြာရှည်ခံဖို့ ဘက်တီးရီးယားတွေ မပေါက်ဖွားဖို့လည်း အသုံးပြုနိုင်ပါသေးတယ်။ လူ့ခန္ဓာကိုယ်ဟာလည်း အာရုံကြောတွေအလုပ်လုပ်ဖို့၊ ကြွက်သားတွေကို ဖြေလျော့ပေးဖို့ ၊ ခန္ဓာကိုယ်ထဲက ရေနဲ့ သတ္တုဓာတ်တွေကို ဖြေလျော့ပေးဖို့လည်း လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ ဆိုဒီယမ် ၅၀၀ မီလီဂရမ်ကို ခန္ဓာကိုယ်ရဲ့ မဖြစ်မနေ လုပ်ဆောင်ချက်တွေအတွက် လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ထဲမှာ ဆားပမာဏ ( တစ်နည်းအားဖြင့် ဆိုဒီယမ် ပမာဏ) များလာတဲ့အခါ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ ရုတ်တရက် သတိလစ်ခြင်းမျိုးတွေ ဖြစ်နိုင်ပါတယ်။ နေ့စဉ် အစားအစာတွေထဲမှာ ဆိုဒီယမ်များလာခြင်းက အခြား ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ် ဆုံးရှုံးမှုကိုလည်းဖြစ်စေပါတယ်။ ကယ်ဆီယမ်ဆိုတာကတော့ အရိုးတွေသန်မာစေတာပါ။ ဒါကြောင့် အငံအစားများခြင်းကနေ ကယ်ဆီယမ်ချို့တဲ့လို့ဖြစ်တဲ့ အရိုးပွရောဂါတွေ လွယ်လွယ်နဲ့ အရိုးကျိုးတာတွေကို ဦးတည်စေပါတယ် ။ တစ်နေ့ကျ အနိစ္စသဘောတွေဟာ ရှောင်လွှဲလို့ မရဘူးဆိုပေမယ့် သတိမမူခြင်းဟာ ဒုက္ခတွေကို ပိုမိုတိုးစေတတ်လို့ သတိထားစားသုံးသင့်ပါတယ်။
ဆိုဒီယမ်များလာတဲ့အခါ….
သွေးတွင်းမှာ ဆိုဒီယမ်များလာတဲ့အမျှ လူ့ခန္ဓာကိုယ်ရဲ့ ကျောက်ကပ်က ဒုက္ခရောက်ပါတယ်။ ဆားတွေ ကိုယ့်ခန္ဓာကိုယ်ထဲမှာများလာတဲ့အခါ ခန္ဓာကိုယ်က ရေနဲ့ ဖြေလျှော့ရပါတယ်။ ဒီလို သဘာဝဖြစ်စဉ်ကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းရတဲ့ ထုထည်ပမာဏကလည်းများလာပါတယ်။ ဒီအချိန်မှာ နှလုံးကလည်း ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ပေးရပါတော့တယ်။ ကျွန်မတို့ အလုပ်မှာ အချိန်ပိုဆင်းရရင် ပင်ပန်းသလို သွေးကြောမျှင်လေးတွေကလည်း ပင်ပန်းကြပါတယ်။ ဒီလိုကနေ သွေးပေါင်ချိန်တက်တာ၊ နှလုံးရှော့ရတာ၊ ရုတ်တရက် သတိမေ့တာတွေ ဖြစ်လာကြတာပါ။ ခြုံငုံကြည့်ရရင် ဆိုဒီယမ် အစားများတာကနေ နှလုံးကျန်းမာရေး၊ ကျောက်ကပ်ကျန်းမာရေးတွေ ထိခိုက်နိုင်တာဖြစ်ပါတယ်။
ဆိုဒီယမ်တွေ ဘယ်မှာရှိတတ်သလဲ
ဆားလို့ပြောလိုက်ရင် အိမ်သုံးဆားကိုပဲ ရုတ်တရက်စဉ်းစားမိကြပါတယ်။ အိမ်သုံးဆားအပြင် အခြားပုံစံတွေအနေနဲ့လည်း ဆိုဒီယမ်တွေဟာ ကျွန်မတို့ အစားအသောက်တွေမှာ ရှိနေကြပါတယ်။ အသင့်စားအစားအစာတွေ အချိုမှုန့် (MSG) တွေမှာလည်း ဆိုဒီယမ်တွေ ပါဝင်ကြပါတယ်။ သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေမှာသာ ဆိုဒီယမ်ပါဝင်မှု မရှိသလောက်နည်းမှာဖြစ်ပါတယ်။ သို့ပေမယ့် ချက်ပြုတ်ပြင်ဆင်တဲ့အခါ ဆိုဒီယမ် ( ဆား,ဟင်းခတ်မှုန့် ) အသုံးများတယ်ဆိုရင် ဟင်းရွက်စားပေမယ့်လည်း ဆိုဒီယမ်တွေစားနေမိအုံးမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် အစားအသောက်ကို ဂရုစိုက်ခြင်းက မလိုလားအပ်တဲ့ စိတ်ဆင်းရဲစရာတွေ မလိုလားအပ်တဲ့ ကျန်းမာရေးကုန်ကျမှုတွေကို ရှောင်ရှားနိုင်ပါတယ်ရှင်။
ဆိုဒီယမ် ချို့တဲ့ခြင်း
ပုံမှန်လူတွေမှာတော့ ဆိုဒီယမ် ချို့တဲ့ခြင်းက တွေ့ရခဲပါတယ်။ ဘာလို့ဆို ကျွန်မတို့ စားနေတဲ့ အစားအစာအတော်များများမှာ ဆိုဒီယမ်တွေ ပါဝင်နေကြလို့ဖြစ်ပါတယ်။ သက်ကြီးပိုင်းလူကြီးပိုင်းတွေမှာသာ တွေ့ရတတ်ပါတယ်။ အရမ်းအန်နေတာ၊ ချွေးအရမ်းထွက်တဲ့ အခါမှာလည်း ခန္ဓာကိုယ်မှာ ဆားဓာတ် (sodium)တွေ ချို့တဲ့သွားနိုင်ပါတယ်။ ဒါကြောင့် နေမကောင်းဖြစ်ပြီး အန်ကြတဲ့အခါ ဝမ်းသွားတဲ့အခါ ဆိုဒီယမ်ဖြစ်တဲ့ ဓာတ်ဆားထုပ်တွေသောက်ကြရပါတယ်။

ဆား( ဆိုဒီယမ်) များလွန်းခြင်း
ဒီလို ဆိုဒီယမ် အဆိပ်သင့်ခြင်းကို အစားကောင်းကောင်းမစား အရည်သောက်တာနည်းတဲ့ သက်ကြီးပိုင်းတွေမှာဖြစ်တာများပါတယ်။ခန္ဓာကိုယ်မှာ ရေဓာတ်တွေ အကုန်မြန်တဲ့အခါ ခန္ဓာရဲ့ သဘာဝဖြစ်စဉ်လုပ်ဆောင်ဖို့ ရေတွေမရှိဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ဆိုဒီယမ်တွေ စုပုံလာပြီး ဦးနှောက်အထိပါ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။ အစာစားချင်စိတ်မရှိတာတွေ၊ အန်ချင်သလိုဖြစ်တာတွေ စိတ်ရှုပ်ထွေးနေတာတွေစတဲ့ လက္ခဏာတွေဟာ ဆိုဒီယမ်တွေ အစားများထားတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ နောက်ဆုံး ကျောက်ကပ်မကောင်းတာတွေအထိ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုမှာ အငံစားသုံးမှု တစ်နည်းအားဖြင့် ဆိုဒီယမ်ကို သတိမူနိုင်ရင် မဖြစ်သင့်တာတွေ မဖြစ်ဖို့ မကုန်သင့်တာတွေ မကုန်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။
ကျွန်မတို့ရဲ့ အစားအစာတွေမှာ ဆိုဒီယမ်ဟာ ဘယ်လိုပုံစံတွေနဲ့ပါဝင်နေသလဲ သိရရင် ပိုမိုဆင်ခြင်မိနိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။
ကိုးကား- https://www.hsph.harvard.edu/nutritionsource/salt-and-sodium/#:~:text=But%20too%20much%20sodium%20in,more%20than%20our%20bodies%20need.
အသေးစိတ်ကို အထက်ပါ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
ကျန်းမာရေး နယ်ပယ်မှ အသုံးအနှုန်းများ အမှားအယွင်းပါခဲ့ပါက ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ကူညီနိုင်ပါတယ်ရှင်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သိမ့်ဇာ
See all
ထိုင်းနိုင်ငံက ပြည်သူတွေခံယူထားတဲ့ ဖူလုံလုံလောက်မှုဆိုတာ..
25/02/2025
ကမ္ဘာကလေးစားအတုယူရမယ့် ထိုင်းနိုင်ငံက ဖူလုံလုံလောက်တဲ့ အမီအခိုကင်းကျေးရွာ
12/02/2025
ငွေနှင်းမှို နောက်တစ်ပွင့် ထပ်ပွင့်ဖို့ အချိန်ဘယ်လောက်ကြာသလဲ?
05/10/2023
Agroecology ဆိုတာ..
21/09/2023
စိုက်ပျိုးရေးလောကမှ ဝယ်စရာမလိုသောအရာများကို နည်းလမ်းမှန်စွာ အသုံးချခြင်း
16/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....